Knowladge

သူမရသာဖူးလေး

နိုင်ထူး တက်ကသိုလ် စတက်တော့ သူမနှင့် စပြီး ဆုံတွေ့ခွင့်ရခဲ့သည်။ သူမရဲ့ နာမည်က နှင်းပွင့်။ နာမည်နဲ့ မလိုက်အောင် အသားက ညိုသည်။ မချောပေမယ့် လှသည်။ လူပျိုခြေတက်လေး ဖြစ်သည့် နိုင်ထူး တစ်ယောက် နှင်းပွင့်ကို ခိုးခိုး ကြည့်ရသည်က အမော။ စာသင်ခန်းဟောလ်ထဲတွင် လူပေါင်းများစွာ ရှိသည့်ထဲမှ သူမကိုသာ ကြည့်မိနေသည်။ များသောအားဖြင့် သူမသည် နိုင်ထူး ထိုင်နေကျ ခုံတန်းလေးရဲ့ ဘယ်ဘက် အနောက် ခပ်ကျကျ နေရာ ခုံတန်းမှာ သူငယ်ချင်းတွေနှင့် အတူ ထိုင်တတ်သည်။ အကြည့်ချင်း ဆုံရင် ရင်ခုန်ရတာက နိုင်ထူး။ ကျောင်းတက်ရက်တွေတိုင်း သူမကို ကြည့်သည်။ အကြည့်ချင်း ဆုံနေအောင်ကို ကြည့်တာပါ။ ကျောင်းမှာ ကွင်း (အလှဘုရင်မ) မဖြစ်ပေမယ့် သူမသည်လည်း နာမည်ကြီး ကျောင်းသူ တစ်ဦးဖြစ်သည်။ လမ်းလျှောက်ရင် တုန်နေအောင် အထက်၊ အောက် လှုပ်ခါသွားသော သူမ၏ တင်ပါးတွေကိုလည်း တပ်မက်စွာ ခိုးကြည့်တတ်မြဲ။ ရင်ခုန်တတ်စအရွယ် ရူးလောက်အောင် ချစ်ပေမယ့် ဖွင့်မပြောဖြစ်ခဲ့။ ရင်းနှီးအောင်လည်း မကြိုးစားခဲ့ပေ။ သူမသည် အသိုင်းအဝိုင်းကြီးထဲက ဖြစ်ပြီး နိုင်ထူးမှာ သာမာန်မိသားစုလေးမှ ပေါက်ဖွားလာသောကြောင့် မိမိကိုယ်တိုင် အနားသို့ မချည်းကပ်ဖြစ်ခဲ့ပေ။ သို့နှင့် အချိန် တော်တော်ကြာတော့ ပြန်ကြားရတဲ့ သတင်းတွေကြောင့် အနားသို့ လုံးဝ ကပ်ရန် မကြိုးစားတော့ပေ။ ကြားရတဲ့ သတင်းက သူမသည် မျက်နှာများသည်။ ရည်းစားများသည်။ အဆိုးဆုံးက သူမ သဘောကျလျှင် ကုန်းပေးသည်တဲ့။ ကြားကြားချင်း လုံးဝ မယုံပေ။ သူမ မျက်နှာက အပြစ်ကင်းတာကိုး။

ဖြူစင်တာကိုး။ ဒါနဲ့ နီးစပ်ရာ သူမ အသိုင်းအဝိုင်း သူငယ်ချင်းတွေကို မသိမသာ စုံစမ်းတော့မှ သတင်းက သဲ့သဲ့လေး ထွက်လာသည်။ ဖြစ်နိုင်သည်ပေါ့လေ။ ဒီအရွယ်မှာ၊ အချစ်ကို စပြီး ကိုးကွယ်တဲ့ အရွယ်မှာ၊ မိန်းမတောင် တစ်ယောက်မှ မလုပ်ဖူးတဲ့ အရွယ်မှာ၊ ကိုယ် ချစ်နေတဲ့ မိန်းကလေးက ရည်းစားများသည် (တနည်း ယောကျာ်းတွေနှင့် အိပ်ဖူးသည်) ဆိုတာကို သိလိုက်ရတော့ ချစ်တဲ့စိတ် ကုန်သွားသည်။ တနည်း စိတ်ပျက်သွားသည်။ ဒါကို အချစ်လို့ ခေါ်၊ မခေါ် နိုင်ထူးတော့ မသိ။ သူများတွေ ပြောသည့် ဆိုတာလည်း သဘောမပေါက်။ သူ သိထားတာက သူနှင့် ချစ်သောသူသည် သူနှင့်သာ အရင်ဆုံး လုပ်ဖူးရမည်ပေါ့။ ဒါနဲ့ စာသင်နှစ်တွေလည်း ကုန်၊ ကျောင်းလည်းပြီး၊ ဘွဲ့လည်း ရတော့ သူမနှင့်လည်း ဝေးခဲ့သည်ပေါ့။ တခါတလေတော့ သတိရသေးသည်။ နိုင်ထူးရဲ့ ရင်ခုန်သံ အဦးဆုံးလေးကိုး။ ———— ပထမဆုံးချစ်သူ ကျောင်းပြီးသွားတော့၊ အလုပ် စဝင် လုပ်ရပြီပေါ့။ အရင်ဆုံးက ကိုယ်တတ်မြောက်ထားတဲ့ photoshop လုပ်နည်းလေးနဲ့ပဲ အသက်မွေးရတာပေါ့လေ။ ဘာလုပ်ရတာလဲဆိုရင်တော့ ကြော်ငြာဆိုင်းဘုတ်တွေ လုပ်တဲ့ ကုမ်ပဏီပေါ့။ အဲ့ဒီမှာ ကြော်ငြာချင်တဲ့ ပစ်စည်းပိုင်ရှင်တွေက လိုချင်တဲ့ အချက်အလက်တွေ ပြောပြတာကို၊ ကိုယ်က ရိုက်ထားတဲ့ ပုံကို ပြင်ပေးရတာပေါ့လေ။ ကိုယ့်လို လုပ်တဲ့သူက ၅ ယောက် ရှိတယ်။ အလုပ် စဝင်လုပ်ချင်းကတော့ ပင်ပန်းတာပေါ့လေ။ လူပင်ပန်းတာထက် စိတ်ပင်ပန်းတာက ပိုဆိုးတယ်။ သင်တန်းမှာ တတ်မြောက်ခဲ့တာနဲ့ တကယ် အလုပ်လုပ်ရာမှာ ကွဲပြားတာပေါ့။ စိတ်တွေလည်း ရှုပ်ပေါ့လေ။ ဒီကြားထဲ အချိန်မှီ ပြီးရမယ် ဆိုတဲ့ ဖိအားကလည်း ဖိထားတော့ လူကသာ ထိုင်ပြီး လုပ်ရတာ၊ စိတ်တွေက ကဆုန်ပေါက်ပြေးပဲ။ ကံကောင်းတာကတော့ ဘေးနားမှာ အတူ ထိုင်လုပ်နေတဲ့ ကောင်မလေးကြောင့်ပဲ။ သူမ နာမည်က ဝတ်ရည်။ သနပ်ခါးကို ပါးပြင် အပြည့်လိမ်းထားသည်။ ထူးခြားချက်က ဆံပင်က တင်ပါးကျော်ကျော် အထိ ရှည်သည်။ ဆံပင်အရှည်ကို အဲ့လောက် မမြတ်နိုးပေမယ့် သူမနှင့် ထိုနက်ပြောင်နေသော ဆံပင်အရှည်ကြီးက လိုက်ဖက်သည်ဟု ထင်သည်။ တခါတလေမှာ ကျစ်ဆံမြီး ကျစ်ထားတတ်ပြီး ဆံထုံးလိုမျိုး ခေါင်းမှာ ပတ်ရစ်ထားသည်။ တခါတရံကျတော့ ဆံပင်ကို အထွေးလိုက် စုပြီး ရစ်ပတ်ထားတတ်သည်။ အလုပ်လုပ်ချိန်မှာတော့ ဆံပင် စီးထားသော်လည်း အလုပ်မှ အသွားအပြန် ဆိုရင်တော့ ဆံပင်ကို ဖားလျားချထားသည်။ သူမသည် နိုင်ထူးနှင့် အသက်တူသော်လည်း၊ ကျောင်းတက်နေရင်းနှင့်ပင် ထိုအလုပ်ကို လုပ်နေသောကြောင့် ဆရာ တပိုင်း ဖြစ်နေပြီ။ သူမရဲ့ ဘေးနားမှ လှမ်းကြည့်ကာ သင်ပြပေးမှုကြောင့် အလုပ်ပိုင်းမှာ ကျွမ်းကျင်လာသည်။ ဝတ်ရည်က နိုင်ထူးကို ခေါ်တာက မောင်နိုင် တဲ့။

 

ဘယ်ကြောင့် ခေါ်လဲ မေးတော့ နင်က ငါနဲ့ ရွယ်တူပေမယ့် ငါက နင့်ဆရာမလေ ဒီတော့ ဆရာမတွေ ခေါ်သလို မောင်ဆိုပြီး တပ်ခေါ်မယ် တဲ့။ ထားပါတော့လေ။ သူမကို စတင် စိတ်ဝင်စားနေတော့သည် ဆိုတော့လည်း သည်းခံရမှာပေါ့လေ။ အလုပ်ထဲလည်း အတူတူ ဘေးနား ကပ်ထိုင်ကာ အလုပ်လုပ်ရပြီး၊ အသက်တူတွေ ဆိုတော့လည်း ငြိကြတော့တာပေါ့။ ရည်းစားဖြစ်သွားတော့လည်း သူများ စုံတွဲတွေ နည်းတူ၊ အလုပ်ပိတ်ရက်ဆို ပန်းခြံသွားပြီး ထီးလေး ကွယ်ကာ အနမ်းခြွေတာတို့၊ ရုပ်ရှင်ရုံထဲ သွားပြီး ပေါက်စီ နံပြား အီကြာကွေး မြည်းတာကတော့ လုပ်နေကျတွေပေါ့။ ရည်းစားဖြစ်ပြီး ၂ လ လောက် ကြာတော့ ဝတ်ရည်က အလုပ်ပြောင်းသွားသည်။ သူမက အဝတ်အစား အချုပ်အလုပ် ဒီဇိုင်းသင်တန်း ကို စိတ်ဝင်စားသောကြောင့် နာမည်ကြီး ဒီဇိုင်နာ မမ တစ်ယောက်ဆီမှာ တပည့်ခံကာ အလုပ်သင်အနေနဲ့ ဝင်လုပ်သည်။ နိုင်ထူးကလည်း အားပေးတာပေါ့။ ဒါပေမယ့် အလုပ်ချင်း မတူတာကြောင့် အချိန်အကြာကြီး မတွေ့ရပဲ အလုပ် ပိတ်ရက်တွေမှသာ တွေ့ဖြစ်တော့သည်။ အချစ်ပညာ သင်ကြားမှု တစ်ရက်တော့ ရုပ်ရှင်သွားကြည့်ရင်း ထုံးစံအတိုင်း ဝတ်ရည်ကို ဖက်ထားလိုက်သည်။ မြတ်နိုးတွယ်တာလာသော ဝတ်ရည်ရဲ့ ဆံပင်ရှည်ကြီးကိုလည်း နမ်းရှိုက်လိုက်သည်။ ရင်ခွင်ထဲ ဝင်မှီနေသော သူမကို ငုံ့ကြည့်လိုက်တော့ ပွင့်အာဖူးငုံနေသော နှုတ်ခမ်းတစ်စုံနှင့် ရီဝေနေသော စူးရှရှ မျက်ဝန်းတစ်စုံကို တွေ့လိုက်ရသည်။ နှုတ်ခမ်းဖူးဖူးကို ငုံပြီး စုပ်ယူနမ်းရှိုက်လိုက်သည်။ ရေငတ်နေသော လူတစ်ဦးက ရေဗူးထဲမှ ရေကို အဆုံးထိ စုပ်ယူသောက်သလို နိုင်ထူးသည် ဝတ်ရည်၏ နှုတ်ခမ်းဖူးများကို စုပ်ယူနမ်းလိုက်သည်။ အသက်ရှူသံများ မြန်လာသလို၊ လျာ အချင်းချင်း ထိမိကာ ကျီစယ်နေသည်က ပါးစပ် ၂ ခု အတွင်း ဓါးတွေ ခုတ်သည့်နှယ်။ ဘယ်မှ ညာ၊ အပေါ်မှ အောက် ယိမ်းထိုးနေသည်။ ထိုစဉ် မျက်ဝန်းလေး မှိတ်ကာ မိန်းမောနေသော ဝတ်ရည်က အနမ်းတွေကို လက်စသတ်စေပြီး နိုင်ထူးရဲ့ နားကို ကပ်ကာ တိုးတိုးလေး ပြောသည်။ “မောင်… ရုပ်ရှင်ပြီးရင် မောင် သွားချင်တဲ့ နေရာ သွားနော်… ဝတ်ရည် လိုက်မယ်..” နိုင်ထူး ကြောင်သွားသည်။ သူ့ကို မောင် ဟု ခေါ်ခြင်း ဖြစ်သည်။ ရည်းစားဖြစ်ပြီး ၂ လ ကြာတာတောင် မောင်နိုင် ဟုပင် ခေါ်နေသောကြောင့် တခါတလေ သူများ စုံတွဲတွေလို မောင် သို့မဟုတ် ကိုကို ခေါ်ခိုင်းသော်လည်း မခေါ်သော ဝတ်ရည်က ခေါ်ခြင်း ဖြစ်သည်။ ပြီးတော့ နောက်ဆက်တွဲအကြောင်းအရာက သူ့ကို ပိုပြီး ရင်ခုန်သွားစေသည်။ နိုင်ထူး သွားချင်တဲ့ နေရာကို သွားခိုင်းတာ။ ဒါဟာ မီးစိမ်းပြတာပေါ့။ ဝတ်ရည်ကို တည်းခိုခန်း ခေါ်လိုက ခေါ်နိုင်ကြောင်း၊ တနည်း သူမကို လုပ်လို့ ရပြီ ဟု အချက် ပြခြင်းပင်။ စိတ်လှုပ်ရှားစွာ ကြည်နူးစွာဖြင့်၊ “ဝတ်ရည် … ငါ့ကို မောင် လို့ ခေါ်လိုက်တာလား… နားထောင်လို့ ကောင်းလိုက်တာ… ပြန်ခေါ်ပါဦး…” “မောင်…” “ငါ အရမ်းပျော်တယ်… အဲ… မောင် အရမ်းပျော်တယ်… မောင် ခေါ်ရာ တကယ် လိုက်မှာနော်…” “အင်းပါ… နောက်တစ်ခါ မမေးနဲ့… ရှက်တယ်…” နိုင်ထူးလည်း ဝတ်ရည်ရဲ့ နဖူးကို နမ်းလိုက်ပြီး ကိုယ်လုံးလေးကို တအား ဖက်ထားကာ ရုပ်ရှင် ဆက်ကြည့်နေမိသည်။

 

အဲ့ဒီနေ့က ရုပ်ရှင်ရုံမှာ ဘာကား ကြည့်သလဲ ဆိုတာတော့ နည်းနည်း ရိပ်မိသည်။ အရင်ကဆို ဘာကား ပြလို့ ပြမှန်း ၂ ယောက်သား မသိကြဘူးလေ။ ရုပ်ရှင်ပြီးတော့ နီးစပ်ရာ တည်းခိုခန်းကို ပြေးကြတာပေါ့။ ပထမဦးဆုံးအကြိမ်မို့ ၂ ယောက်သား ရှက်နေကြသည်။ တည်းခိုခန်းကို ဝင်မယ့် အရေး၊ အရှေ့ ကနေ ခေါက်တုံ့ခေါက်ပြန် လျှောက်တာ က အကြိမ်ပေါင်း မနည်း။ နိုင်ထူးလည်း မိန်းမ လုပ်ရမယ့် အရေး အားတင်းကာ မျက်နှာနီရဲရဲ နှင့် ကောင်တာကို ဝင်မေးတော့သည်။ ကောင်တာကလည်း ကောင်မလေး ဖြစ်နေသည်။ ဝတ်ရည်ကတော့ ရှက်လို့ ခေါင်းကြီးကို ငုံ့ထားလေရဲ့။ ကောင်တာက ကောင်မလေးကို အချိန်ပိုင်း အခန်းယူချင်ကြောင်း ပြောတော့ နိုင်ထူးရဲ့ အသံတွေက တုန်နေသည်။ မှတ်ပုံတင်ကဒ် ပေးကာ ငွေချေပေးပြီး အခန်းဆီကသို့ မြန်မြန်သွားလိုက်သည်။ ကောင်တာက ကောင်မလေး အသံက ကြားချင်အောင် ကြားလိုက်သေးသည်။ အေးဆေးစွာ အနားယူနိုင်ပါစေရှင် တဲ့။ ဘယ်လိုလုပ် အေးဆေးမှာတုန်းကွယ်။ အခန်းထဲ ဝင်သည်နှင့် တံခါးကို ပိတ်ကာ လော့ခ်ချပြီး ဝတ်ရည်ကို အငမ်းမရ နမ်းတော့သည်။ နှုတ်ခမ်းကို နမ်းစုပ်နေပြီး၊ လက် ၂ ဘက်ကလည်း ဝတ်ရည်ရဲ့ ကျောကို ပွတ်လိုက်၊ ခေါင်းကို ကိုင်လိုက်၊ တင်ပါးကို ပွတ်လိုက်နှင့်၊ ဘာလုပ်လို့ လုပ်မှန်းမသိအောင် ဗျာများနေသည်။ လူပျိုလက် ဝက်မြှီး ဆိုသလိုပေါ့။ နမ်းရှိုက်နေရင်းက ၂ ယောက်သား အဝတ်အစားတွေ အပြန်အလှန် ချွတ်ကြသည်။ ခန်ဓါကိုယ်ပေါ် အဝတ် အကုန်စင်သည်နှင့်၊ နမ်းနေတာကို ခဏ ရပ်လိုက်ပြီး၊ လက်တစ်ကမ်း အကွာကို အနောက် ဆုတ်လိုက်ကာ ဝတ်ရည်ရဲ့ ကိုယ်လုံး အလှကို ကြည့်လိုက်သည်။ ရုပ်ရှင်ရုံထဲ ပန်းခြံထဲမှာ နိုင်ထူး ခဏခဏ နယ်ဆုတ် ထားသော ရင်သားကို လင်းလင်းရှင်းရှင်း မြင်ရတော့သည်။ လက်တစ်ဆုတ်စာလေး ဖြစ်သော်လည်း တင်းတင်းရင်းရင်းနှင့်၊ နို့သီးခေါင်းတွေက ပန်းနုရောင် ပြေးနေပြီး၊ ပါးစပ်နှင့် စုပ်လျှင် နှုတ်ခမ်းအသားနှင့် အပြည့်လောက်လေးပင်။ ညီမလေးကို ကြည့်တော့လည်း အမွှေးတွေက မည်းမည်း အုပ်လိုက်ကြီး ထူထပ်စွာ ပေါက်နေသည်။ ဝတ်ရည်ကလည်း နိုင်ထူးရဲ့ ငေါငေါကြီး ထောင်ထွက်နေတဲ့၊ သွေးခုန်နှုန်းအတိုင်း တဆက်ဆက် တုန်နေတဲ့ ညီလေးကို စိုက်ကြည့်နေသည်။ အနောက်မှာ ရှိနေသော ကုတင်ပေါ်ကို ဝတ်ရည်ကို တွန်းတင်လိုက်သည်။ နိုင်ထူး လုပ်သမျှကို မျက်တောင်မခတ် ကြည့်နေသော ဝတ်ရည်။ နူးနှပ်ရန်ကိုပင် မစဉ်းစားပဲ နိုင်ထူးရဲ့ ညီလေးကို ဝတ်ရည်ရဲ့ ညီမလေးထဲ ထိုးထည့်ရန် ကြိုးစားတော့သည်။ ဝတ်ရည်က ပက်လက်အနေအထားနဲ့ ပေါင်လေး ကားထားပေးကာ သူမရဲ့ ညီမလေးထဲသို့ ထိုးထည့်တော့မယ့် နိုင်ထူး ညီလေးကို ကြည့်ပြီး ပြောလိုက်တာကတော့။ “ဖြည်းဖြည်း ထည့်နော် မောင်…” နိုင်ထူးလည်း ဝတ်ရည်ကို ကြည့်ကာ ခေါင်းကို ငြိမ့်ပြလိုက်ပြီး ညီမလေးထဲသို့ ထိုးထည့်ရန် ညီလေးကို အရင်းကနေ ကိုင်လိုက်သည်။ ညီမလေးကိုလည်း ဖြဲကြည့်လိုက်တော့ အရည်တွေ ရွှဲနေသည်။

 

အပေါက်ဝကို သေချာ ရှာရသည်။ အပြင်မှာ နဖူးတွေ့ ဒူးတွေ့ တွေ့တော့ ညီလေးက ပိုပြီး တောင်လာသည်။ အဖျားကို ထိုးထည့်ကြည့်သည်။ မရ။ နည်းနည်းလေး ကျဉ်သွားသည်။ လုပ်ချင်စိတ်တွေ တအား တက်လာသည်။ ထည့်ချင်စိတ်တွေ တအား ဖြစ်လာသည်။ နောက်တစ်ခေါက် ပြန်ကြိုးစားကြည့်သည်။ မဝင်ပဲ ချော်ထွက်သွားသည်။ ညီလေးက အပေါ်ကို ချော်ထွက်သွားတော့ ညီမလေးရဲ့ ရသာဖူးကို ခလုတ်တိုက်ပြီး ဝတ်ရည် တစ်ယောက် ‘အ’ ဆိုပြီး ခပ်တိုးတိုး အော်လိုက်သည်။ နိုင်ထူးရဲ့ လုပ်ချင်စိတ်တွေက ငယ်ထိပ် တက်ဆောင့်လေပြီ။ ဒီတစ်ခေါက်တော့ ညီလေးရဲ့ အလယ်နားလောက်ထိကို သေချာကိုင်ကာ ညီမလေးထဲ ထိုးထည့်တော့သည်။ ညီမလေးရဲ့ ပန်းနုရောင် နှုတ်ခမ်းသားလေးရဲ့ ဘေးဘက်ကို နည်းနည်း ပြဲအာပြီး ညီလေးရဲ့ ကွမ်းသီးလုံးက ဝင်သွားတော့သည်။ ကွမ်းသီးလုံး အောက်ဘက်မှာ ရှိသော ညီလေးရဲ့ ရသာဖူးနေရာက ကျဉ်တက်သွားပြီး လုပ်ချင်စိတ်တွေနဲ့ ပေါင်းကာ နိုင်ထူးတစ်ယောက် မထိန်းနိုင်ပဲ အချစ်ရည်တွေ ပန်းထွက်သွားတော့သည်။ အဆုံးထိလည်း မဝင်ထားတော့ ဝတ်ရည်ရဲ့ ညီမလေး နှုတ်ခမ်းသား တဝိုက်မှာ ရွှဲနစ်သွားတော့သည်။ မြန်မြန် ပြီးသွားသော ချစ်သူကို ကြည့်ကာ၊ အားမလို အားမရ ဖြစ်ဟန် မပြပဲ ဝတ်ရည်ကတော့ ရယ်နေသည်။ နိုင်ထူးလည်း အားတုံ့အားနာ အပြုံးလေး ပြုံးကာ ဝတ်ရည်ဘေးနားကို ခဏ ဝင်လှဲလိုက်သည်။ အချစ်ရည်တွေ ထွက်သွားပေမယ့် ညီလေးက ခဏအတွင်း ပြန်ပြီး ထောင်မတ်လာသည်။ ထောင်မတ်လာသည်နှင့် တပြိုက်နက် ဝတ်ရည်ပေါ်ကို တက်ခွကာ ပြန်ထည့်ဘို့ ကြိုးစားတော့သည်။ အသက် ၂၀ ကျော်ပဲ ရှိသေးတဲ့ လူပျိုလေ။ လိင်စိတ်က ထိပ်ဆုံးရောက်နေတာပေါ့။ ဒီတစ်ခါတော့ အောင်မြင်သွားသည်။ ညီမလေးထဲကို အဝင် အထွက် လုပ်နေတဲ့ ညီလေးကို ပြန်ငုံကြည့်ပြီး ရေလည် ဖီးလ်တက်သွားသည်။ ဖုန်းကို ယူလိုက်ပြီး စက်ကန့် ၃၀ စာလောက် ဗွီဒီယို ရိုက်လိုက်ကာ ဝတ်ရည်ကို ပြန်ပြသည်။ ဝတ်ရည်လည်း အလုပ်ခံနေရင်း မိမိရဲ့ ညီမလေးထဲကို ဒီဟာကြီး ဝင်နေပါလား ဆိုတဲ့ စိတ်နဲ့ အရှိန်တက်လာကာ “မောင်ရေ ဆောင့်၊ ဆောင့်” ဟုပင် အော်နေတော့သည်။ နိုင်ထူးလည်း တဖြည်းဖြည်း နှဲ့ပြီး အသွင်းအထုတ် လုပ်နေရာမှ အားသုံးကာ အရှိန်ဖြင့် ဆောင့်တော့သည်။ ၂ ယောက်သား အကြည့်ချင်း ဆုံပြီး ရမက်ပြင်းပြင်းဖြင့် အပေးအယူ မျှကာ နိုင်ထူးရဲ့ အချစ်ရည်တွေကို ဝတ်ရည် ညီမလေးထဲကို ပန်းထည့်လိုက်သည်။ ညီမလေးထဲ တိုးဝင်လာသည့် ခပ်နွေးနွေး ရှိသော အရည်တွေကြောင့် ဝတ်ရည်လည်း တကိုယ်လုံး တုန်တက်ကာ ပြီးမြောက်သွားသည်။ ဒီအချိန် ဝတ်ရည် နဖူးပေါ်ကို ကျလာတာက နိုင်ထူးရဲ့ အနမ်း တစ်ပွင့်။ အဲ့ဒီနေ့က ၃ နာရီ အချိန်ပိုင်း အတွင်း လုပ်လိုက်၊ နားလိုက်နှင့် ၃ ခေါက် ထပ်လုပ်ဖြစ်ကြသည်။ တည်းခိုခန်းက ပြန်ထွက်တော့ ဝတ်ရည်ရဲ့ ညီမလေးနှုတ်ခမ်းသားက ကျိန်းစပ်နေကာ ဗိုက်ကလည်း အောင့်တောင့်တောင့် ဖြစ်နေသည်။ ပြီးတော့ အနီးနားက မုန့်ဟင်းခါးဆိုင်မှာ ဝင်ထိုင်စားဖြစ်ကြသည်။ ဗိုက်ကလည်း တအား ဆာလာပြီး ပုံမှန်ထက် ပိုစားဖြစ်ကြသည်။ နိုင်ထူးက ခဏ ဟု ဆိုကာ တခြားနေရာ ထွက်သွားပြီး ပြန်လာတော့ သူ့ကို ဆေးတိုက်သည်။ ဘာဆေးဆိုသည်မှာ ပြောပြရန် မလိုပေ။ ၁၂ နာရီ ခြားရင် နောက်တစ်ခါ သောက်နော်ဟုပင် မှာလိုက်သေးသည်။ အိမ်အပြန်ကို ဘက်စ်ကား စီးနေကြဖြစ်သော်လည်း နိုင်ထူးက ဒီနေ့တော့ တက်စ်စီနဲ့ ပြန်နော်ဟု ဆိုကာ အိမ်ပြန်လိုက်ပို့ပေးသည်။ ကားပေါ်မှာ တစ်ယောက်နှင့် တစ်ယောက် ဘာမှ မပြောပဲ ပုခုံးမှီထားကာ နေနေကြသည်။ ၂ ယောက်သား ပိုချစ်လာသည်ဟုလည်း ထင်လာသည်။ ကားမောင်းတဲ့ ဦးလေးကတောင် အနောက်ကြည့်မှန်ကနေ တဆင့် ကြည့်ပြီး နိုင်ထူးကို ပြုံးပြသွားသည်။

 

ဒီနေ့တော့ ပျော်ပြီလေ။ ညီလေးလည်း ကျိန်းနေပြီပေါ့။ ချစ်သူအတွက် မွေးနေ့လက်ဆောင် ဒီနေ့က ချစ်ရတဲ့ ဝတ်ရည်ရဲ့ မွေးနေ့။ သူမအတွက် ရည်စူးပြီး လုပ်ထားတဲ့ လက်ဆောင်ကလည်း လက်ထဲ ရောက်နေပြီလေ။ မနက်ပိုင်းတော့ အများနည်းတူ ရွှေတိဂုံဘုရားသွား၊ ပန်းကပ်၊ အမွှေးတိုင် ဖယောင်းတိုင်ပူဇော်၊ ဦးချ၊ သစ်စာဆို၊ နှစ်ကိုယ်တူ ကြည်နူးခဲ့တာပေါ့။ ဘုရားကအပြန်တော့ ဒင်ဆမ်း ဝင်စားဖြစ်တယ်လေ။ ကန်တော်ကြီးထဲသွားပြီး ထီးတစ်ချောင်းအောက် အတူတူ လမ်းတွေ လျှောက်ခဲ့ (ရသ သီချင်း ဖြစ်သွားပြီ…ဆောရီး)။ ဟက်ပီးဝေါလ်ထဲ ဝင်ပြီး ဆော့ကြတာတော့ အတော် ပျော်စရာ ကောင်းခဲ့တယ်။ ရေပြင်ကျယ်ကြီးထဲ ဘဲလှေလေး စီးရတာလည်း ၂ ယောက်ထဲ တခြားကမ်ဘာလေးထဲ ရောက်သွားသလို စကားတွေ ဖောင်ဖွဲ့လို့ပေါ့။ ပြီးတော့လည်း ထုံးစံအတိုင်း ဟော်တယ်ကို သွားကြတာပေါ့လေ။ အခန်းထဲရောက်တော့ တစ်ယောက်ကို တစ်ယောက် အရည်လဲ့လဲ့ မျက်ဝန်းတွေနဲ့ ကြည့်ပြီး အနမ်းတွေ ခြွေကြတာပေါ့။ ဝတ်ရည်ရဲ့ ပုခုံးကို ကိုင်ပြီး နဖူးလေးကို ဖွဖွနမ်းကာ ပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ပါစေ ချစ်သူ လို့ ပြောလိုက်ရတာလည်း နှလုံးပီတိ ဂွမ်းဆီထိသလိုပဲ ကြည်နူးလိုက်တာ။ ဝတ်ရည်ကို ကလေးလေးတစ်ယောက်လို ပွေ့ချီလိုက်ပြီး ကုတင်ပေါ်ကို တင်လိုက်သည်။ သူမရဲ့ ကားနေတဲ့ ပေါင်ကြားလေးထဲကို နေရာ ဝင်ယူလိုက်ပြီး လျာပြားကြီးနှင့် ညီမလေးကို ယက်တော့သည်။ အရင်တုန်းကတော့ ညီမလေးနှင့် ညီလေး ထိုးထည့်ဘို့သာ အာရုံရပေမယ့် လုပ်သက်ရင့်လာတာနှင့်အမျှ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် ကောင်းဘို့ လုပ်လာကြသည်။ လျာပြားကြီးနှင့် ယက်လိုက်၊ လျာချွန်နှင့် အခေါင်းပေါက်ထဲ ထိုးထည့်လိုက်၊ အစေ့ကို ကလိလိုက်နှင့် ဝတ်ရည်ရဲ့ ကာမစိတ်ကို အဆုံးထိရောက်အောင် ပို့ပေးနေသည်။ ခဏကြာတော့ ဝတ်ရည် တကိုယ်လုံး တုန်တက်လာကာ တစ်ချီပြီးသွားသည်။ ဒီတော့မှ နိုင်ထူးကို ကုတင်ပေါ်မှာ လှဲစေကာ သူမက တဖန် နိုင်ထူးရဲ့ ညီလေးကို ပါးစပ်ထဲ ငုံထည့်ကာ စုပ်တော့သည်။ ထိပ်ဖူးမှ သည် အရင်းဆီသို့၊ တခါ အရင်းကနေ ထိပ်ဖျားဆီသို့၊ အားပြင်းပြင်းဖြင့် အငမ်းမရ စုပ်သည်။ စုပ်နေရင်းမှ ပါးစပ်ထဲကနေ ပြွှတ်ကနဲ မြည်အောင် ညီလေးကို ဆွဲထုတ်လိုက်ပြီး လျာနှင့် ညီလေးတလျှောက်ကို ယက်သွားသည်။ ဥ နားရောက်တော့ ဥကို ငုံပြီး ဖြည်းဖြည်းလေး စုပ်သည်။ ဥ ကို စုပ်နေရင်းနှင့် လက်တစ်ဘက်က ညီလေးကို ကိုင်ကာ ကွင်းထုပေးသည်။ ပြီးတော့ ညီလေးရဲ့ ကွမ်းသီးလုံးနေရာကိုပဲ ငုံပြီး ခဲထားသည်။ လျာဖျားဖြင့် ညီလေးအပေါက်လေးထဲ ထိုးထိုးထည့်ကာ ကစားသည်။ နိုင်ထူးရဲ့ ညီလေးက ၁၀၀% တင်းမတ်လာတဲ့ အခါမှာတော့ ဝတ်ရည်သည် ကုန်းထလာကာ နိုင်ထူးရဲ့ နှုတ်ခမ်းကို ငုံစုပ်ပြီး နမ်းကာ လက်တစ်ဘက်ကလည်း ညီလေးကို ကိုင်ပြီး သူမရဲ့ ညီမလေးထဲသို့ ဖြည်းဖြည်းချင်း တစ်ရစ်ချင်း ထိုးထည့်တော့သည်။ ထိုးထည့်လိုက်တိုင်း၊ ပြန်ထုတ်လိုက်တိုင်း မျက်လုံးလေး မှေးစင်းသွားကာ အ ဆိုပြီး အော်နေတဲ့ ဝတ်ရည်က အရမ်းချစ်ဘို့ ကောင်းသည်။ ဝတ်ရည်ကတော့ သူမ အပေါ်မှာ နေပြီး လုပ်ရတာကို ကြိုက်သည်ဟု ပြောသည်။ သူမ လိုချင်တဲ့ အရှိန်၊ လိုချင်တဲ့ နေရာကို ချိန်ဆနိုင်တော့ သူမအတွက် ပိုကောင်းသည်။ အပေါ်ကနေ ကိုယ်ချင်းပူးပြီး လှိမ့်လှိမ့် ဆောင့်ချနေရာကနေ တဖြည်းဖြည်း အရှိန်တက်လာကာ ကိုယ်ကို မတ်မတ်ထားပြီး ဒေါင်လိုက် တဘုန်းဘုန်း မြည်အောင် ဆောင့်ချရန် ကိုယ်အနေအထားကို ပြင်လိုက်သည်။ ဝတ်ရည်ကို ခဏလေး ဟု ပြောကာ အိတ်ထဲမှ သူမအတွက် တစုံတရာကို ဆွဲထုတ်လိုက်သည်။ ဟုတ်သည်။ အရင်ကဆို အကာအကွယ် မပါပဲ ဖီးလ်တွေ တက်တဲ့ အထိ လုပ်ပြီးမှ ကွန်ဒုံးကို စွပ်ကာ အပြီးထိ တက်လှမ်းသည်။ အခုလည်း ကွန်ဒုံးလို့ သူမ ထင်မည်ပင် ဖြစ်သည်။ နိုင်ထူး လက်ထဲမှာ ပါလာတာကတော့ ဆွဲကြိုးလေးပါ။

 

သူမက အံသြပြီး ဝမ်းသာတဲ့ ပီတိတွေနဲ့ ကြည့်နေသည်။ “မောင်….ဝတ်ရည်အတွက်လား…” “ဟုတ်တယ်….ဝတ်ရည်….မွေးနေ့လက်ဆောင်ပေါ့….” “ဒါ့ကြောင့် မောင် အခုတလော ကပ်စီးကုတ်နေပါတယ်လို့တော့ ထင်သား…” “ကြိုက်လား…ဝတ်ရည်..” “ကြိုက်တယ်….ဒါပေမယ့် ဆွဲကြိုးက အရှည်ကြီးပဲနော်…” “အင်း…လည်ပင်းမှာ ဆွဲဘို့ မဟုတ်ဘူးလေ…” “ဟင်…ဘယ်မှာဆွဲရမှာလဲ…မောင့်စကားက အဆန်းကြီးပါလား..ဆွဲကြိုးပဲ လည်ပင်းမှာ ဆွဲရမှာပေါ့…” “ခဏလေး…မောင် ဆွဲပေးမယ်…” ညီလေးနှင့် ညီမလေးက တပ်ရက်သားကြီးနေရာမှ နိုင်ထူးက ကုန်းထလိုက်ပြီး ဆွဲကြိုးကို ဝတ်ရည်ရဲ့ ခါးမှာ ပတ်ပေးလိုက်သည်။ ဝတ်ရည်က ပိုပြီး အံ့အားသင့်သွားသည်။ “မောင်ရယ်…ကြံကြံဖန်ဖန်….ခါးမှာ ဆွဲကြိုးကို ပတ်ပေးရတယ်လို့….” “ဟီး…မောင်…ဟိုးအရင် ဆယ်ကျော်သက်တုန်းက ကြည့်ဖူးတဲ့ ကားထဲမှာ မင်းသမီးက အဲ့လို ဆွဲကြိုးလေးကို ခါးမှာ ပတ်ပြီး လုပ်တာ…မောင် ကြည့်နေရင်းနဲ့ တအား ရင်ခုန်တာ…အဲ့မြင်ကွင်းလေးကို တအား ကြိုက်တယ်…ခု ဝတ်ရည်ကို အဲ့လိုလေး ဆွဲပေးပြီး လုပ်ချင်လို့…” “သြော်…မောင်က အကြံနဲ့ပေါ့လေ…ဘယ်လိုလဲ ဝတ်ရည် ဆွဲထားတာ မောင့်အတွက် စွဲဆောင်မှု ရှိရဲ့လား…” “ရှိတယ်..ဝတ်ရည်…ဝတ်ရည်ရဲ့ ဖားလျားချထားတဲ့ ဆံပင်အရှည်ကြီးရယ်…ရင်ဘတ်မှာ တွဲလောင်းလေး ခိုနေတဲ့ နို့ လုံးလုံးလေးတွေရယ်…ပြီးတော့ ခါးမှာ ချည်ထားတဲ့ ကြိုးလေးရယ်က ဝတ်ရည် ဆောင့်ချလိုက်တိုင်း ခုန်နေမှာလေ…အရမ်း လှတယ်…” “မောင်ရယ်.. ပြောတတ်လိုက်တာ… ဝတ်ရည် အရည်တွေ ထပ်ထွက်လာပြီ…မြန်မြန် လုပ်တော့မယ်နော်…” “ခဏလေး…စွပ်လိုက်ဦးမယ်လေ…” “ရတယ်…မောင်…နောက် ၃ – ၄ ရက်ဆို လာတော့မှာ… ဒီနေ့ မောင် ငှက်ပျောသီးကို အခွံခွာ စားရုံပဲ…ခိခိ” “ဟင်….မောင်က စားရမှာလား…” “ခိခိ…မဟုတ်ပါဘူး…ဒီက ဝတ်ရည်က စားမှာပါတဲ့တော်…” စကားပြောနေရင်းနှင့် နှဲ့ကာ နှဲ့ကာ လုပ်နေသော ဝတ်ရည်က ကိုယ်ကို မတ်ပြီး ဆောင့်ဆောင့်ချတော့သည်။ သူမရဲ့ ဆံနွယ်လေးရော၊ သူမရဲ့ နို့လေးတွေရော၊ ခါးမှာ ပတ်ထားတဲ့ ဆွဲကြိုးလေးရောဟာ သူမဆောင့်ချလိုက်တာ ခုန်ခုန်တက်သွားတာလေးက စည်းချက် ညီလွန်းသည်။ နိုင်ထူးကို ကြည့်နေရာကနေ မျက်လုံးလေးက စင်းလာပြီး မှိတ်သွားကာ အံကို ကြိတ်ပြီး ဆောင့်ချက်တွေကလည်း ပြင်းလာသည်။ မြန်လာသည်။ အသံရှူသံတွေလည်း ပြင်းလာသလို၊ ညီးတွားသံကလည်း ကျယ်လာသည်။ အား ပြီးပြီ မောင် … ဝတ်ရည် ပြီးပြီ ဆိုပြီး အကျယ်ကြီး အော်ကာ ဝတ်ရည် တစ်ချီ ပြီးသွားပြန်သည်။ နိုင်ထူးရဲ့ ကိုယ်ပေါ်ကို ဝတ်ရည်ရဲ့ ကိုယ်လုံးက ပြိုလဲကျလာကာ နိုင်ထူးကို တအား ဖက်ထားသည်။ ဖက်နေရင်းနှင့်ပင် တစ်ချက် တစ်ချက် တုန်တုန်တက်သွားသေးသည်။ ညီလေးနှင့် ညီမလေးကတော့ တပ်ရက်သား။ နိုင်ထူးလည်း မပြီးသေးဘူးလေ။ ဒီတခေါက်ကတော့ နိုင်ထူး တာဝန်ယူရမယ့် အချိန် ရောက်ပြီ။ ကိုယ်ပေါ်ကို လာလှဲနေသော ဝတ်ရည်ကို ဘေးသို့ အသာဖယ်ပြီး ကုန်းကုန်းလေး ဖြစ်နေတဲ့ သူမရဲ့ အနောက်ကို နေရာယူလိုက်သည်။ ကုန်းကုန်းကြီး ဖြစ်နေသော သူမ၏ ကားကားကြီး ဖြစ်နေသော ဖင်တုံးကြီးကြားမှာ ဖောင်းဖောင်းကြီး ဖြစ်နေသော ညီမလေးက အရည်တွေရွှဲပြီး ကြည်လဲ့နေသည်။ ဝတ်ရည်ရဲ့ ခါးကို ကိုင်ပြီး ဗိုက်ကို ကုတင်နဲ့ ကပ်အောင် လုပ်ပြီးမှ တင်ပဆုံကို ထောင်ခိုင်းလိုက်သည်။ ခါးနေရာမှာ နည်းနည်းလေး လွတ်သွားတဲ့ နေရာကို ခေါင်းအုံးယူပြီး ခံလိုက်သည်။ ပုံစံအနေအထားအရ ဝတ်ရည်သည် အားစိုက်ပြီး ဖင်ကုန်းစရာ မလိုတော့။ ခေါင်းအုံး ကို အားပြုပြီး လှဲနေကာ တင်ပဆုံးကြီး ကားထွက်နေအောင် ထောင်ထားပေးရုံပင်။ ကားကားကြီး အနောက်ကို ထွက်နေတဲ့ တင်ပဆုံးကို ခါးသိမ်သိမ်လေး နေရာကနေ ကိုင်ကာ အရည်တွေရွှဲနေတဲ့ ညီမလေးထဲကို ညီလေးနဲ့ တေ့ထားလိုက်သည်။ ပြီးမှ ခါးသိမ်ကို ဆွဲဆွဲ ယူလိုက်တော့ ထောင်မတ်နေတဲ့ ညီလေးက ညီမလေးထဲကို နစ်ကနဲ နစ်ကနဲ ဝင်သွားသည်။

 

တစ်ချက်ချင်း၊ ဖြည်းဖြည်းချင်း ဆောင့်သည်။ ၂ ချီဆက် ပြီးသွားလို့ နားနေသည့် ဝတ်ရည်ဆီကနေ ညီးတွားသံတွေ တိုးတိုးလေး ပြန်ထွက်လာသည်။ ဆံပင်အရှည်ကြီးက လည်ပင်းကုတ် (ဂုတ်) နေရာကနေ တစ်ဘက်တစ်ချက်ဆီသို့ ကျနေသောကြောင့် ကျော့ရှင်းကာ ဝင်းနေသည့် ကျောပြင်ကနေ တဆင့် မိမိ လက်နှစ်ဘက်နှင့် ဆုတ်ကိုင်ထားသော ခါးသိမ်သိမ်လေးကို ကြည့်လိုက်သည်။ မိမိရဲ့ ဆောင့်ချက်တိုင်း တင်ပါးလေးတွေက တုန်တုန်သွားသလို ခါးမှာ ချည်ထားတဲ့ ဆွဲကြိုးလေးကလည်း လှုပ်ခါသွားသည်။ အရှိန် ကို မြှင့်လိုက်သည်။ ဆောင့်ချက်တွေ ကြမ်းလာသည်။ ဝတ်ရည်ရဲ့ လက်၂ဘက်ကို ဆွဲယူလိုက်ပြီး ပုခုံးကို လှမ်းကိုင်ကာ အဲ့ဒီကနေ တဆင့် ဝတ်ရည်ရဲ့ ဆံပင်အရှည်ကြီးကို စုချည်ကာ ဆုတ်ကိုင်လိုက်သည်။ ဆံပင်အရှည်ကြီးကို ခေါင်းနားကနေ ကပ်ပြီး စုချည်လိုက်လို့ ဝတ်ရည်လည်း မနာတော့။ နိုင်ထူးက ဘယ်လက်ဖြင့် ဝတ်ရည်ရဲ့ ဆံပင်တွေကို စုကိုင်ထားပြီး ညာလက်ဖြင့် ဝတ်ရည်ရဲ့ ဖြူဖွေးနေတဲ့ တင်ပါးတွေကို ရိုက်တော့သည်။ ဝတ်ရည်လည်း လှဲနေရာမှ လေးဘက်ထောက် အနေအထား ဖြစ်ကာ ကိုယ်တိုင်ကိုယ်ကျ ဆောင့်ဆောင့်ချတော့သည်။ ဆောင့်ချက်များ ကြမ်းလာသည်နှင့်အတူ အော်သံများလည်း ဆူညံလာသည်။ နိုင်ထူးလည်း အရှိန်တက်လာကာ ဝတ်ရည်ရဲ့ ဆံပင်တွေကို မဆွဲတော့ပဲ တင်ပဆုံကိုသာ ကိုင်ပြီး အားမာန်အပြည့်နှင့် တဒိုင်းဒိုင်း တဘုန်းဘုန်း ဆောင့်ချကာ ဝတ်ရည်ရဲ့ ညီမလေးထဲကို အရည်တွေ ပန်းထည့်လိုက်တော့သည်။ ဝတ်ရည်လည်း တဆက်ဆက် တုန်ကာ ညီမလေးအထဲမှာ နွေးနေအောင် ခံစားလိုက်ရသည်။ အိမ်မပြန်ခင်အထိ နောက် ၁ နာရီလောက် ဆက်ဝုန်းလိုက်သေးသည်။ အဝတ်အစားတွေ ပြန်ဝတ်တော့ ဝတ်ရည်ရဲ့ တင်သား ဖြူဖြူဖွေးဖွေးတွေဟာ နီရဲတွတ်နေတော့တာပေါ့။ အပြန်ကျတော့ ထုံးစံအတိုင်း နှဖူးကို နမ်းကာ အရမ်းချစ်သည်ဟု ပြောဖြစ်သည်။ မမြင်နိုင်သော ကံတရား နိုင်ထူးလည်း ဝတ်ရည်မရှိတဲ့ အလုပ်မှာ ကြာကြာမလုပ်ချင်တော့။ တက်လမ်းအတွက် အရင်ဆုံး အင်္ဂလိပ်စကားပြောသင်တန်း တက်ရန် စီစဉ်တော့သည်။ ပြီးရင် သူများတကာ သွားနေကျ အိမ်နီးနားချင်းနိုင်ငံ ကို သွားကာ အလုပ်လုပ်မည်ပေါ့။ အလုပ်ပိတ်ရက်မှာ သင်တန်းတက်ရန် စုံစမ်းတော့သည်။ ဝတ်ရည်ကလည်း အားပေးသည်။ သင်တန်း တက်တော့ ရင်ခုန်သံက တဖန် နိုးထလာသည်။ ဟုတ်သည်။ သူမနှင့် ပြန်တွေ့ခြင်း ဖြစ်သည်။ နှင်းပွင့် ပေါ့။ သင်တန်းတစ်ခုလုံးတွင် သိကျွမ်းဖူးသူ သူ ၂ ယောက် ပိုပြီး ရင်းနှီးသွားသည်မှာ ဆန်းသည်ဟု မထင်ပါ။

 

အရင်တုန်းက ရည်းစားများသည်ဟု နာမည်ကြီးသော နှင်းပွင့်သည် အခုချိန်မှာတော့ ယောက်ျားလေး သူငယ်ချင်း သိပ်မရှိပေ။ နိုင်ထူးနှင့်သာ သွားအတူ၊ လာအတူ၊ စားအတူ ဖြစ်နေသည်။ သူမရဲ့ မိဘတွေ အလိုကျ စင်္ကာပူတွင် အလုပ် သွားလုပ်ရန် ပြင်ဆင်နေသည်ဟု ပြောသည်။ မိဘတွေရဲ့ မိတ်ဆွေ ကုမ်ပဏီ ဟု ပြောသည်။ နိုင်ထူးက အခါအခွင့် သင့်ရင် မိမိပါ ဝင်လုပ်ချင်ကြောင်း ပြောတော့ အချိန် ခဏတော့ စောင့်ပေးရန်နှင့် သူမ အရင်သွားနှင့်ပြီး အခြေကျမှ ပြောပေးမည် ဖြစ်ကြောင်း ပြန်ပြောပြသည်။ လောလောဆယ်တော့ နိုင်ထူးအနေနှင့် လုပ်လက်စ အလုပ်ကိုသာ ဆက်လက် လုပ်ကိုင်ပြီး နှင်းပွင့်ဆီက သတင်းကိုသာ စောင့်နေတော့သည်။ နှင်းပွင့်နှင့် ရင်းနှီးလာသည်နှင့်အမျှ ဝတ်ရည်အကြောင်းကိုလည်း ပြောပြဖြစ်သည်။ နှင်းပွင့်ကတော့ အေးအေးဆေးဆေး နေချင်သောကြောင့် ရည်းစားမထားဖြစ်တော့ကြောင်း ပြောသည်။ ပိတ်ရက်တွေဆို အင်္ဂလိပ်စာသင်တန်းကို နှင်းပွင့်နှင့် အတူသွားတက်ပြီး ပြန်ချိန်မှာတော့ ဝတ်ရည်ဆီ သွားကာ ချိန်းတွေ့ကြသည်။ တခါတရံ ဝတ်ရည်က သင်တန်းကို လိုက်လာရင် နှင်းပွင့်နှင့် တွေ့ဆုံကာ မုန့်အတူ သွားစားတတ်ကြသည်။ ၃ လ လောက် ကြာတော့ နှင်းပွင့်က စင်္ကာပူနိုင်ငံဆီ အရင်သွားနှင့်ကာ အလုပ် သွားလုပ်တော့သည်။ နိုင်ထူးကို စိတ်မပူရန်နှင့် ပြောပေးမည် ဖြစ်ကြောင်း ပြောသည်။ ဒီလိုနှင့် နှင်းပွင့်ထွက်သွားပြီး သိပ်မကြာခင် နိုင်ထူးအတွက် အလုပ်ခေါ်စာ ရောက်လာသည်။ နှင်းပွင့် ကူညီပေးခြင်းပင် ဖြစ်သည်။ သူမ နှင့် အတူ အလုပ် လုပ်ရမည်။ ထိုအလုပ်တွင် နိုင်ထူးနှင့် နှင်းပွင့် ၂ ယောက်သာ မြန်မာနိုင်ငံမှ ဖြစ်သည်။ ပျော်သည်လေ။ ရည်းစားဦး ရှိနေသော်လည်း အချစ်ဦး (ရင်ခုန်သံ အဦးဆုံး) နှင့် အချိန်များများ အတူရှိမည် ဖြစ်သောကြောင့်ပင်။ စင်္ကာပူကို မထွက်ခွာခင် နိုင်ထူးနှင့် ဝတ်ရည်တို့ ချိန်းတွေ့ကြသည်။ နိုင်ထူးက အလုပ်ထွက်လိုက်ပြီ ဖြစ်ပေမယ့် ဝတ်ရည်ကတော့ အလုပ်ကနေ ၂ ရက် ခွင့်ယူကာ ဟော်တယ်မှာပဲ အတိုးချ ချစ်ပွဲဆင်တော့သည်။ လေယာဉ်ကွင်းမှာ နှုတ်ဆက်တော့ ဝတ်ရည်က မျက်ရည်ဝဲကာ ပြောသည်။ မောင် ကျန်းမာရေး ဂရုစိုက်နော် တဲ့။ ———— နွေမှာ ကျတဲ့ နှင်း နှင်းပွင့်နှင့် အလုပ် အတူ လုပ်ရတော့ အချိန်တိုင်း သူမနှင့် အနေများလာသည်။ ရုံးတစ်ခုထဲတွင် မိမိတို့ ၂ ယောက်သာ မြန်မာဆိုသည့် စိတ်က သူတို့ ၂ ယောက်ကို ပိုရင်းနှီးစေသည်။ နှင်းပွင့်ကတော့ ဘယ်လိုသဘောထားသည် မသိပေမယ့် နိုင်ထူး စိတ်ထဲမှာတော့ နှင်းပွင့်ကို အကြိမ်ကြိမ် ပစ်မှားနေမိသည်။ စိတ်ကူးနဲ့ ရူးတာပဲလေ၊ ဘယ်သူမှ ဘာမှ ထိခိုက်တာမှ မဟုတ်တာ။ ဝတ်ရည်နှင့်ကလည်း ညဘက်တွေဆိုလျှင် အမြဲ စကားပြောဖြစ်သည်။ ပွင့်လင်းပြီးသား ရည်းစားတွေ အဘို့တော့  အမြဲ ပြောဖြစ်သည်။ ဟိုဘက် ဒီဘက် အပြန်အလှန် ပြရင်းပေါ့လေ။ အစိုးရ အလုပ်ပိတ်ရက်ရှည် နှင့် ခွင့်ယူရက် ပေါင်းပြီး ရက်ရှည်ရရင်တော့ မြန်မာနိုင်ငံကို ပြန်ကာ ဝတ်ရည်နှင့် တွေ့ဆုံပျော်မြူးဖြစ်သည်။ အလုပ်ပြန်တက်ရင် နှင်းပွင့်က နိုင်ထူးကို ပန်ဒါ ဆိုပြီး စနောက်တတ်သည်။

 

မျက်ကွင်းကြီးတွေ ညိုပြီး ပြန်လာတာကိုး။ အလုပ် လုပ်သက် ၁ နှစ်လောက် ကြာလာတော့ နှင်းပွင့်နှင့် နိုင်ထူးသည် ပြောမနာ၊ ဆိုမနာ တကယ့် ငယ်ပေါင်းလို ဖြစ်လာသည်။ ညဘက် အလုပ် ပြန်ချိန်တွင် အတူ လမ်းလျှောက်ပြန်ကာ ထမင်းအတူစားပြီး အရက်သောက်ကာ စကားဝိုင်းဖွဲ့လာသည်။ ပြောရဲဆိုရဲ ရှိလာကာ ၂ ယောက်သား အတွင်းရေးတွေပါ ပြောဖြစ်လာကြသည်။ ဥပမာ နှင်းပွင့်က မိမိ ရင်သားမှာ စီ ဖြစ်သော်လည်း အီး အထိ ဖြစ်ချင်ကြောင်း၊ နိုင်ထူးရဲ့ ညီလေး အရှည် လုံးပတ်အကြောင်း၊ သူမရဲ့ ဆီးခုံမှာ အသဲပုံ တက်တူးလေး ရှိကြောင်း၊ ဝတ်ရည် ခါးမှာ ပတ်ထားတဲ့ နိုင်ထူးရဲ့ လက်ဆောင်လေးအကြောင်း စသည်ဖြင့်ပေါ့။ ထိုသို့ စကားများ ပြောဖြစ်လျှင် နိုင်ထူး တစ်ယောက် အိမ်အပြန် ခြေ ၃ ချောင်း ဖြင့် ပြန်နေရသည်။ အိမ်ပြန်ရောက်မှ ဝတ်ရည်နှင့် စကားပြောကာ ညီလေးကို အန်ထုတ်ခိုင်းရသည်။ နွေခေါင်ခေါင်မှာတောင် ကျတဲ့ နှင်းရယ်။ Reportအနေဝေးတဲ့ အချစ် အခုတလော ဝတ်ရည်နှင့် စကားပြောရတာ အဆင်မပြေပါ။ အွန်လိုင်းကနေ ညတိုင်း ပြောဖြစ်ပေမယ့် အခုနောက်ပိုင်း သူမ မအားတာက များလာသည်။ ပြောဖြစ်လျှင်လည်း ဝတ်ရည်စကားတွေက နိုင်ထူးနှင့် နှင်းပွင့်ကို လှော်ပေးနေသလို သဘောတွေ ပါနေသည်။ တဖြည်းဖြည်းနှင့် သိသာလာကာ နိုင်ထူးကို ရှောင်ဖယ်ဖယ် လုပ်တော့သည်။ မောင် အစားလည်း နိုင်ထူးဟု တခါတရံ ခေါ်တတ်လာသည်။ နှင်းပွင့်ကို တိုင်ပင်ကြည့်တော့ မြန်မာနိုင်ငံကို ပြန်ကြည့်ချင်ရင် ပြန်ကြည့်ပေါ့တဲ့။ အဖြေက နိုင်ထူး ထင်သလို ဝတ်ရည်ဆီမှာ တခြားတစ်ယောက် ရှိနေရင် ဘာဆက်လုပ်မယ်ဆိုတာပါ စဉ်းစားသွားပေါ့တဲ့။ ဒါနဲ့ ဝတ်ရည်ကို အသိမပေးပဲ ပြန်လာလိုက်သည်။ သူမ အလုပ်ဆင်းချိန်ကို ခန့်မှန်းပြီး အလုပ်လုပ်ရာ နေရာဆီ သွားစောင့်နေလိုက်သည်။ မိနစ် ၃၀ လောက် စောင့်လိုက်ပြီးသော ခဏဝယ် ဝတ်ရည် အလုပ်ဆင်းလာတာ တွေ့လိုက်ရသည်။ နိုင်ထူး တွေးထင်ထားသည့်အတိုင်း ယောက်ျားတစ်ယောက်နှင့် လက်ချင်း ချိတ်ကာ စကား တပြောပြောနှင့် လမ်းလျှောက်သွားကာ မလှမ်းမကမ်းတွင် ရပ်ထားသော တန်ဘိုးကြီးမည်ဟု ခန့်မှန်းရသည့် ဇိမ်ခံကားထဲသို့ ဝင်သွားကာ မောင်းထွက်သွားကြသည်။ ဝတ်ရည်ဖုန်းကို ဆက်ကာ မေးမည်ဟု ဖုန်းကို ကိုင်လိုက်ရာမှ အခုချိန် သွေးပူနေရင် ဘာစကားမှ အရာရောက်မည် မဟုတ်သဖြင့် ညကျမှ ဆက်ရန် ဆုံးဖြတ်လိုက်သည်။ အွန်လိုင်းမှာ နှင်းပွင့် ရှိနေသောကြောင့် သူမကို ဆက်သွယ်လိုက်သည်။ နှင်းပွင့်ကတော့ ခေါင်းအေးအေးထားပြီး ဆုံးဖြတ်ရန်သာ တိုက်တွန်းသည်။ မည်သည့် အကြံမှတော့ မပေး။

 

ညကျတော့ ဝတ်ရည်ဆီ ဖုန်းခေါ်လိုက်သည်။ ရန်ကုန်က ဖုန်းနံပါတ် ဖြစ်နေသဖြင့် ဝတ်ရည်က အံ့သြသံဖြင့် စကားပြောသည်။ မောင် လို့တော့ မခေါ်တော့ နိုင်ထူးတဲ့။ “နိုင်ထူး ပြန်ရောက်နေတာလား…ဘယ်တုန်းက ပြန်ရောက်တာလဲ…ငါ့ကိုလည်း မပြောဘူး…” “ပြန်ရောက်တာ နေ့လည်ထဲက… ဝတ်ရည်ဆီကို လာသေးတယ်…” “ဟင် (တုန်လှုပ်သွားဟန်ဖြင့်) … ဟုတ်လား… ဝတ်ရည်လည်း မတွေ့ပါလား..” “မတွေ့ဆို…ဘေးနားက ဘဲကြီးနဲ့ ပျော်နေတာကိုး…” “သြော်…နိုင်ထူး တွေ့သွားပြီကိုး..” “ဟုတ်တယ်…အဲ့ဒါ အခု ဝတ်ရည်ဆီက ဖြေရှင်းသံ ကြားချင်လို့ … ဆက်လိုက်တာ..” “နိုင်ထူးကို ပြောမလို့ပါပဲ…ကိုကျော်စွာက ဝတ်ရည်ရဲ့ မိဘတွေ သဘောတူထားတာလေ… မေမေတို့ သဘောထားကိုလည်း မလွန်ဆန်နိုင်လို့…” “တော်စမ်းပါကွာ…ရုပ်ရှင်ထဲက စကားတွေ လာမပြောနဲ့…” “မင်း သဘောတူမှ ဖြစ်တဲ့ဟာ… သဘောမတူရင် ဘာမှ လုပ်လို့ မရဘူး..” “တကယ် ပြောတာပါ နိုင်ထူးရယ်…” “အိုခေ…ထားတော့….မင်း…ဘာဆက်လုပ်မှာလဲ….ဘယ်လို စဉ်းစားထားလဲ…” “ဟို….ဟို…..နိုင်ထူးနဲ့ ဖြစ်ခဲ့တဲ့ ကိစ်စတွေကို မေ့လိုက်ပါတော့…ဝတ်ရည်နဲ့ လမ်းခွဲရအောင်…အဟင့်..ဟင့်…ဟီး…” “တကယ် အဲ့လို ဆုံးဖြတ်လိုက်ပြီလား…သေချာလား…” “ဟုတ်…သေချာပါတယ်…” “ဟုတ်ပြီလေ… ပြန်မေးမယ်နော်… ငါ့ဆီ ပြန်မလာတာ သေချာပြီလား….” “………” “မေးနေတယ်လေ….တကယ်ကို သေချာသွားပြီလား…” “ဟုတ်…” “မင်းဘက်က အဆင်ပြေတယ်ဆိုရင်လည်း ပြီးရောလေ… ငါ့ကို အတွေ့အကြုံအသစ်တွေ သင်ပေးသွားလို့ ကျေးဇူးပါ…မင်းဘဝ အဆင်ပြေ ချောမွေ့ပါစေ…” “နိုင်ထူး….ဝတ်ရည် တကယ် ချစ်ခဲ့တယ်ဆိုတာတော့ ယုံပါနော်…” “ဒီအချိန်မှာ ဒီစကားတွေ ပြောလည်း ဘာမှ ဖြစ်မလာဘူးလေ… မင်းသာ တကယ် ချစ်တယ်ဆို အခုချိန် ငါ့အနားမှာပဲ ရှိနေမှာပေါ့…တော်ပါပြီကွာ…ဒါပဲ…” အနေဝေးတဲ့ အချစ်က ဘယ်လောက်ခံနိုင်မှာလဲ။ သွေးအေးသွားနိုင်တယ်။ မဟုတ်ဘူး။ အချစ်ကို ခံယူတဲ့ သူတွေအပေါ်မှာဘဲ မူတည်တယ်။ နိုင်ထူး ကိုယ်တိုင်တောင် ဝတ်ရည် ရှိရဲ့သားနဲ့ နှင်းပွင့်ကို စိတ်ထဲက အကြိမ်ကြိမ် ပစ်မှားမိနေတာပဲ။ အချစ်ဟောင်းရဲ့ အချစ်သစ် ဒီလိုနဲ့ နိုင်ထူးလည်း အလုပ် ပြန်တက်သည်။ နှင်းပွင့်နှင့် ညစာအတူထွက်စားတော့ ရင်ထဲ ရှိရာ အကုန် ပြောဖြစ်သည်။ နှင်းပွင့်ကတော့ ခေါင်းလေး တငြိမ့်ငြိမ့်နှင့် နားထောင်နေသည်။ နိုင်ထူးရဲ့ ရင်ဘတ်ကြီး ဟင်းလင်းပြင် ဖြစ်သွားမှ အချိန်က ကုစားသွားမှာပါ နိုင်ထူး တဲ့။ ဒီစကား တစ်ခွန်းပဲ ပြောသည်။ တကယ်ပဲ အချိန်က ကုစားသွားသည်။ နောက် ၆ လ လောက် ကြာတော့ ဝတ်ရည်ဆီက မင်္ဂလာဆောင် ဖိတ်စာ ရောက်လာသည်။ သူ့ကိုလည်း လာခဲ့ဘို့ ခေါ်သည်။ မိန်းကလေး ဖြစ်သူက ခေါ်မှတော့ ယောက်ျားလေး ဖြစ်သူ နိုင်ထူးက မသွားရဲစရာ ဘာအကြောင်းမှ မရှိ။ နှင်းပွင့်ကိုလည်း ဖိတ်သောကြောင့် နှင်းပွင့်နှင့် အတူ ခွင့်ယူပြီး မြန်မာနိုင်ငံ ပြန်ကာ ဝတ်ရည်ရဲ့ မင်္ဂလာဆောင်ကို သွားလိုက်သည်။ သူတို့သမီး (သတို့သမီး) တော်တော်လှသည်။ နိုင်ထူး အရင်က ချစ်ခဲ့ဖူးသော ဝတ်ရည်သည် အဖြူရောင်ဝတ်စုံနှင့် တအားလိုက်ဖက်သည်။ ရှည်လျားပြီး နက်မှောင်တဲ့ ဆံပင်ကို မထုံးပဲနှင့် အရှည်အတိုင်းကို ဆံညှပ်လေးနှင့် စည်းထားသည်။ တယုတယ နမ်းခဲ့ဖူးသော၊ အချစ်ပွဲ ဆင်နွှဲတိုင်း ကိုင်ဆွဲခဲ့ဖူးသော ဆံနွယ်လေးများ။

 

အခုတော့ အဝေးက ငေးကြည့်နေရုံပင်။ ဝတ်ရည်ကတော့ ဧည့်သည်တွေကို လိုက်လံနှုတ်ဆက်နေသည်။ နိုင်ထူးတို့က ခန်းမရဲ့ အနောက်ဆုံးနားမှာ ဖြစ်နေလို့ မရောက်လာပေ။ ခဏကြာတော့ ခန်းမရဲ့ ထွက်ပေါက်နားကို (ထုံးစံအတိုင်း) သွားကာ ပြန်တော့မယ့် ဧည့်သည်တွေကို နှုတ်ဆက်တော့သည်။ နိုင်ထူးတို့ အလှည့်ရောက်တော့ ဝတ်ရည်က သူတို့သားဖြစ်သူ ကိုကျော်စွာနှင့် မိတ်ဆက်ပေးသည်။ နိုင်ထူးဘေးနားမှာ နှင်းပွင့်လည်း ပါလာတော့ နှင်းပွင့်ကလည်း ဝင်နှုတ်ဆက်သည်။ ဒီတော့ ကိုကျော်စွာ ဆိုသူက အလိုက်မသိစွာဖြင့် ပြောသည်။ “ကိုနိုင်ထူးရဲ့ ချစ်သူလားဗျ…. တော်တော် ချောတယ်ဗျာ.. ကိုနိုင်ထူးတော့ ကံကောင်းတာပဲ…” “ဟုတ်ကဲ့ရှင့်….တွေ့ရတာ ဝမ်းသာပါတယ်…အခုလို ချီးမွမ်းစကားပြောတာ ကျေးဇူးပါနော်… ကျမ ချောတာက ဟော့ဒီက သူတို့သမီးကို မမှီပါဘူးရှင်…” “ဟဲဟဲဟဲ…” “ကိုကျော်စွာ…ကျေးဇူးဗျာ….ကျနော့် ချစ်သူကို အခုလို ချောတယ် ပြောတဲ့အတွက်….တကယ်တော့ ဝတ်ရည်က ပိုလှတာဗျ…” “ဟားဟားဟား…ကိုနိုင်ထူးကလည်း မြှောက်တတ်သားပဲ…” ဒီလိုနဲ့ ကိုကျော်စွာလက်ကို လွှတ်လိုက်ပြီးမှ တခေါက် သွားပြန်နှုတ်ဆက်သည်။ ကျေးဇူးပဲဗျာ ဟုပင်။ ခန်းမ အပြင်ထွက်လာတော့ နိုင်ထူးနှင့် သိသော ဝတ်ရည် သူငယ်ချင်းက နိုင်ထူးနောက်ကို လိုက်ကာ အိတ်သေးသေးလေး တစ်အိတ် လာပေးသည်။ ဝတ်ရည်က ပေးခိုင်းလိုက်တာတဲ့။ ဖွင့်ကြည့်လိုက်တော့ ဆွဲကြိုးရှည်ရှည်လေး။ ဘေးနားက နှင်းပွင့်ကတော့ ဆွဲကြိုးရှည်ကြီးကို ထုတ်ကြည့်နေသော နိုင်ထူးကိုသာ ငေးမောကြည့်နေတော့သည်။ ချည်မထားတဲ့ ကြိုး အချိန်တွေ တဖြည်းဖြည်း ကုန်လာတော့ နိုင်ထူးရဲ့ အသဲကွဲ ဝေဒနာလည်း သက်သာလာသည်။ လုံးလုံးကြီး မေ့သွားတာမျိုး မဟုတ်ပဲ၊ တိုက်ဆိုင်တိုင်းသာ သတိရတတ်သည်။ အထူးသဖြင့် နှင်းပွင့်ပေါ့။ သူမက ဆံပင် အရှည်ကြီး ထားထားသည်လေ။ အခုဆို ကျောလယ်ကို ကျော်လို့ တင်ပဆုံနားကို ရောက်တော့မည်။ သူတို့ ၂ ယောက် ဆက်ဆံရေးကလည်း မပြောင်းလဲပါဘူး။ အတူသွား၊ အတူစား၊ အတူသောက်ပဲပေါ့။ သံယောစဉ် ရှိလာပေမယ့် အချစ် အဖြစ်ကို မပြောင်းလဲကြပါဘူး။ တစ်ရက်ပေါ့။ staff party ဆိုပြီး သူတို့ အလုပ်က စီစဉ်ပေးသည်။ အင်ဒိုနီးရှားက ကမ်းခြေကို သွားကြတာပေါ့။ ကမ်းခြေရောက်တော့ ညနေပိုင်းမှာ ဆုပေးတာတွေ၊ အမှတ်တရ လက်ဆောင် မဲဖောက်ပေးတာတွေ၊ ဂိမ်းကစားတာတွေနဲ့ ပျော်စရာကြီးပါ။ ညဘက်ရောက်တော့ လူငယ်တွေပဲ စုပြီး အရက်သောက်ကြသည်။ နိုင်ထူးက ဘီယာပဲ သောက်ပြီး နှင်းပွင့်က ဝိုင်သောက်နေသည်။ တခြားသူတွေနှင့် စကားပြောသလို ၂ ယောက်သား အချင်းချင်းလည်း ပြောသည်။ နောက်ပိုင်းတော့ ၂ ယောက်ထဲ သီးသန့် ပြောသလို ဖြစ်လာသည်။ နှင်းပွင့် ဝတ်ထားတာက အနီရောင် ဝမ်းပိစ်လေး၊ ဒူးခေါင်းအောက် နည်းနည်း ရှည်ပြီး ကားကားလေးပေါ့။

 

တင်ပါးလုံးကြီးတွေက ဖုထစ်နေပြီး၊ ခါးနေရာမှာ သိမ်သွားတာက သူမရဲ့ ကောက်ကြောင်းကို ပိုပေါ်စေသည်။ ဆံနွယ်ရှည်ကြီးတွေကိုတော့ စုပတ်ပြီး ဆံထုံး ထုံးသလို ချည်ထားသည်။ ဝိုင်ခွက်လေးကို ကိုင်ကာ နိုင်ထူးနှင့် စကားတပြောပြောဖြင့် ဝိုင်သောက်နေဟန်က တမျိုး ဆွဲမက်ဘွယ်ကောင်းသည်။ ဒီဆံနွယ်တွေကို မြင်ရင် ဝတ်ရည်ကို သတိရသွားသဖြင့် တချက် တချက် ငိုင်ကျသွားသော နိုင်ထူးကို နှင်းပွင့်က ဖြေသိမ့်ပေးသည်။ “နိုင်ထူး….အချိန်လည်း ကြာပြီလေ…သူ့ကို သတိရတုန်းပဲလား…” “အင်း…တခါတလေ သတိရတယ်….အချိန်တိုင်းတော့ မဟုတ်ပါဘူး…” “အေးပေါ့…ရည်းစားဦးဆိုတော့လည်း ဖြစ်မှာပေါ့လေ…နိုင်ထူးက ကြိုးသွားချည်တာကိုး..” “ဘာပြောတာလဲ နှင်း…” “သြော်…သံယောစဉ်ကြိုး သွားချည်မိတာကိုး…နှင်းကတော့ လွတ်လွတ်လပ်လပ်ပဲ နေတယ်…ဟိုးအရင်တုန်းကတော့ နိုင်ထူးလိုမျိုး ခံစားဖူးတယ်…နောက်ပိုင်းတော့ မချစ်မိအောင် နေတယ်…သံယောစဉ်ကြိုး အရစ်မခံဘူးလေ…” “အင်း…နှင်း ပြောတာလည်း ဟုတ်ပါတယ်လေ…” “စိတ်ထဲ သိပ်မခံစားနဲ့တော့ နိုင်ထူး…. နှင်း အခန်းထဲ ပြန်တော့မယ်…အပြင်မှာ အေးလာပြီ…” “အိုခေ…နှင်း…ဂွတ်နိုက်နော်…” “သြော်… ဝတ်ရည်ဆီက ပြန်ရတဲ့ ကြိုးလေး အခု ပါလာသေးလား…” “ပါတယ်…နှင်း… ဘာလုပ်မလို့လဲ….” “နှင်း…အခု ဝတ်ကြည့်ချင်လို့….နိုင်ထူး ခွင့်ပြုရင်ပါ….” “အင်း…ရပါတယ်…အခန်းထဲ သွားပြန်ယူလိုက်ဦးမယ်…” “အိုခေ….ဒါဆို နှင်း အခန်းထဲကပဲ စောင့်နေတော့မယ်…. နိုင်ထူး ကိုယ်တိုင် ဝတ်ပေးမယ်ဆိုလည်း သဘောနော်…” ဟု ဆိုကာ ချာကနဲ လှည့်ထွက်သွားသည်။ တင်ပဆုံက နိမ့်တုံ မြင့်တုံနှင့် တလှမ်းချင်း တလှမ်းချင်း လျှောက်သွားသည်က နိုင်ထူးကို စိမ်ခေါ်သွားသည့်ဟန်။ ဘာသဘောလဲဆိုတာ ကြာကြာ မစဉ်းစားနိုင်အား။ စိတ်ရဲ့ ခေါ်ဆောင်ရာဆီ ပြေးလိုက်ဘို့ ပြင်တော့သည်။ နိုင်ထူး အခန်းဆီကို အမြန်သွားပြီး ဆွဲကြိုးရှည်လေးကို ထုတ်ကာ လက်မှာ ကျစ်ကျစ်ပါအောင် ဆုတ်ပြီး နှင်းပွင့် အခန်းဆီသို့ သွားတော့သည်။ ဒီဆွဲကြိုးလေးတော့ ဝတ်ပေးလိုက်မည်။ သံယောစဉ်တော့ မငြိမိအောင် ထားရမည်လေ။ ဟုတ်တယ် သံယောစဉ်ကြိုး။ ဒီကြိုးက ချည်မထားတဲ့ ကြိုး………ပြီးပါပြီ။