News

လျှာလေးနဲ့ကလိလိုက် လက်ချောင်းနဲ့ထိုးသွင်းလိုက်လုပ်တော့ ကျွန်မလည်း အရမ်းကို ကော့ပျံတက်နေပီ မောင့်ခေါင်းကို ဆွဲထူရင်း သူ့ဘောင်းဘီကို ကျွန်မထပြီးချွတ်ပေးလိုက်တယ်

“တစ်ခြားသူတွေရောက်ကြပြီလား စပယ်” အအေးဆိုင်လေးတစ်ခုရဲ့ ကောင်တာမှာ ငွေရှင်းဖို့တန်းစီနေတုန်း နာမည်ခေါ်ပြီး မေးလိုက်တဲ့အသံ ကြောင့် ကျွန်မလှည့်ကြည့်လိုက်တယ်။ ကျွန်မတစ်ခါမှမမြင်ဖူးတဲ့လူတစ်ယောက်…… ဦးထုတ်ကိုခပ်ငိုက်ငိုက် ဆောင်းထားတော့ မျက်နှာကိုလည်းသေချာမမြင်ရဘူးလေ။ သူကကျောပိုးအိတ်ခပ်ကြီးကြီးတစ်ခုလည်း လွယ်ထားသေးတယ်။ ရုတ်တရက်ကြောင်သွားပေမဲ့ ဘယ်သူဆိုတာ ကျွန်မမှတ်မိလိုက်ပါတယ်။ “ အော်……ကိုလတ်ဇင်လား…..ဘယ်သူမှမရောက်ကြသေးဘူး စပယ်ပဲရောက်သေးတာ” အလိုက်သင့်ပြန်ဖြေရင်းသူ့ကိုအကဲခတ်ကြည့်လိုက်တယ်။

သူက အွန်လိုင်းကနေ ခင်မင်ခဲ့တဲ့ ကျွန်မသူငယ်ချင်းပါ။ မနေ့တနေ့ကမှ နိုင်ငံခြားက ပြန်ရောက်ပြီး သူငယ်ချင်းတွေနဲ့ တွေ့ဖို့ ချိန်းထားလို့ ကျွန်မလည်း ဒီဆိုင်ကိုရောက်နေတာ။ ဓာတ်ပုံတွေမြင်ဖူးထားပေမဲ့ ရုတ်တရက်အပြင်မှာဆိုတော့ ကျွန်မဘယ်မှတ်မိပါ့မလဲ။ သူကတော့ ကျွန်မကို တန်းပြီးမှတ်မိတဲ့အပြင် အရင်တည်းက အပြင်မှာခင်ဖူးတဲ့သူငယ်ချင်းလို ရင်းရင်းနှီးနှီးစကားတွေဘာတွေပြောရင်း အေးဆေးပါပဲ။ နှစ်ယောက်သား မှာထားတဲ့အအေးတွေရတော့ စားပွဲတစ်ခုမှာ၀င်ထိုင်လိုက်ကြတယ်။ “ဟဲဟဲ ကိုလတ်ဇင်က စပယ့်ကို တန်းမှတ်မိတာပဲနော်…စပယ်က မှတ်မိဝူးတော့်”။

စပ်ဖြဲဖြဲနဲ့ကျွန်မပြောတော့ သူက “ မှတ်မိတာပေါ့ဟ ဓာတ်ပုံတွေဒီလောက်မြင်ဖူးနေတာ နင်ကအပြင်မှာလည်း ဒီရုပ်ပဲကို “ ကျွန်မရှက်ပြုံးလေးပြုံးမိတယ်။ အွန်လိုင်းမှာဓာတ်ပုံတင်ရင် လှလှပပပြင်ဆင်ပြီး ရိုက် ပြီးတော့မှအလှဆုံးပုံကိုရွေးပြီးတင်တာလေ။ အဲတာကိုအပြင်နဲ့တူတူပဲပြောတော့ပျော်တာပေါ့နော် ။ ခနကြာတော့ ချိန်းထားတဲ့သူငယ်ချင်းတွေရောက်လာပြီမို့ ကျွန်မတို့ အင်းလျားကန်ဘောင်ဘက်ကို ထွက်လာခဲ့ကြတယ်။ သူငယ်ချင်းတွေက ခြောက်ယောက် ခုနစ်ယောက်လောက်တော့ရှိတယ်။ အားလုံးက ကျွန်မနဲ့ အပြင်မှာရင်းနှီးပြီးသားတွေပါ။

ကိုလတ်ဇင်တစ်ယောက်ကိုပဲ…ခုမှတွေ့ဖူးကြတာလေ။ ဒါပေမဲ့ အွန်လိုင်းမှာ ရင်းနှီးပြီးသားသူတွေဆိုတော့ အပြင်မှာလည်း ပြောမနာဆိုမနာတွေပဲ။ သူငယ်ချင်းတွေက နင့်ကိုကို မပါဘူးလား….လို့ ကျွန်မကိုမေးကြတယ်။ ကျွန်မလည်း သူကနယ်မှာနေတာဖြစ်တဲ့အကြောင်း တစ်ခါတလေမှ အလုပ်ကိစ္စနဲ့ ရန်ကုန်ကိုလာတာဖြစ်ကြောင်း တစ်ယောက်လာမေးလိုက်ရှင်းပြလိုက်နဲ့ စိတ်တောင်ညစ်လာတယ် တကယ်။ ကန်ဘောင်မှာ မုန့်စားလိုက် စကားပြောလိုက် လမ်းလျှောက်လိုက်လုပ်ကြပြီးတော့ အိမ်ပြန်ကြဖို့ အချိန်ရောက်တော့ လမ်းကြောင်းတူတဲ့သူတွေ စုပြီး Taxi ငှားဖို့ မေးကြတယ်။

ကိုလတ်ဇင်ရယ်၊ နောက်ထပ် ကျွန်မသူငယ်ချင်းတစ်ယောက်ရယ်က ပြန်မဲ့လမ်းတူတော့သုံးယောက်သား Taxi နဲ့အတူပြန်လာကြတယ်။ ပြောရအုံးမယ် အဲဒီသူငယ်ချင်းကောင်လေးကလည်း ခင်တာသိပ်မကြာသေးပေမဲ့ ငယ်ပေါင်းလိုပေါင်းတာ။ သူကလည်း ရည်းစားထည်လဲတွဲ ကိုယ်ကလည်း ရည်းစားနဲ့ဆိုပေမဲ့ တွေ့ကြရင် ချစ်ရယ် သဲရယ်ဆိုပြီး ပါးလေးကိုင်လိုက် မေးလေးကိုင်လိုက် လက်လေးတွဲလိုက်နဲ့ လုပ်နေကြတာ။ ကိုကိုကလည်း အဲဒါမျိုး အရမ်းသ၀န်တိုတတ်တာလေ။ အဲဒီကောင်တွေနဲ့မပေါင်းနဲ့လို့မပြောရုံတမယ်ပဲ။ကျွန်မကလည်း တားလေ အရွဲ့တိုက်လေသမားဆိုတော့ ကိုကိုက လေပြေလေးထိုးထိုးပြီးပြောရှာပါတယ်။

ဒါပေမဲ့ကျွန်မတို့က ရိုးရိုးသားသားပေါင်းတာလေ။ ဘာအကန့်မှမရှိဘူး။ ကိုယ့်စိတ်ကိုယ်လုံတော့ ကျွန်မသူတို့နဲ့ သွားတွေ့တိုင်း ကိုကို့ကို ပြောပြပါတယ်။ သူသံသယမဖြစ်ပေမဲ့ ဖုန်းတွေတဂွမ်ဂွမ်ဆက်ပြီး မပြန်သေးဘူးလား…အခုဘယ်မှာလဲ…နောက်ကျနေပြီ အိမ်မပြန်သေးဘူးလား ဘာညာနဲ့ ဂျစ်တိုက်တာမျိုးတွေတော့ ခံရတာပေါ့။ ဇာတ်ရည်လည်အောင် နဲနဲရှင်းပြထားအုံးမယ်။ ကျွန်မနာမည်က စပယ်ပွင့်ဝါ ပါ။ အသက်၂၀ကျော်လောက် ရှိပြီး လောလောဆယ် company တစ်ခုမှာအလုပ်လုပ်နေတယ်။ ကျွန်မစာ၀င်၀င်ရေးဖြစ်တဲ့ Online group လေးတစ်ခုရှိပါတယ်။

အဲဒီကနေ တဆင့် သူငယ်ချင်းတွေရပြီး ကိုယ့်အနီးအနားမှာနေတဲ့သူတွေဖြစ်နေရင် အပြင်မှာလည်း မြင်ဖူးအောင် ဆုံဖို့ ချိန်းကြတာပေါ့။ ကိုကိုကလည်း အလုပ်ကိစ္စနဲ့ရန်ကုန်တက်လာတဲ့အချိန်နဲ့ကြုံနေတာနဲ့ တွေ့ဖြစ်ကြတာပါ။ အမှန်ဆိုအွန်လိုင်းမှာက သူနဲ့ကျွန်မသိပ်မခင်ဘူး။ စကားတောင်မပြောဖူးဘူး။ အပြင်မှာတွေ့တော့လည်းအဲတိုင်းပါပဲ။ သူကစကားသိပ် မပြောပါဘူး။ ကျွန်မလည်း တခြားသူငယ်ချင်းတွေနဲ့စနောက်နေတာနဲ့ သတိတောင်မထားမိပါဘူး။ ဒါပေမဲ့ သူက အဲဒီကတည်းက ကျွန်မကိုသဘောကျသွားပုံရတယ်။ နောက်ရက်တွေကျတော့ စကားလာလာပြောတယ်။

သိပ်တောင်မကြာလိုက်ပါဘူး။ ရည်းစားစကားပြောတော့တာပဲ။ အမှန်တိုင်းပြောရရင် သူကကျွန်မကြိုက်တဲ့ပုံစံမျိုး မဟုတ်ပါဘူး။ ဒါက ရုပ်ရည်ပိုင်းကိုပြောတာ။ စိတ်ဓာတ်ပိုင်းကျတော့လည်း ခုမှစသိတဲ့သူဆိုတော့ ကောင်းတယ် ဆိုးတယ် မခွဲခြားနိုင်သေးဘူးလေ။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်မမှာပြသနာတစ်ခုတက်နေတယ်။ အဲဒါဘာလဲဆိုတော့ ကျွန်မနဲ့အရမ်းခင်တဲ့ ငယ်သူငယ်ချင်း ဖြစ်တဲ့ ဇော်ဇော်နဲ့ မထင်မှတ်ပဲရည်းစားတွေဖြစ်သွားတာပါ။ ကျွန်မသူ့ကို မချစ်ဖူး။ သူကကျွန်မကို ကြိုက်နေတာ ကြာလှပြီ။ ပြောရရင် အလယ်တန်းကတည်းကပါ။

ဇော်ဇော်နဲ့ ကျွန်မက ငယ်သူငယ်ချင်းတွေဆိုတော့ ပြောမနာဆိုမနာ အတွင်းသိအစင်းသိတွေ ပြီးတော့အဲဒီတုန်းက စိတ်ကလည်း တအားညစ်နေတဲ့အချိန်….အရက်သောက်ချင်တယ်ဆိုပြီး သူ့ကိုခေါ်သောက်ရင်းဖြစ်ကုန်တာ။ မူးလာတော့ သူက ဖွင့်ပြောပြီး ကျွန်မကလည်း……..အမှန်တိုင်းပြောရရင် သိပ်တောင်မမှတ်မိတော့ဘူး။ ဘာတွေပြောခဲ့မိလည်းဆိုတာ…အဖြေပေးမိလား မပေးမိလားလည်းမမှတ်မိဘူး။ သူကအတင်းဖက်ပြီးကစ်ဆင်တွေဆွဲတာတော့ မှတ်မိတယ်။ ဒါပေမဲ့ သူကအဲ့လောက်နဲ့ရပ်ပြီး ကျွန်မကိုအိမ်ပြန်ပို့ပေးပါတယ်။ နောက်နေ့ကျတော့ ဘာဖြစ်မှန်းတောင်ကျွန်မမမှတ်မိဘူး။

ဇော်ဇော်ကတော့ ကျွန်မကိုသူ့ရည်းစားအဖြစ် ပိုင်ပိုင်နိုင်နိုင်ကြီးမှတ်ယူလိုက်တယ်။ အဲဒီမှာပျားတုပ်တော့တာပဲ။ ကျွန်မ တကယ်ဆိုးပါတယ်။ကျွန်မစိတ်တွေကအရမ်းကိုလေလွင့် နေချိန်မှာ အရက်ကိုဖိသောက်တယ်။ သောက်တော့ ဇော်ဇော်နဲ့ခုလိုတွေ မှားကုန်တယ်။ အရင်က ဖြူစင်ခဲ့တဲ့သူငယ်ချင်းသံယောဇဉ်လေးက အဲဒီတစ်ရက်နဲ့တင် ရေစုန်မျောတော့တာပါပဲ။ ဇော်ဇော် တစ်ယောက်ကတော့ အရမ်းကိုပျော်ပြီး သူ့အလုပ်ကသူတွေနဲ့တောင်ကျွန်မကို မိတ်ဆက်ပေးလိုက်သေးတယ်။ အမှန်အတိုင်းပြောရရင်ကျွန်မက အရမ်းချစ်ခဲ့တဲ့ချစ်သူတစ်ယောက်ရဲ့ ရက်ရက်စက်စက်တဖက်သတ်လမ်းခွဲခြင်းကို ခံရပြီးတဲ့နောက်မှာ ဘယ်ယောက်ျားရဲ့အချစ်ကိုမှအယုံအကြည်မရှိတော့တဲ့ ကောင်မလေးတစ်ယောက်ပါ။

အီစီကလီတွေလျှောက်ထားရင်း စိတ်ပျော်အောင်နေနေပေမဲ့ ရိုးသားတဲ့သူငယ်ချင်းသံယောဇဉ်ကို အရောင်ဆိုးမိတဲ့အထိ ဖြစ်သွားလိမ့်မယ်လို့မမျှော်လင့်ခဲ့မိဘူး။ အခုတော့စိတ်ထဲကမပါဘဲ ရည်းစားတစ်ယောက်ရ…..ဖြတ်ဖို့ကလည်းချက်ချင်းကြီးမပြောရဲတော့ မျောပြီးတွဲနေရတယ်။ သူရောကျွန်မရော အလုပ်တွေရှိတော့ ညနေအလုပ်ဆင်းချိန်လောက်ပဲတွေ့ရတာပါ။ အိမ်တူတူပြန်တော့ Taxi ပေါ်မှာ ဒင်းက ပါးစပ်သရမ်းလိုက် လက်သရမ်းလိုက်လုပ်သေးတယ်။ လူလစ်ရင်လစ်သလို ခိုးနမ်းတယ်။ ရင်သားတွေကိုလည်းအတင်းကိုင်ပြီးဖြစ်ညှစ်တယ်။ ကျွန်မကအဲလိုအကျင့် တွေကိုမကြိုက်ဖူးရှင့်။

ကိုယ်ချစ်တဲ့သူနဲ့ဆိပ်ကွယ်ရာမှာသာ လွတ်လွတ်လပ်လပ်နေရင်နေဖြစ်မယ်။ ဒီလို လူတွေမြင်နိုင်တဲ့ Taxi ပေါ်ကြီးမှာ သောင်းကျန်းတာမျိုးတော့လုံး၀မကြိုက်ဖူး။ အဲဒီလိုမျိုးမလုပ်ဖို့ မျက်နှာထားတင်းတင်းနဲ့ဇော်ဇော့်ကိုပြောရတယ်။ သူကတော့ကျားချောင်းသလိုချောင်းတယ်ဆိုတာ ဒါမျိုးဖြစ်မယ်ထင်တယ်။ နောက်တခါရုံးပိတ်ရက်ကျတော့ အပြင်ထွက်ဖို့ခေါ်တယ်။ ကျွန်မတို့ရုပ်ရှင်သွားကြည့်ကြတယ်။ သူကအတွဲခုံ၀ယ်မယ်ပြောပေမဲ့ ကျွန်မက မျက်စိအားမကောင်းလို့အတွဲခုံဆိုရင်ပိတ်ကားနဲ့ဝေးပြီး ကြည့်ရတာအားမရဘူးလို့ ဥာဏ်ဆင်ပြီး ရှေ့ခုံတွေပဲ ၀ယ်လိုက်တယ်။ ဒါတောင်မှ သိပ်အလွတ်မပေးချင်ပါဘူး။

ရုပ်ရှင်ပိတ်ကားက အမှောင်ခန်းတွေပြတဲ့အခါ ကျွန်မမျက်နှာကိုဆွဲလှည့်ပြီး အနမ်းတွေပေးတော့တယ်။ ဇော်ဇော်ကလူကသာပိန်တာရယ်…သူ့အနမ်းတွေကအား အရမ်းပါတယ်။ နှုတ်ခမ်းချင်းစုပ်ရုံတင်မကဘူး လျှာကိုပါကျွန်မပါးစပ်ထဲထိုးထည့်ပြီးလှည့်ပတ်နေတယ်။ သူ့လက်ချောင်းမာကျစ်ကျစ်တွေကလည်း ကျွန်မရဲ့အိဖြိုးနေတဲ့ရင်သားတွေကို အတင်းဆုပ်ကိုင်လာတယ်။ ကျွန်မ၀တ်ထားတာလည်ပင်းပေါက်နဲနဲကျယ်တဲ့တီရှပ်ဆိုတော့ လည်ပင်းပေါက်ထဲကနေလက်တွေကိုထိုးထည့်ပြီး ၀တ်ထားတဲ့ဘရာကြားက ရင်သားကို အမိအရစမ်းပြီးဆုပ်နယ်နေတယ်။

နို့သီးခေါင်းလေးကိုစမ်းမိသွားပြီး အတင်းပွတ်ချေနေလို့ ကျွန်မမှာအသံထွက်တော့မလိုဖြစ်ပြီး အံကိုကြိတ်ထားရတယ်။ ဘေးမှာလူတွေနဲ့လေ။ နောက်တော့သူ့လက်တွေက ကျွန်မ၀တ်ထားတဲ့ဂျင်းဘောင်းဘီဇစ်ကိုဖြုတ်ပြီး အတွင်းထဲထိ ထပ်ကျူးကျော်လာတယ်။ မိန်းကလေးတွေရဲ့ အားနည်းချက်ဖြစ်တဲ့ ရင်သားတွေကိုအမိအရအကိုင်ခံထားရတဲ့ကျွန်မက သူ့လုပ်ရပ်တွေကိုမငြင်းနိုင်တော့ပါဘူး။ သူ့လက်နဲ့မထိခင်မှာပဲ ကျွန်မပိပိလေးထဲက အရည်တွေစိုသလိုလိုဖြစ်လာတယ်။ သူလုပ်နေတာတွေကို ပါးစပ်ကဘာမှမပြောပေမဲ့ကျွန်မလက်ကိုင်အိတ်လေးကိုသူ့လက်၀င်နေတဲဘောင်းဘီပေါ်တင်ပြီးဖုံးပေးလိုက်တယ်။

ဘေးကလူတွေ မမြင်အောင်လေ။ သူ့လက်တွေက ကျွန်မအတွင်းသားတွေနဲ့ထိနေပါပြီ။ အပေါ်ကနေ ကိုင်ပြီးပွတ်နေရင်းနဲ့ လက်တစ်ချောင်းကိုကျွန်မပိပိလေးထဲထိုးထည့်လိုက်တယ်။ အရည်တွေလည်း စိမ့်နေတော့ ဇွပ်ကနဲ၀င်သွားတာပေါ့။ ကျွန်မအသံမထွက်ရဲဘဲ သူ့ပခုံးနဲ့ကိုယ့်ပါးစပ်ကိုထိပြီးပိတ်ထားရတယ်။ ညည်းမိမှာစိုးလို့။ ရုပ်ရှင်ကဘာတွေပြနေမှန်းတောင်မသိလိုက်ပါဘူး။ ကျွန်မအာရုံတွေကသူ့လက်တွေပေါ်ပဲ ရောက်နေတာလေ။ အလုပ်များနေတဲ့သူ့လက်တွေကို ကျွန်မလက်နဲ့လှမ်းကိုင်ပြီးရပ်ခိုင်းလိုက်တယ်။ သူ့ပစ္စည်းကဘယ်လိုနေတယ် မသိဘူး။ လက်ခလယ်ကတော့အတော်ရှည်သား။

သူထုတ်လိုက်သွင်းလိုက်လုပ်နေတာခံနေရင်း လုပ်ပါများတော့ ကျွန်မအထဲက နာလာတယ်။ ကိုယ့်ကိုကိုယ်ပီးလားမပီးလားတော့မသိဘူး။ အရည်တွေကတော့ တော်တော်လေး ထွက်နေပါတယ်။ ရုပ်ရှင်ပြီးမှဘဲ Toilet ၀င်ပြီး သန့်ရှင်းရေးလုပ်လိုက်တယ်။ ရုပ်ရှင်ကြည့်ပြီးပြန်ထွက်လာကြတော့သူကဟို၀င်ချင်သလို ဒီ၀င်ချင်သလို လုပ်သေးတယ်။ ကျွန်မကလည်း ဘာလိုလိုညာလိုလိုနဲ့ငြင်းပြီး မုန့်လေးဘာလေးစားပြီး ပြန်လာကြတယ်။ကျွန်မ ဇော်ဇော့်ကိုမချစ်ဘဲ ဘာလို့တွဲရလဲဆိုရင် အားနာလို့ပါ။ ဟုတ်ပါတယ် အားနာလို့ခါးပါပါနေရပြီလေ။ သူက ကျွန်မအနွံတာတွေအရမ်းခံခဲ့တယ်။

ကျွန်မအပေါ်အရမ်းဂရုစိုက်ခဲ့ပါတယ်။ အဲလိုလူမျိုးကို ငါနင့်ကိုမချစ်ပါဘူး အရက်မူးပြီး လက်ခံလိုက်မိတာပါ လို့ ကျွန်မဘယ်လိုပြောထွက်ပါ့မလဲ။ အဲဒါကြောင့် သူစိတ်ကျေနပ်အောင်ခဏတစ်ဖြုတ်တွဲတာပါ။ ဒါပေမဲ့ အချိန်မလွန်ခင် သူ့ကိုအညင်သာဆုံးနည်းနဲ့ ဖြတ်ဖို့ ကျွန်မစဉ်းစားထားပြီးသားပါ။ အဲဒီအချိန်မှာ ကိုကိုက ပေါ်လာခဲ့တာ။ တွေ့ဖူးတာမှ နှစ်ရက်တပိုင်းရှိသေးတာကို အတင်းကြီး ဖုန်းတွေဆက် အဖြေတွေတောင်း လုပ်တော့တာပဲ။ ဇော်ဇော်ကလည်း တနေ့ထက်တနေ့ ရောဂါတွေရင့်နေပြီလေ။ ဟိုသွားရအောင် ဒီသွားရအောင်ခေါ်နေပြီ။ ကျွန်မကငြင်းထားတော့သူလည်း ညစ်ပြီး ကျွန်မကို မဆက်သွယ်ပဲ ဂိမ်းပဲသွားသွားဆော့နေတယ်။

ကျွန်မလည်း အဲဒါကိုအကြောင်းပြပြီး နင်ကငါ့ကိုဂရုမစိုက်ဘူးဘာညာနဲ့ သူ့ကို စိတ်ကောက်ပ်လိုက်တယ်။ ပြီးတော့တစ်ခါတည်းကိုကို့ကို အဖြေပေးလိုက်တော့တာပဲ။ ကိုကို့ကိုအဖြေပေးပြီးတော့မှ ငါ့မှာ ချစ်သူရှိနေပြီ….လမ်းခွဲကြရအောင်ဆိုပြီး ဇော်ဇော့်ကို ပြောလိုက်တယ်။ ဖြစ်ချင်တော့ သူကလည်း အဲဒီ့အချိန် အလုပ်နဲ့ ခရီးထွက်သွားရတယ်။ အဲဒီတော့ ကျွန်မကိုလာတွေ့ပြီး ပွားလို့မရတော့ဘူးလေ။ သူပြန်ရောက်တော့ ကျွန်မကိုတွေ့ဖို့ကြိုးစားသေးပေမဲ့ ဒီတစ်ခါတော့ ကျွန်မဲ ငြင်းလိုက်ပါတယ်။ သူလည်းဆက်မကြိုးစားတော့ဘူး။ နဲနဲတော့ထူးဆန်းတယ်နော်။

ကိုယ့်ကို ငယ်ငယ်လေးထဲက သိပ်ချစ်ခဲ့ပါတယ်ဆိုတဲ့ လူတစ်ယောက်ကို ဖြတ်ရတာ အဲလောက်လွယ်မယ်တောင် ကျွန်မထင်မထားဘူး။ ကွယ်ရာမှာအသဲကွဲနေလားမသိပေမဲ့ ဇော်ဇော်က ဖုန်းဆက်တာတွေ ကျွန်မအိမ်နဲ့အလုပ်ကိုလည်းသိနေရဲ့သားနဲ့တွေ့ဖို့ကြိုးစားတာတွေ မလုပ်ပါဘူး။ ဒီလိုနဲ့ကျွန်မလည်း ယောက်ျားတွေရဲ့ အရမ်းချစ်ပါတယ်ဆိုတဲ့အချစ်ကို ပိုပြီးအယုံအကြည်မဲ့လာတယ်။ ဒီအချိန်မှာပဲ ကိုကိုနဲ့ကျွန်မ တစ်ယောက်အကြောင်းတစ်ယောက်သိပ်တောင်မသိသေးခင် ရည်းစားတွေဖြစ်လာတယ်။ ချစ်သူတွေဆိုပေမဲ့ ကိုကိုကနယ်ကမို့ တစ်လတစ်ခါ နှစ်ခါလောက်ပဲတွေ့ဖြစ်ကြပါတယ်။

ကျွန်မကလည်း အဲဒါကိုသဘောကျပါတယ်။ ခါတိုင်းလိုပဲ သူငယ်ချင်းတွေနဲ့ တွေ့လိုက် လျှောက်သွားလိုက် လျှောက်စားလိုက် လုပ်လို့ရတယ်လေ။ ကိုကိုပါရင်စိတ်က နဲနဲကျဉ်းကျပ်တယ်။ ကျွန်မက ယောက်ျားလေးသူငယ်ချင်းများတယ်။ ကိုကို့ကိုပါခေါ်ပြီး သူတို့နဲ့တွေ့တဲ့အချိန် သူတို့က စလိုက်နောက်လိုက်ရင် ကြည့်တဲ့ကိုကို့မျက်လုံး၊ ဖြစ်သွားတဲ့ကိုကို့မျက်နှာကို သူတို့ သိလားမသိလား မသိပေမဲ့ ကျွန်မအားနာမိတယ်။ ရည်းစားဖြစ်ပြီး နှစ်လလောက်နေတော့ ကိုကိုက ဘီယာသွားသောက်ရအောင်ဆိုပြီးခေါ်ပါတယ်။ ဟိုတယ်တစ်ခုကိုရောက်သွားတယ်။

တကယ်တော့ ကျွန်မက အပြင်းတွေပါချတတ်နေပြီဆိုတာ သူမသိဘူိး။ အဲဒီ့မှာ စားရင်းသောက်ရင်းနဲ့ သူက ကျွန်မကိုဖက်ပြီး ခုတင်ပေါ်ခေါ်သွားတယ်။ အ၀တ်တွေဟိုချွတ်ဒီချွတ်နဲ့ အကုန်လည်းကုန်ရော စောင်ကြီးခြုံပြီး ဘာဂျာပေးတော့တာပဲ။ ကျွန်မလည်း ဘီယာအရှိန်တွေနဲ့ဆိုတော့ ရင်ခုန်သံတွေတဒိန်းဒိန်းနဲ့ပေါ့။ ဂျာလို့အားရတော့မှ စောင်ခြုံထဲက ချွေးတွေသီးနေတဲ့သူ့မျက်နှာထွက်လာပြီး သူ့ကိုယ်ပေါ်ကအောက်ခံဘောင်းဘီကိုဆွဲချွတ်လိုက်တယ်။ သူ့ပစ္စည်းက တော်တော်ကြီးပါတယ်။ ကျွန်မစိတ်ထင်ခုနစ်လက်မကျော်ကျော်တော့ရှိမယ်ထင်တယ်။ လုံးပတ်ကလည်းခပ်ထွားထွားပဲ။

ကိုကို့မတိုင်ခင်တွေ့ခဲ့တဲ့ ဘဲတွေရဲ့ ပစ္စည်းတွေက စံမမှီတန်းမမှီလို့တောင်ပြောလို့ရတယ်။ ဇော်ဇော့်ပစ္စည်းကိုတော့ကျွန်မ မတွေ့ဖူးလိုက်ဘူး။ တွေ့ဖူးဖို့နေနေသာသာ လက်နဲ့တောင် မစမ်းဖူးပါဘူး။ ဆက်ပြောရရင်ကိုကိုကသူ့ပစ္စည်းကိုထုတ်ပြီးတာနဲ့ ကျွန်မကို စပြီးမိတ်ဆက်ပေးတော့တာပဲ။ “ကိုကို သွင်းလိုက်တော့မယ်နော် ချစ်” ကျွန်မရီဝေ၀နဲ့ ကိုကို့မျက်နှာကိုမော့ကြည့်လိုက်တယ်။ ဒီအခြေနေ ရောက်မှ မသွင်းနဲ့ပြောလို့လည်း နားထောင်မှာမှမဟုတ်တော့ပဲ။ ခေါင်းကိုပဲငြိမ့်ပြလိုက်တယ်။ တောင့်တင်းသန်မာနေတဲ့သူ့ပစ္စည်းကြီးက ကျွန်မကိုယ်ထဲကို တစ်ရစ်ချင်းတိုး၀င်လာတယ်။

ကျွန်မနှုတ်ခမ်းကိုဖိကိုက်ပြီး အိပ်ယာခင်းစကို လက်နဲ့ဆုပ်ထားမိတယ်။ မကြုံဖူးတဲ့အရွယ်အစားမို့ ကျွန်မကိုယ်အတွင်းထဲက နည်းနည်းနာသလိုလို ရှိပါတယ်။ ကိုကိုက ကျွန်မနှုတ်ခမ်းတွေကိုဖိကပ်စုပ်နမ်းလိုက်ပြီး နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ရင်သားတွေကို လက်နဲ့ တယုတယ ဆုပ်ပြီးအသာဖြစ်ညှစ်ပေးပါတယ်။ ကျွန်မရဲ့ညည်းသံခပ်တိုးတိုးက ဟိုတယ်ခန်းလေးထဲမှာ စည်းချက်ညီညီထွက်ပေါ်နေတယ်။ ကုတင်ပေါ်မှာတော့ ပက်လက်အနေအထားနဲ့လှဲနေတဲ့ ကျွန်မရဲ့ ပေါင်တွေကို ကိုကိုကလက်နှစ်ဖက်နဲ့ထိမ်းကိုင်ထားပြီး အပေါ်ကအုပ်မိုးရင်း ပန်းတိုင်ရောက်အောင်အားကြိုးမာန်တက် ကြိုးစားနေပါတယ်။

ကိုကိုနဲ့မတွေ့ခင်ရှေ့မှာ ရည်းစားနှစ်ယောက်လောက်ထားဖူးခဲ့တယ်ဆိုပေမဲ့ ကိုကိုနဲ့ဒီနေ့ပထမဆုံး အတွေ့အကြုံဆိုတော့ ကျွန်မရှက်ပြီးမျက်စိတွေမှိတ်ထားမိတယ်။ “ချစ်….ချစ်ပြီးတော့မလား ကိုကိုပြီးလိုက်တော့မယ်နော်” “အင်း..အင်း” ကျွန်မညည်းရင်းညူရင်းပဲပြန်ဖြေလိုက်တယ်။ကျွန်မ ရည်းစားတွေလည်းထားဖူးခဲ့ပြီး ခုလိုလည်း အတူနေခဲ့ဖူးပြီးမှ မိန်းကလေးတစ်ယောက်အနေနဲ့ ပြီးတယ်ဆိုတာကို မခံစားဖူးသေးဘူးဆိုရင် ယုံကြပါ့မလားနော်။ တကယ်ပါ။ လိင်ဆက်ဆံချိန်မှာ စိတ်ကျေနပ်မှုရရင်ပြီးတာပဲ ပြီးတယ်မပြီးဘူးဆိုတာဘာအရေးလဲလို့ပဲ ကျွန်မသဘောထားခဲ့ပါတယ်။

အခုလည်း ကိုကိုမေးတဲ့ ပြီးတော့မလားဆိုတာကို အင်းလို့ပြန်ဖြေတာမဟုတ်ပါဘူး။ သူ့ကိုမြန်မြန်ပြီးခိုင်းလိုက်တာပါ။ အချိန်ကြာတော့ကျွန်မအတွင်းသားတွေက စပ်သလိုကျိန်းသလိုလိုဖြစ်လာပြီလေ။ ကိုကိုက မြန်မြန်သွက်သွက်ကြီး ၁၀ကြိမ်ကျော်ကျော်လောက် ဆောင့်ပြီးတာနဲ့ ကျွန်မကိုယ်ထဲကို သုတ်ရေတွေပန်းထုတ်လိုက်ပါတော့တယ်။ ကိုကိုက ကျွန်မကိုစိတ်ကျေနပ်မှုပေးနိုင်ခဲ့တယ်ဆိုတာ မငြင်းပါဘူး။ ဒါပေမဲ့ကျွန်မသူ့ကိုမချစ်ခဲ့ဘူး။ သူ့အချစ်ကိုပဲသာယာခဲ့တာပါ။ အဲဒီတုန်းကတော့ သူ့ကိုချစ်သလိုလိုရှိပေမဲ့ ခုချိန်ပြန်စဥ်းစားလိုက်ရင် သူ့ကိုမချစ်ခဲ့ဘူးဆိုတာ ပိုပိုသိလာပါတယ်။

ချစ်သူတွေဖြစ်လာပြီးမှ ကိုကို့အကြောင်းကို တဖြေးဖြေးသိလာရတာဆိုတော့ လိင်ဆက်ဆံချိန်မှာသူပေးတဲ့ သာယာမှုကလွဲရင် ကျန်တဲ့အချိန်တွေမှာသူ့ကို ကျွန်မမကြိုက်တဲ့ အချက်တွေ တော်တော်များများရှိပါတယ်။ ကိုကိုနဲ့ကျွန်မက ရှစ်နှစ်ကိုးနှစ်နီးပါး အသက်ကွာနေလို့လားတော့မသိဘူး။ ကိုကို့ရဲ့ ပစိပစပ်များတာ၊ ဇီဇာကြောင်တာ၊ သ၀န်တိုတာ၊ ချုပ်ချယ်တာ အဲဒီ့စိတ်တွေက သာမန်လူတွေထက်ပိုသလိုပဲလို့ကျွန်မခံစားရတယ်။ ကိုယ်ချစ်တဲ့သူကိုသ၀န်တိုတာလောက်တော့ ကျွန်မနားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ယောက်ျားလေး သူငယ်ချင်းမှန်သမျှကို သံသယစိတ်နဲ့ကြည့်ပြီး။

နောက်ကွယ်ကျရင် ဘယ်ကောင်ကဘယ်လိုမကောင်းတာ ဆိုပြီး ပြောတာကျတော့ ကျွန်မသူငယ်ချင်းတွေဘက်က မခံနိုင်သလို ကျွန်မအပေါ်လည်း မယုံကြည်ရာရောက်တယ် မဟုတ်လား။ ကျွန်မကလည်း သူအဲ့လိုလုပ်လေ ပိုအရွဲ့တိုက်ချင်လေဆိုတော့ သူနဲ့ကြိုက်နေတုန်းမှာပဲ နောက်ထပ်ဇာတ်လမ်းတစ်ခုပေါ်လာတော့တာပဲ။ “စပယ်မ….နင့်တိုက်ခန်းရှေ့ရောက်ပြီ ဆင်းလေ……” ကျွန်မသူငယ်ချင်းလှမ်းပြောလိုက်တဲ့အသံကြားမှ ကျွန်မလည်းအတွေးဆက်ပြတ်သွားတော့တယ်။ သူငယ်ချင်းနဲ့ ကိုလတ်ဇင်တို့ နှစ်ယောက်ကို နှုတ်ဆက်ပြီး ကျွန်မနေတဲ့တိုက်ခန်းပေါ်တက်လာခဲ့ပါတယ်။

ကျွန်မဇာတိက ပဲခူးမှာမို့ ရန်ကုန်မှာ မိဖြူနဲ့ လွင်မာဆိုတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့တိုက်ခန်းစုငှားပြီးနေပါတယ်။ ကျွန်မအခန်းထဲရောက်တော့ သူတို့နှစ်ယောက်လည်းပြန်ရောက်နေကြပြီ။ ကျွန်မကိုမြင်တာနဲ့ မိဖြူက ပြုံးစိစိနဲ့…. “ဟဲ့ စပယ်…ငါဒီနေ့ပြန်လာတော့ ငါတို့တိုက်အောက်မှာ ဘယ်သူနဲ့တွေ့တယ်မှတ်လဲ” ကျွန်မလည်းရချိုးဖို့အ၀တ်တွေချွတ်နေရင်းစပ်ဖြဲဖြဲနဲ့ပြန်မေးလိုက်တယ်။ “ဘယ်သူလဲ နင့်ကိုကြိုက်နေတဲ့နင်တို့အလုပ်ထဲကကုလားကြီးလား ဟိဟိ” “ကောင်မ…အကောင်းပြောမလို့ဟာကိုနော်……. အရင်တစ်ပတ်ကငါတို့ကလပ်သွားတော့ နင်နဲ့တွဲကတဲ့ ကောင်လေးလေ အပြန်ငါတို့ကိုတောင်ကားနဲ့လိုက်ပို့ပေးသေးတယ်လေ ငါနာမည်မေ့နေတယ် ဘဲသွေးဆိုလား ဟီးဟီးး”။

“ရဲသွေးပါဟဲ့ ..သူကဘာလာလုပ်တာတဲ့လဲ” “နင့်ကိုလာရှာတာပေါ့ ကောင်မရယ်……..ဖုန်းမကိုင်လို့တဲ့…………ငါလည်း နင့်အလုပ်ကအချိန်ပိုဆင်းရတယ် ဘာညာနဲ့ ပြောလိုက်တယ်…သူကနင့်အလုပ်ကဘယ်မှာလည်းမေးနေသေးတယ်…။ ငါက မေးချင်ရင်တိုက်ရိုက်မေးပါ လို့..ငါကြားထဲကနေ နင်ကြိုက်မှန်းမသိ မကြိုက်မှန်းမသိမပြောချင်ဘူးလို့ ပြောပေးလိုက်တယ်…အဲတော့မှ သူလည်းလမ်းကြုံလို့၀င်ကြည့်တာပါတဲ့ ပြောပြီးလစ်သွားတာပဲ စပယ်တို့များစွံချက်နော်…ကိုကိုဇော်မင်းအောင်ကြီး တစ်ယောက်လုံးရှိနေတာတောင် တန်းလန်းတန်းလန်းတွေက များချက်ပဲ ဟိဟိ” “အေး ချောတဲ့လှတဲ့သူတွေဆိုတော့ ဒီလိုပဲပေါ့ဟာ” ကျွန်မမိဖြူကိုလျှာထုတ်ပြလိုက်ရင်းရေချိုးခန်းထဲ၀င်လာလိုက်တယ်။

ရေချိုးနေရင်းရဲသွေးအကြောင်းကို စဉ်းစား မိသေးတယ်။ ကောင်လေးက ၁၈ ၁၉နှစ်လောက်ပဲရှိအုံးမယ်။ တက္ကသိုလ်တက်နေတုန်းတဲ့။ စတိုင်ကခပ်မိုက်မိုက်လေး။ မျက်နှာကလည်း ကိုးရီးယားမင်းသားတွေလို နုနုဖတ်ဖတ်နဲ့။ ကျွန်မကဒီလိုပုံစံမျိုးမကြိုက်တတ်ပါဘူး။ ပုံစံကသန့်သန့်ပြန့်ပြန့်မို့ ကလပ်ထဲမှာ ကနေရင်း အတင်းကြီးလာရောတော့လည်း ရေလိုက်ငါးလိုက်ပြန်ဆက်ဆံလိုက်တာပါ။ အပြန်ကိုလိုက်ပို့ရင်း ကျွန်မတို့ သုံးယောက်ဖုန်းနံပါတ်တွေတောင်းသွားသေးတယ်။ ဒါပေမဲ့ သူဖုန်းဆက်တာက ကျွန်မတစ်ယောက်ထဲကို……..။ရဲသွေးတစ်ယောက်ကျွန်မကိုနေ့ရောညရောဖုန်းဆက်ပြီးကျူနေတာကို ကျွန်မသူငယ်ချင်းတွေကို အသိမပေးဘဲထားခဲ့တယ်။

ညဘက်ကိုကိုနဲ့ဖုန်းပြောပြီးတာနဲ့သူ့ဖုန်းကတန်း၀င်လာတော့ဆိုတော့ သူငယ်ချင်းတွေလည်းမရိပ်မိကြဘူးလေ။ သူတို့ကလည်း သူတို့ဘဲတွေနဲ့ဖုန်းပြောနေရတာနဲ့ အာရုံတောင်စိုက်မိမှာမဟုတ်ပါဘူး။ ရေချိုးပြီးတာနဲ့ ကိုကို့ဖုန်းကတန်း၀င်လာလို့ပြေးကိုင်ရတယ်။ မကိုင်မိဘဲ missed call များဖြစ်နေရင်ရစ်လို့ဆုံးမှာမဟုတ်တော့ဘူးလေ။ အခုတောင် သူငယ်ချင်းတွေနဲ့တွေ့မယ်ပြောထားရက်နဲ့ အိမ်ပြန်နောက်ကျတယ်ဆိုပြီး ရစ်နေတာမပြီးတော့ဘူး။ နားနှစ်ဖက်လုံးထူပူနေအောင်နားထောင်ပြီးတော့မှ ခါတိုင်းလိုပဲ အရမ်းချစ်လွန်းလို့ပါ ချစ်ရယ်နဲ့ အဆုံးသတ်ပြီးဖုန်းချသွားတယ်။

ဟူး……ဒီဘဲကြီးကိုမြန်မြန်ဖြတ်လိုက်ရင်ကောင်းမယ် ထင်တယ်လို့စိတ်ပေါက်ပေါက်နဲ့တွေးမိတယ်။ “ဟဲ့ စပယ် နင့်ကိုကိုနဲ့ပြတ်သွားကြပြီဆို…. ? ” ရုံးမှာအလုပ်လုပ်နေရင်း G talk ကလှမ်းမေးလိုက်တဲ့ ကိုလတ်ဇင်ကြောင့် လုပ်လက်စအလုပ်ခဏထားပြီး ပြန်ဖြေလိုက်တယ်။ “ဟုတ်တယ် ကိုကြီး…စပယ်တို့ပြတ်သွားပြီ” “အမ်…ဘယ်လိုဖြစ်ကြတာတုန်းဟာ….နင်တို့ကလည်း…” “ဒီလိုပဲလေ..တစ်ပူငြိမ်းတာပေါ့ အဟီး…. ? ” “အွန်…..ငါကတော့နင်အသဲတွေကွဲပြီး ၀မ်းနည်းနေမလားလို့…အရက်သောက်ကြမလားလို့အဖော်စပ်မလို့…. ဟီးဟီး နင်ကဘာမှမဖြစ်ဘူးဆိုတော့ ထားပါတော့ ? ” ။

“အမယ်လေး…သောက်ချင်ရင်သောက်ပေါ့…..စပယ်တို့က သူများလိုအသဲကွဲတယ်ဆိုပြီးအကြောင်းပြချက်နဲ့ သောက်တာ မှုတ်ဖူး…ကြိုက်လို့သောက်တာ ဟိဟိ ? ” “ အေးအေး..အာ့ဆိုလည်း ဒီတပတ်စနေအားလား..တွေ့ကြမယ် တစ်ခြားသူတွေလည်းခေါ်ထားလိုက်မယ်” “စနေမအားဝူး….. တနင်္ဂနွေလုပ်လိုက်နော်” “အေးပြီးရော…အသဲကွဲတဲ့အထိမ်းအမှတ်နဲ့နင်တိုက်ဖို့ပြင်ထား :P” ။ “မကွဲပါဝူးဆိုနေမှ :” Computer screen ပေါ်မှာ smiley အရုပ်လေးတွေ ရီပြလိုက် လျှာထုတ်ပြလိုက် စိတ်ဆိုးပြလိုက်နဲ့ အလုပ်များနေကြတာကို အဓိပါယ်မဲ့ငေး ကြည့်ရင်း ကိုကိုနဲ့ပြတ်သွားရတဲ့အကြောင်းအရင်းက ကျွန်မခေါင်းထဲပေါ်လာတယ်။

ပြောရရင်ကိုကိုနဲ့ကျွန်မပြတ်သွားတာ ရဲသွေးကြောင့်ပါ။ ကိုကိုနဲ့ညတိုင်းဖုန်းပြော ပြီးတာနဲ့ ရဲသွေးကကျွန်မဆီဖုန်းဆက်တယ်။ ဘယ်အချိန်လောက်ဆက်လို့ကျွန်မပြောထားလို့ပါ။ တစ်ညကျတော့ ရဲသွေးနဲ့ပြောနေတုန်းကိုကိုက ပြောစရာကျန်သေးလို့ ထပ်ဆက်တော့ဖုန်းကမအားဘူး။ သူငယ်ချင်းတွေဆီဆက်တော့လည်း မိဖြူက အပြင်ရောက်နေတယ်။ လွင်မာက သူ့ဘဲနဲ့ပြောနေလို့ ဖုန်းမအားဘူး။အဲဒီ့မှာကိုကိုကကျွန်မကိုမင်္သကာဖြစ်သွားတယ်နဲ့တူတယ်။ နောက်နေ့ မပြောမဆိုနဲ့ ရန်ကုန်ရောက်ချလာပြီး ကျွန်မ တို့တိုက်ရှေ့မှာ ချောင်းနေတာ။ ဖြစ်ချင်တော့ အဲဒီနေ့က ရဲသွေးကရုံးလာကြိုပြီး ပြန်လိုက်ပို့ပေးတာနဲ့ တည့်တည့်တိုးတယ်။

ရဲသွေးပြန်သွားတာနဲ့ ကျွန်မဆီလာပြီး မျိုးစုံစွပ်စွဲတော့တာပဲ။ အဲဒီအချိန်မှာရဲသွေးနဲ့ကျွန်မအီစီကလီဆိုပေမဲ့ ဘာမှဖြစ်ကြသေးတာတော့မဟုတ်ဘူး။ သူက အော်ကြီးဟစ်ကျယ်မဟုတ်ပေမဲ့ ဒေါသသံနဲ့ ပြောနေတော့ အသံတွေကကျယ်လာပြီး လမ်းသွားလမ်းလာတွေနဲ့ အနီးအနားလူတွေကလည်းကြည့်နေကြတာ။ ကျွန်မလည်းရှက်လာတယ်။ သူ့ကိုလည်းစိတ်ကုန်လာပြီး ဘာမှရှင်းပြမနေချင်တော့တာနဲ့ “ဟုတ်တယ်… ရှင်စွပ်စွဲတာတွေအားလုံးမှန်တယ် ကျေနပ်ပြီလား” လို့ပြောချပလိုက်တယ်။ သူက သူမျှော်လင့်ထားပုံမရတဲ့ စကားကို ကြားလိုက်ရသလိုမျိုး တအံ့တသြဖြစ်ပြီး ခဏငြိမ်သွားတယ်။

နောက်တော့ တောက် တစ်ချက်ခေါက်ပြီး ဘာမှမပြောတော့ပဲ လှည့်ထွက်သွားတော့တာပဲ။ အဲဒီမှာတင် ကိုကိုလို့ကျွန်မခေါ်ခဲ့တဲ့ ကိုဇော်မင်းအောင်နဲ့ ဇာတ်လမ်း တစ်ခန်းရပ်သွားပါတော့တယ်။ “မ..သောက်လေ သိပ်လည်းမသောက်သလိုပဲ…ဘာထပ်မှာပေးရမလဲ” ပြုံးပြုံးလေးမေးနေတဲ့ ရဲသွေးကို ကျွန်မခေါင်းရမ်းပြပြီး ရှေ့ကဘီယာခွက်ကိုလှမ်းကိုင်လိုက်တယ်။ ဒီကောင်လေးက အပြုံးတော့ချိုသား။ သောက်ရင်းစားရင်း စကားပြောရင်းနဲ့ပဲ ကျွန်မအရှိန်မလွန်အောင် သတိထားနေတဲ့ကြားက ခေါင်းထဲမှာတော်တော် မူးလာတယ်။ အန်ချင်သလိုလိုလည်းဖြစ်လာတာနဲ့ Toilet ထဲ၀င်ပြီး လုပ်စရာရှိတာတွေလုပ် ပြန်ထွက်လာတော့ သူက တံခါး၀မှာရပ်စောင့်နေပြီး။

“မ မူးနေပြီးမလား..သွားကြမယ် ကျွန်တော်ပြန်လိုက်ပို့မယ်” အဲလိုပြောပြီး ကျွန်မကိုခေါ်သွားတာ ဟိုတယ်တစ်ခုကိုပါ။ အခန်းထဲရောက်တော့တံခါးပိတ်ပြီးရုံရှိသေး ကျွန်မကိုနံရံမှာ ဆွဲကပ်…သူကထိုင်ချင်လိုက်ပြီးကျွန်မ၀တ်ထားတဲ့ဂါ၀န်အတိုလေးအောက်ကို သူ့ခေါင်းထိုးထည့်လိုက်တယ်။ ကျွန်မလည်း ဂါ၀န်အုပ်နေတဲ့သူ့ခေါင်းကိုကိုင်ထားရင်း ငါဘာလို့ဒီကိုလိုက်လာမိပါလိမ့်..လို့ မူးမူးနဲ့ယောင်တောင် ပေါင်တောင်ဖြစ်ပြီးစဉ်းစားနေမိတယ်။သတိပြန်၀င်လာတော့ သူကကျွန်မဂါ၀န်ကိုဆွဲချွတ်ပြီးနေပြီ။ သူနဲ့မျက်နှာချင်းဆိုင်ဖြစ်နေတဲ့ကျွန်မကိုယ်လုံးကို ဆွဲလှည့်လိုက်ပြီးနံရံကိုလက်ထောက်ခိုင်းလိုက်တယ်။

ပန်တီ ပန်းနုရောင်လေးကို ဆွဲချွတ်ချလိုက်ရင်း ကျွန်မခြေထောက်တွေကို သူ့လက်နဲ့ တစ်ဖက်တစ်ချက်ဆီကိုင်ပြီး ကားလိုက်တယ်။ သူ့ဘောင်းဘီကိုလည်းချွတ်လိုက်ပြီး အနောက်ကနေသူ့ပစ္စည်းနဲ့ ခြေထောက်ကားထားလို့ နဲနဲဟနေတဲ့ ကျွန်မအကွဲကြောင်းလေးကို ပွတ်ပြီးဆွဲနေပါတယ်။ “ဟား……..ချစ်လိုက်တာမရယ်” သူ့ပစ္စည်းကိုထိုးထည့်ရင်းပြောလိုက်တာကြောင့် ချစ်လိုက်တာလို့ပြောတာလား ကျပ်လိုက်တာလို့ ပြောတာလား မသဲကွဲလိုက်ဖူးရယ်။ တကယ်လည်းသူ့ပစ္စည်းကကျွန်မကိုယ်ထဲမှာကျပ်ညပ်နေပါတယ်။ နောက်ကျောပေးထားတာ ကြောင့် ကျွန်မလှမ်းမမြင်ရသေးဘူး။

ထိန်းမရနိုင်တဲ့ စိတ်ဆန္ဒကြောင့် ကျွန်မခြေထောက်တွေပိုကားလာပြီး တင်ကိုအနောက်ပစ်ထားမိတယ်။ ဒီလိုပုံစံကယောက်ျားလေးကအရပ်အရမ်းရှည်နေရင်အဆင်မပြေတတ်ဖူးမဟုတ်လား။ သူကတော့ကျွန်မနဲ့အရပ်မတိမ်းမယိမ်းမို့ အနောက်ကနေအဲလိုထည့်ရတာ အဆင်ပြေပုံရတယ်။ ကျွန်မရဲ့ကြိုးသိုင်းဒေါက်ဖိနပ်ကိုမချွတ်ရသေးတာလည်းပါမှာပေါ့။ “အ..အားးး” ရဲသွေးရဲ့ဆောင့်ချက်တွေပိုပြီးမြန်လာသလို ကျွန်မရဲ့ညည်းသံတွေကလည်းပိုပိုကျယ်လာတယ်။ တင်တွေကိုလည်းအနောက်ပစ်ပြီး တန်ပြန်ဆောင့်ပေးနေမိတယ်။ သူကတော့ ဘရာကျွတ်သွားပြီးဖြစ်တဲ့ ကျွန်မရင်သားနှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်ခြေမွရင်း အမြန်ဆုံးနှုန်းနဲ့ဆောင့်ရင်း ခရီးဆုံးကိုရောက်အောင် သွားနေပါတယ်။

နောက်ဆုံးတော့ ကျွန်မတင်သားတွေကို လက်နှစ်ဖက်နဲ့အတင်းဆွဲကပ်ဖိညှစ်ရင်းက “ပြီးတော့မယ် ပြီးတော့မယ် မ…..အားးးအားးး” အသံမျိုးစုံအော်ဟစ်ရင်း ကျွန်မနောက်ကျောကိုမှီဖက်လိုက်တယ်။ အိပ်ယာပေါ်လှဲအိပ်ရင်း အမောဖြေနေကျတော့မှ သူ့ပစ္စည်းကိုကျွန်မသေသေချာချာကြည့်မိတယ်။ အရှည်က သာမာန်လောက်ပဲ ……လုံးပတ်ကတော့တော်တော်ကိုကြီးပါတယ်။ တိုတိုတုတ်တုတ်ကြီးပေါ့။ ကျွန်မကြည့်နေတာကို သူတွေ့သွားပြီး သူ့ပစ္စည်းကိုလက်နဲ့အုပ်ထားလိုက်တယ်။ “ဟိဟိ မကြည့်ပါနဲ့ မရယ်…သားဟာလေးက တိုတိုလေး” “အယ် အဲလောက်လည်းမတိုပါဘူး…လုံးပတ်ကတော်တော်ကြီးနေတယ်နော်…..။

ဆေးတွေဘာတွေများစားထားလား” “အာ..မစားပါဘူး မရယ်…ဒါအော်ရီဂျင်နယ်ပါ အဟိ……….ဒါနဲ့… မမပူစီလေးကလေ အရမ်းကျပ်ပြီးကောင်းတာပဲ သိလား” “အော်…ဒါကတော့ နင့်ဟာကြီးက တော်တော်တုတ်တာကိုး ရဲသွေးရဲ့…ကျပ်မှာပေါ့” သူ့ကိုမျက်စောင်းထိုးရင်း ပြောလိုက်တော့ သူကခပ်ပြုံးပြုံးနဲ့ကျွန်မနှုတ်ခမ်းတွေကို ဖိကပ်ပြီးနမ်းလိုက်တယ်။ လူသာငယ်ပေမဲ့ သူအတွေ့အကြုံအပြည့်ရှိပုံရပါတယ်။ ဒီကိစ္စမတိုင်ခင်က ကျွန်မတို့ညဘက်လျှောက်လည်ကြရင်း ကားပေါ်မှာ သူက ဟိုကိုင်ဒီနှိုက်လုပ်ဖူးပြီးပြီ ဆိုတော့ သိပ်ရှက်မနေကြတော့ဘဲ ဒီလိုပွင့်ပွင့်လင်းလင်းပြောဖြစ်ကြတာလေ။

အဲဒီ့နေ့ ဟိုတယ်က မပြန်ခင် သူနဲ့ နှစ်ခါလောက် ထပ်ဆွဲဖြစ်ကြပါသေးတယ်။ “ မ…..ကျွန်တော်သွားရင် လွမ်းနေမှာလားဟင်” “အရမ်းလွမ်းနေမှာပေါ့ မောင်ရယ်…….” မျက်နှာငယ်လေးနဲ့မေးလာတဲ့သူ့အမေးကြောင့် ကျွန်မမျက်နှာသေလေးနဲ့ပြန်ဖြေလိုက်တယ်။ ရဲသွေးက ကျွန်မကို သူ့ရင်ခွင်ထဲဆွဲဖက်ထားလိုက်တယ။် သူအမေရိကားကို သွားရတော့မယ်လေ။ ဟိုမှာ သူ့အမေလည်း ရှိနေလို့ ကျောင်းသွားတက်ဖို့စီစဉ်နေတာကြာပြီဆိုပေမဲ့ ကျွန်မနဲ့တွေ့ပြီးနောက်ပိုင်း သူမသွားချင်တော့လို့ သူ့အမေကိုပြောသေးတယ်တဲ့။ အားလုံးစီစဉ်ပြီးတဲ့အခြေအနေမို့ သူ့အမေကလည်း လက်မခံတာကြောင့် မသွားမဖြစ်သွားရတော့မယ်ဆိုပြီး ကျွန်မကို မျက်ရည်စမ်းစမ်းနဲ့ပြောပြနေတယ်။

“ကျောင်းပိတ်တာနဲ့ မောင်ပြန်လာဖို့ကြိုးစားမယ် မကိုအရမ်းချစ်တယ်မ.. မောင့်ကိုစောင့်နေပါနော်” “စောင့်မှာပေါ့မောင်ရယ်…စိတ်ချပါ” အလိုက်သင့်စကားတွေပြောခဲ့ပေမဲ့ သူထွက်သွားကတည်းက ကျွန်မ internet က သူသိတဲ့ ရှိသမျှ အကောင့်တွေကို မသုံးတော့ဘဲ အသစ်လုပ်လိုက်ပြီး သူ့ကိုအဆက်အသွယ်ဖြတ်လိုက်တာကြာပြီလေ။ မသိတဲ့နိုင်ငံခြား Ph call တွေလည်း black list သွင်းပလိုက်တာ။ ရည်းစားသက်တမ်းလည်း ဘယ်လောက်မှမရှိသေးတဲ့အချိန်မှာ ဒီလိုနိုင်ငံခြားထွက်သွားတဲ့ချစ်သူကိုစောင့်နေပြီး သူက ဖြတ်တာခံမဲ့အစား ကျွန်မကပဲစပြီးသံယောဇဉ်ဖြတ်ပစ်လိုက်တယ်။

အတွေ့အကြုံတွေအရ သူ့လိုကောင်လေးမျိုးတွေ ဘယ်လိုအချိုးချိုးတတ်တယ်ဆိုတာ ကျွန်မသိပြီးသား။ ကျွန်မခန့်မှန်းတာ မမှားပါဘူး။ သိပ်မကြာခင်ပဲ ကျွန်မဆီကို ကောင်မလေးတစ်ယောက်ဖုန်းဆက်ပြီး သူက ရဲသွေးရဲ့ချစ်သူဖြစ်တဲ့အကြောင်း…..ရဲသွေးကသစ္စာဖောက်ပြီး နောက်တစ်ယောက်တွဲနေတယ်ကြားလို့ စုံစမ်းနေတာ ခုမှပဲကျွန်ဖုန်းနံပါတ်ကိုရတဲ့အကြောင်း….. သူတို့ချစ်သူ နှစ်ယောက်ကို မနှောက်ယှက်ဖို့နဲ့ အခုနိုင်ငံခြားထွက်သွားပြီးတော့ အွန်လိုင်းမှာတွေ့တာတောင် ရဲသွေးက သူ့ကိုအင်တင်တင်ဆက်ဆံနေတဲ့အကြောင်းတွေလာပြောပါတော့တယ်။ ကျွန်မရီရီမောမောနဲ့ ဒီလိုလေးပဲ ပြန်ပြောလိုက်ပါတယ်။

“သူထွက်သွားကတည်းက အမသူ့ကိုအဆက်အသွယ်ဖြတ်လိုက်တာလေ…မယုံရင်သူ့ကိုမေးကြည့်လိုက် ညီမလေး.. သူ့မှာရီးစားရှိနေတာ သိလို့တော့မဟုတ်ပါဘူး…အမဘာသာ ပျင်းလာလို့ သူ့ကိုလည်း မယုံလို့ ဖြတ်လိုက်တာ… ညီမလေး စိတ်မပူပါနဲ့ ။ သူအမကိုလုံး၀ဆက်သွယ်လို့ရတော့မှာမဟုတ်ဖူး အမဖုန်းလည်း ပြောင်းတော့မှာ…… အမကလည်းသူ့ကိုအဆက်အသွယ်မလုပ်တော့ဘူးဆိုတော့ ညီမလေးပဲသူ့ကိုပြောပြလိုက်ပါ….အခုညီမလေးအကြောင်း အမသိသွားပြီဆိုတော့ အမသူ့ကို မုန်းလိုက်ပြီ ဆိုတဲ့အကြောင်းကိုပေါ့……အမလည်းအကြောင်းပြချက်ရသွားတာပေါ့ ဟင်းဟင်း….” ရဲသွေးနဲ့ဇာတ်လမ်းပြီးတဲ့နောက်ပိုင်းမှာ ကျွန်မတစ်လနှစ်လလောက်ခြေငြိမ်နေခဲ့တယ်။

ရီးစားထားရတာလည်း ပျင်းလာသလိုလိုမို့ သူငယ်ချင်းတွေနဲ့လျှောက်သွားလိုက် လည်လိုက်ပတ်လိုက်နဲ့ပဲ ပျော်ပျော်နေလိုက်တယ်။ သူငယ်ချင်းတွေထဲမှာ ကိုလတ်ဇင်လည်း ပါတာပေါ့။ သူ့အိမ်က ကျွန်မနေတဲ့နေရာနဲ့ နီးတော့ ခဏခဏဆိုသလို တွေ့ဖြစ်ကြပါတယ်။ တစ်နေရာရာသွားချင်လို့ သူငယ်ချင်းတစ်ယောက်မှ အဖော်စပ်လို့မရရင်တောင် သူ့ကို အမြဲခေါ်လို့ရတယ်လေ။ သူကလည်း ကျွန်မခေါ်ရင် အလုပ်တွေအသာထားခဲ့ပြီး ဘယ်နေရာမဆို လိုက်တာကိုး။မိန်းကလေးတွေရဲ့ အကဲခတ်ခန့်မှန်းတတ်တဲ့စိတ်အရကိုလတ်ဇင်ကြီးတစ်ယောက်ခုတလော ကျွန်မအပေါ်အရင်လိုမရိုးသားတော့ဘူး ဆိုတာကျွန်မစိတ်ထဲအလိုလို သိနေတယ်။

သူ့ပုံစံကိုပြောပြရရင် သူက အသား လတ်လတ် ခပ်ပိန်ပိန်နဲ့ သာမာန်ရုပ်ရည်မျိုးပါပဲ။ ကျွန်မနဲ့ အသက် ၇ နှစ်လောက်ကွာပေမဲ့ ၀တ်ပုံစားပုံက လူငယ်တစ်ယောက်လို မို့ နဂိုအသက်ထက် ငယ်တယ်ထင်ရတယ်။ နိုင်ငံခြားမှာ နေဖူးခဲ့တယ်ဆိုပေမဲ့ ပညာနဲ့လုပ်စားခဲ့တာမဟုတ်ဘဲ ရရာအလုပ် ဆိုသလို လုပ်ခဲ့ရတာကြောင့် သူကမချမ်းသာပါဘူး။ ဒီကိုပြန်လာပြီး သူငယ်ချင်းတွေနဲ့စပ်တူ ကိုယ်ပိုင်အလုပ်လေး တစ်ခု အစပျိုးဖို့အခုမှရုန်းကန်နေရတုန်းပါ။ မိသားစုဆိုတာလည်း အဖေတစ်ယောက်ပဲရှိတော့တာကြောင့် အသက်ကြီးလာတဲ့ အဖေကြီးကို ပြန်စောင့်ရှောက်ဖို့ သားအဖနှစ်ယောက်တိုက်ခန်းလေးတစ်ခု၀ယ်နေရင်း အလုပ်ကြိုးစားနေရသူပါ။

သူ့ကိုစတွေ့ကတည်းကသူများနဲ့မတူတဲ့အချက်တစ်ခုကိုကျွန်မသတိထားမိတယ်။ ရိုးသားခြင်းပါပဲ။ လူတော်တော် များများမှာကျွန်မရှာမတွေ့နိုင်တဲ့အချက်ပေါ့။ လောကကြီးကို ရိုးရိုးရှင်းရှင်းကြည့်တတ်ပြီး စိတ်ထဲရှိတဲ့အတိုင်းပဲ နေတတ်ထိုင်တတ်တယ်။ ဘ၀သမားမို့ အ၀တ်အစားအပြင်အဆင်ကလည်း အမြဲရိုးရိုးပဲဖြစ်နေတတ်တယ်။ ဘယ်တော့ မဆိုသူစကားပြောလိုက်ရင် တစ်ခုခုလုပ်လိုက်ရင် သူစိတ်ထဲရှိတဲ့အတိုင်း ပြောတယ် လုပ်တယ်ဆိုတဲ့ ရိုးသားမှုက သူ့မျက်နှာမှာ အထင်းသားပေါ်နေတယ်။ ဒါကြောင့်မို့ အဲလိုရိုးသားတဲ့သူတစ်ယောက်က မရိုးမသားဖြစ်နေပြီ ဆိုရင် သူ့မျက်နှာထား နဲ့ပုံစံက သိပ်သိသာပါတယ်။

ကျွန်မထင်ထားတဲ့အတိုင်းပဲ သူတနေ့တော့ကျွန်မကိုဖွင့်ပြောလာခဲ့ တယ်။ ပြန်စဉ်းစားကြည့်ရင်ဘယ်ရက်ရယ်လို့ခေါင်းထဲအတိအကျမရှိပေမဲ့ မှတ်မှတ်ရရဖြစ်နေတဲ့ တနင်္ဂနွေနေ့လေး တစ်ခုမှာပေါ့။ အလုပ်မှာဖြေရှင်းခဲ့ရတဲ့ စိတ်ညစ်စရာကိစ္စတစ်ချို့ကြောင့် ဘယ်မှမထွက်ချင်ပဲ အိမ်မှာပဲကျွန်မခွေအိပ်နေမိတယ်။ အဲလိုတုန်း ကိုလတ်ဇင်ဆီကဖုန်းလာတယ်။ ဘာလုပ်နေလဲ ဘယ်မှမသွားဘူးလားတဲ့။ စိတ်ညစ်စရာတွေရှိလို့ မသွားချင်ဘူးဆိုတော့ ဘီယာ၀ယ်လာခဲ့မယ် တနေရာမှာသောက်ပြီး စကားပြောရအောင်တဲ့။ ကျွန်မလည်း သူပြောတာ လက်ခံလိုက်ပြီး အ၀တ်အစားတွေဘာတွေကောက်လဲ သူလာခေါ်မဲ့အချိန်ကို စောင့်နေခဲ့တယ်။ သူလာတော့ ညနေ ၆ နာရီလောက်ရှိပြီ။

ဘီယာပုလင်းလေးတွေ ကိုင်လို့ မြည်းစရာမုန့်လေးဘာလေး၀ယ်ရင်း သွားနေကျ ကန်ဘောင်ကိုပဲ လှည်းတန်းကနေ နှစ်ယောက်သား လမ်းလျှောက်လာကြတယ်။ ညနေစောင်းမို့ ပြည်လမ်းပေါ်က တဝှီးဝှီးဖြတ်သွားကြတဲ့ကားတွေနဲ့အတူ ဆောင်းတွင်းလေ ချမ်းစိမ့်စိမ့်က ကျွန်မတို့ကိုယ်ပေါ်ကို ဖြတ်သန်းတိုက်ခတ်နေတယ်။ အေးကနဲဖြစ်သွားတဲ့ပါးနဲ့ နားရွက်တွေကို ဂျင်းဂျတ်ကတ် လက်ရှည်၀တ်ထားတဲ့ လက်တွေနဲ့ကိုင်အုပ်ရင်း ဆွယ်တာ လက်စက ခပ်ပါးပါးပဲ၀တ်လာတဲ့သူ့ကို ချမ်းဘူးလား..လို့ လှမ်းမေးလိုက်တယ်။ သူက ခေါင်းရမ်းရင်း သောက်လိုက်ရင်နွေးသွားမှာတဲ့။ ကျွန်မတို့နှစ်ယောက်စကားတပြောပြောနဲ့ ကန်ဘောင် အစွန်က ကျောက်တုန်း ပန်းခြံလေးထဲ ၀င်ထိုင်လိုက်ကြတယ်။

အဲဒီ့နေရာက ကျောက်တုန်းနဲ့ သစ်ပင်တွေကွယ်နေလို့ ဘီယာပုလင်းတွေကို လူမြင်သူမြင်ကြီး မော့စရာမလိုတော့ဘူးပေါ့။ နှစ်ယောက်သား ဘီယာလေးမော့ရင်း ၀ယ်လာတဲ့ကြက်ကြော်လေးမြည်းရင်း ရင်မောရတဲ့ကိစ္စလေးတွေရင်ဖွင့်ရင်းပေါ့။ ကျွန်မကတော့သိပ်များများစားစားမောစရာမရှိဘူးရယ်။ ပျော်လို့သာရန်ကုန်မှာအလုပ်လာလုပ်နေတာ ပဲခူးမှာနေလည်း ကျွန်မတို့ မိသားစုကပြည့်စုံကြတယ်။ အခုလည်း ရတဲ့လစာ ကိုယ်သုံးတာ မလောက်တဲ့အပြင် အိမ်ကတောင် လှမ်းပေး နေရသေးတယ်လေ။ အလုပ်ကလည်း တစ်ခါတလေစိတ်ရှုပ်စရာလေးတွေရှိတတ်ပေမဲ့ ပြေလည်သွားတော့လည်း ပြီးသွားတာပဲမဟုတ်လား။

ကိုယ်စိတ်တိုင်းမကျတဲ့အချိန် ထွက်လိုက်ရုံဆိုပေမဲ့ အတွေ့အကြုံလည်းရအောင် contract သုံးနှစ်လည်းပြည့်အောင်တော့ မကျေနပ်တာလေးတွေသည်းခံပြီး လုပ်နေရုံပဲ။ သူကလည်း သူ့အလုပ်အကြောင်း အဆင်မပြေသေးတာလေးတွေပြောပြတာပေါ့။ ဟိုအကြောင်းဒီအကြောင်းပြောကြရင်း ကျွန်မအရမ်းချစ်ခဲ့ဖူးတယ်ဆိုတဲ့ ရီးစားဟောင်းအကြောင်း သူကမေးလာတယ်။ ဘီယာအရှိန်ရီဝေ၀နဲ့ အဲ့ဒီအကြောင်းတွေပြန်စဉ်းစားရတာ တမျိုးကြီးရယ်။ အတိတ်ကိုပြန်ရောက်သွားသလိုမျိုး ကျွန်မရဲ့ လွမ်းလွမ်းဆွေးဆွေးအသံတွေကို နားထောင်နေရင်း နာကျည်းစရာအခန်းတွေရောက်တော့ သူက တော်ပါတော့ဟာတဲ့။

ငါမေးမိတာဆောရီးတဲ့။ ပြောရင်းနဲ့ ကျွန်မလက်ကိုဆုပ်ကိုင်ထားတယ်။ ဝဲတက်လာတဲ့ မျက်ရည်တွေကို သူမမြင်အောင် မျက်တောင်ပုတ်ခက်ပုတ်ခတ်လုပ်ပြီး ခေါင်းကိုငုံ့လိုက်တာတောင် သူကမြင်ဖြစ်အောင် မြင်သွားသေးတယ်။ ကျွန်မလက်တစ်ဖက်ကိုသူကကိုင်ထားပြီး ကျန်တဲ့တစ်ဖက်ကလည်းဘီယာပုလင်းကို ကိုင်ထားတာ ကြောင့် မျက်ရည်တွေသုတ်ဖို့ လက်မအားတဲ့ကျွန်မရဲ့မျက်နှာကို သူကမေးစေ့ကနေဆွဲကိုင်ပြီး မျက်ရည်တွေသူ့လက်နဲ့သုတ်ပေးတယ်။ ပြီးတော့ကျွန်မကိုစိုက်ကြည့်ရင်း နင့်နင့်နဲနဲ စကားတစ်ခွန်းပြောတယ်။ “အဲ့ဒီကောင်အရမ်းကံကောင်းတယ်” တဲ့။

ကျွန်မရင်ထဲဆို့နင့်နင့်ကြီးဖြစ်နေတယ်။ ရင်ထဲကငြိမ်နေတဲ့မီးတောင်ကို သွားဆွလိုက်သလိုပဲ ချော်ရည်ပူပူတွေကျွန်မနှလုံးသားကို ဖုံးလွှမ်းနေပြီလေ။ သူက စကားစပြတ်အောင်မျက်နှာလွှဲပြီး တခြားအကြောင်းတွေ လျှောက်ပြော နေပေမဲ့ ကျွန်မစိတ်မ၀င်စားနိုင်တော့ဘူး။ တုံ့ပြန်သံတိတ်နေတဲ့ကျွန်မကို သူကစကားပြောနေရင်းတန်းလန်း လှည့်ကြည့်လိုက်ရင်း သက်ပြင်းတစ်ချက်ချတယ်။ ကျွန်မတို့ကြားခြားနေတဲ့ ကျောက်တုံးလေးပေါ်ပြောင်းထိုင်လိုက်ပြီး ကျွန်မကို ဖက်ထားရင်းက သူငြီးတယ်။ ငါ့ညီမရယ်…တဲ့။ သူ့ရင်ခွင်ထဲကို ခေါင်းမှီလိုက်တဲ့အချိန်မှာ ကျွန်မဆီက ရှိုက်သံသဲ့သဲ့လေးထွက်လာတယ်။

သူကြားမကြားတော့မသိဘူး။ စကားကို ဆက်လိုက်တယ်။ ငါနင့်ကို အရမ်းချစ်တယ်ဟာ…တဲ့။ အင်…….။ ဗီဒီယိုဇာတ်လမ်းတစ်ခုကိုကြည့်နေရင်း pause ကိုနှိပ်လိုက်သလိုမျိုးပဲ ရည်းစားဟောင်းနဲ့ ပတ်သက်တဲ့ကျွန်မခံစားချက်တွေ တိခနဲရပ်သွားတယ်။ မျှော်လင့်ပြီးသားစကားဆိုပေမဲ့ မမျှော်လင့်တဲ့အချိန်မှာ ကြားလိုက်ရတာမို့ ကျွန်မရုတ်တရက်ကြောင် တောင်တောင်လေးဖြစ်သွားတာရယ်။ အင်…ဆိုပြီး မသဲမကွဲအသံနဲ့အတူ ကျွန်မသူ့ကိုခေါင်းထောင်ကြည့်လိုက်တယ်။ တစ်ခြားအချိန်တွေဆို ထားပါတော့။ ဒီလိုအချိန်ကြီးမှာ သူပြောလိမ့်မယ်လို့ ကျွန်မထင်မထားဘူး။

တကယ်ထင်မထားဘူး။ သူကတော့ ဖီးလ်အပြည့်နဲ့ ဆက်ပြောနေတယ်။ “ငါနင့်ကိုချစ်နေခဲ့တာကြာပြီ….ငါ့ဘ၀ငါ့အခြေအနေနဲ့ နင်စိတ်ဆင်းရဲမှာဆိုးလို့ပြောဖို့ချိန်ဆခဲ့ရတာ… နင်ခုလိုမျိုး တခြားတစ်ယောက်အတွက်ငိုနေတဲ့မျက်ရည်တွေကို ငါ့မကြည့်ရက်ဖူးဟာ………ပြီးတော့ နင်ဒီလိုအချစ်ကြီးပုံမျိုး ငါတစ်ခါမှမတွေ့ဖူးဘူး…… ငါလေးလည်းလေးစားတယ် အားလည်းအားကျတယ်…. ဒါတွေနားထောင်ရတော့ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ချစ်သူဖြစ်လာခဲ့ရင်တောင် နင်သူ့ကိုချစ်တဲ့အချစ်မျိုး တ၀က်လောက်တောင် ငါမရရင် မရပါစေ ငါကတော့နင့်ကိုအဲလိုမျိုးချစ်သွားချင်တယ် သိလား…” အူကြောင်ကြောင်ဖြစ်နေတဲ့ကျွန်မကို ဒေါသဖြစ်သလိုလို ရှက်သလိုလို စိတ်တွေက လှုပ်နိုးလိုက်သလိုပဲ။

ကျွန်မအချစ်က သူပြောသလို လေးစားလောက်တဲ့အချစ်မျိုးလို့လည်း ကျွန်မတစ်ခါမှမခံယူဘူးပါဘူး။ ကိုယ့်ကိုကိုယ် နိမ့်ကျတဲ့ သူများကိုမှီခိုလိုစိတ်လွန်ကဲလွန်းတဲ့ အချစ်လို့ပဲ သတ်မှတ်ဖူးတယ်။ ပြီးတော့ ဒီကိစ္စတွေနဲ့ရောပြီး ပြောလိုက်တဲ့ သူ့ရီးစားစကား………. ကျွန်မ မကြိုက်ဖူးရယ်။ ဘယ့်နယ့်….ရီးစားစကားဆိုတာ နှစ်ယောက်သား ကြည်ကြည်နူးနူးနဲ့ စိတ်လက်ကြည်သာဖြစ်နေတုန်း ပြောရမဲ့ဟာကို။ ငိုနေတဲ့ကျွန်မနှုတ်ခမ်းတွေက အခုဆို ခပ်ဆူဆူဖြစ်ပြီး သူ့ကိုရန်တွေ့ဖို့ပြင်နေပြီ။ “ဒီမယ် ကိုလတ်ဇင်ကြီး…….သူများက ၀မ်းနည်းပြီးပြောပြနေပါတယ်ဆိုမှ ရှင်က ရီးစားစကားဖမ်းပြောတာ ကောင်းသလား……..အရင်အကြောင်းတွေနဲ့ ရှင်အခုပြောတာနဲ့ ဘားမှလည်းဆိုင်ဖူး….။

ပွဲလန့်တုန်းဖျာခင်းချင်တဲ့ သဘောလား…….ပွဲက မလန့်တော့ဘူး ပြီးသွားတာကြာပီ သိရဲ့လား……….. ပြောမယ်ဆိုလည်း အချိန်လေး အခါလေး မရွေးဘူး… တကယ်စိတ်လေတယ်…တော်ပြီ ပြန်မယ်” ပွစိပွစိနဲ့ကျွန်မပြောရင်း ထရပ်လိုက်ပြီး ပြန်ဖို့ခြေလှမ်းပြင်လိုက်တယ်။ ဘီယာပုလင်းတွေလည်းကုန်ပြီလေ။ ဘောက်ဆတ် ဘောက်ဆတ်နဲ့ ရှေ့ကသွားတဲ့ ကျွန်မခြေလှမ်းကိုအမှီလိုက်လာရင်း ဟာ…ငါကအဲလိုသဘောမဟုတ်ပါဖူးဟာ ဘာညာနဲ့ ပြူးပြူးပြဲပြဲလိုက်ရှင်းပြနေပြန်တယ်။ ကျွန်မကတစ်ခွန်းမှ ပြန်မပြောဘဲ နှုတ်ခမ်းကိုက်ရင်း စူတူတူမျက်နှာပေးနဲ့ လမ်းကိုသုတ်သုတ်လျှောက်နေတယ်။

ခဏကြာတော့ သူလည်း ဗလုံးဗထွေးတွေပြောနေတာရပ်လိုက်ပြီး မျက်နှာသေလေးနဲ့ ငြိမ်ငြိမ်လေးလိုက်လာတယ်။ ပြန်စဉ်းစားကြည့်တော့လည်း သူ့အမှားမဟုတ်ပါဖူး။ ကျွန်မဘာသာရှက်ရမ်းရမ်းပြီး ဖြစ်သွားတာ။ ကျွန်မသူ့ကို သနားလာတယ်။ ဒါပေမဲ့ ချက်ချင်းကြီးတော့အဖြေပေးဖို့ တွန့်နေတယ်။ ခုပဲစိတ်ဆိုးထားတာလေ။ သနားခြင်း၊ ဂရုဏာသက်ခြင်းကနေဖြစ်ပေါ်လာတဲ့အချစ်ဆိုတာလည်း တော်တော်အင်အားကြီးတယ်လို့ ကျွန်မထင်တယ်။ တစ်ခါတလေကျတော့လည်း သနားတယ်ဆိုတာ အခြေအနေအဆင့်အတန်းတွေနဲ့ မဆိုင်ဘဲ မိန်းကလေးတွေစိတ်ထဲမှာ အလိုလိုပေါက်ပွားလာတဲ့ မေတ္တာစိတ်မျိုးပါ။

ဥပမာ….သူ့ဘာသာ တစ်ခေါခေါ အိပ်ပျော် နေတဲ့ ယောက်ျားကို သူ့မိန်းမက အော်…ငါ့ယောက်ျားအိပ်နေတာလေးများ…သနားစရာလေးပါလား…ဆိုပြီး အလကားနေရင်းသနားပြီးချစ်စိတ်၀င်နေမိတာမျိုးပေါ့။ အခုလည်း ကျွန်မ ကိုလတ်ဇင်ကိုသနားမိနေပြန်ပီ။ သူ ကျွန်မကို ဖွင့်ပြောလိုက်လို့ ကျွန်မစိတ်ဆိုးသွားပီထင်ပြီး တစ်ရက်နှစ်ရက်လောက် တွေ့တိုင်းမျက်နှာငယ်လေးနဲ့ဖြစ်နေတော့ ကျွန်မလည်း ဂရုဏာစိတ်တွေ တစ်စိမ့်စိမ့်ယိုဖိတ်ပြီး ပြန်ချစ်လိုက်မိပါတော့တယ်။ သူက သူ့ကိုမောင်လို့ခေါ်ခိုင်းတယ်။ ကျွန်မကိုတော့တစ်ခါတလေလည်းကလေးလေးလို့ခေါ်တယ်။

သဲ လို့လည်း ခေါ်တယ်..သူစိတ်ကူးပေါက်ရင်ပေါက်သလိုပေါ့။ မောင်က ကျွန်မဆီကချစ်အဖြေပြန်ရဖို့တောင် မမျှော်လင့်ခဲ့ဖူးလို့ ပြောပြပါတယ်။ မောင် ကျွန်မကို ကြင်ကြင်နာနာနဲ့တန်ဖိုးထားချစ်သလိုကျွန်မကလည်း မောင့်ရဲ့ရိုးသားခြင်းတွေကို တန်ဖိုးထားပါတယ်။သူ့ကိုဒီအရွယ်အထိလူပျိုလားလို့မေးတော့ ရီပြီး သူ့ရီးစားဟောင်းတွေအကြောင်း ကျွန်မကို အကုန်ပြောပြတယ်။ အသက်ပဲသုံးဆယ်ကျော်နေပီ အတွေ့အကြုံမရှိတဲ့လူပျိုဆိုတာဘယ်ရှိမလဲနော့်။ ဒါပေမဲ့ သူက အဲဒီ့ကိစ္စတွေမှာ တဇွတ်ထိုးမလုပ်ဘဲ ကျွန်မဆန္ဒကိုဦးစားပေးပါတယ်။ ခုချိန်ထိ နမ်းတာလောက်ကလွဲရင် ကျွန်မတို့ကြား ဘာမှမဖြစ်ကြသေးဘူး။ စစခြင်းဖြစ်ခဲ့တဲ့အမှတ်တရလေးကလည်း နဲနဲရီရပါတယ်။

အဲဒီ့နေကမောင့်တိုက်ခန်းမှာသူငယ်ချင်းတွေစုပြီးသောက်ကြစားကြတယ်။ မောင့်အဖေက ဘုရားဖူး ခရီးသွားနေတယ်လေ။ ပုလင်းဆွဲတဲ့သူကဆွဲ ဘီယာဆွဲတဲ့သူကဆွဲ ဟင်းချက်ကောင်းတဲ့သူတွေလည်းပါတော့ အချိန်တော်တော်ကြာတဲ့အထိ ပွဲကောင်းနေကြတာ။ ကျွန်မက နောက်ဖေးမီးဖိုချောင်မှာ ရောက်နေတုန်း ဘယ်အချိန်ထပြန်သွားကြလဲ မသိလိုက်ဖူး။ မောင် အနားကပ်လာတော့ “အသံတွေတိတ်သွားတယ် ဘယ်ရောက်ကုန်ကြလဲ” လို့ဘေစင်မှာ ပန်းကန်တွေ ဆေးနေရင်းက လှည့်မကြည့်ဘဲ မေးလိုက်တယ်။ “ပြန်သွားကြပြီ” လို့ပြောလိုက်တဲ့မောင့်လေသံက ဘာကြောင့်မှန်း မသိ တုန်တုန်ရင်ရင်ကြီးဖြစ်နေသလိုပဲ။

မောင်ကအနောက်ကနေ ကျွန်မကိုသိုင်းဖက်ထားလိုက်ပြီး ဆံပင်တွေစည်းထားလို့ ရှင်းနေတဲ့လည်ကုတ်လေးကို ပါးစပ်နဲ့ဖိနမ်းလိုက်တယ်။ တစ်အိမ်လုံးမှာ မောင်နဲ့ကျွန်မပဲ ရှိတယ်ဆိုတဲ့အသိကြောင့် ကျွန်မရင်ခုန်သံတွေမြန်လာတယ်။ မောင့်ရင်ဘတ်နဲ့ကပ်နေတဲ့ ကျွန်မနောက်ကျောကလည်း မောင့်ရင်ခုန်သံ ကို ခံစားမိနေတယ်။ ဆေးပြီးသွားတဲ့ပန်းကန်ကို ဘေးမှာလှမ်းထားလိုက်တုန်းရှိသေး မောင်က ကျွန်မကိုယ်ကိုဆွဲလှည့်လိုက်တယ်။ သောက်ထားတဲ့အရက်နဲ့ စိတ်လှုပ်ရှားတဲ့ရင်ခုန်သံက နားထင်တွေအထိ တဒိတ်ဒိတ်နဲ့ပျံ့လာသလိုပဲ။ မောင်နဲ့ ကျွန်မ ပူးပူးကပ်ကပ်လေးဖက်ထားရင်းရပ်နေကြတယ်။

မောင်က ကျွန်မခေါင့်းကိုကိုင်ပြီး နှုတ်ခမ်းတွေကို စုပ်ယူနမ်းရှိုက်လိုက် တယ်။ မောင့်ရဲ့အနမ်းတွေက ချိုမြိန်လှပါတယ်။ မောင့်ရဲ့လျှာ ကျွန်မပါးစပ်ထဲတိုး၀င်လာတော့ သောက်ထားတဲ့ အရက် ကြောင့်လားမသိ ကြမ်းရှရှလေးဖြစ်နေသလိုပဲ။ နမ်းနေရင်းကလက်နှစ်ဖက်နဲ့ကျွန်မခါးကိုကိုင်မြှောက်လိုက်ပြီး ဘေစင်ဘေးကအုတ်ခုံအလွတ်ပေါ်မြှောက်တင်လိုက်တယ်။ ဘောင်းဘီအတိုလေး၀တ်ထားတဲ့ကျွန်မပေါင်တွေ ကြားထဲကို မောင့်ကိုယ်လုံးကရောက်နေပြီ။ မောင့်လက်တွေက ကျွန်မရင်သားတွေကို အကျီပေါ်ကနေကိုင်ရတာ အားမရတော့သလို အကျီကြယ်သီးတွေကိုတစ်လုံးခြင်းဖြုတ်နေတယ်။

မူးနေပေမဲ့ စိတ်အသိကြောင့် ပြတင်းပေါက်တွေကနေ တဖက်တိုက်ခန်းတွေကိုလှမ်းကြည့်လိုက်သေးတယ်။ မောင်တို့တိုက်ခန်းကအပေါ်ဆုံးထပ် ဖြစ်ပြီးဘေးမှာလည်း အဲလောက်မြင့်တဲ့တိုက်ခန်းမရှိတာကြောင့်တိမ်ဖြူဖြူတွေနဲ့ ကောင်းကင်ပြာပြာကိုပဲ ကျွန်မလှမ်းမြင်နေရတယ်။ ကျွန်မ၀တ်ထားတဲ့ဘရာကိုခွာချပြီး ရင်သားတွေကိုမောင့်ပါးစပ်နဲ့စုပ်နမ်းနေရင်း ကျွန်မရဲ့ဘောင်းဘီကိုပါ ဆွဲပြီးချွတ်လိုက်တယ်။ ပန်တီကလည်းဘောင်းဘီနဲ့အတူရောပါသွားပြီ။ ကျွန်မကိုင်ထားတဲ့မောင့်ခေါင်းက အောက်ကို တထစ်ချင်းနိမ့်ဆင်းသွားတယ်။ ကျွန်မရဲ့ပေါင်တွင်းသားတွေကို သွားမပါဘဲ နှုတ်ခမ်းလေးနဲ့ ဟိုစုပ်ဒီစုပ်လုပ်လိုက်တော့ ကြက်သီးတွေတောင်တဖြန်းဖြန်းထကုန်တယ်။

ရင်တွေခုန်တာလည်း ပေါက်ထွက်တော့မဲ့အတိုင်းပဲ။ ကျွန်မရဲ့ ပိပိလေးကို မောင်က လျှာမသုံးသေးဘဲအသာဖိကပ်ပြီးနမ်းလိုက်တဲ့အချိန်မှာတော့ နှုတ်ခမ်းကိုက်ထားတဲ့ကြားက အီးးးကနဲတစ်ချက်အော်မိတယ်။ နှုတ်ခမ်းနဲ့နှစ်ချက်သုံးချက်လောက် အသာစုပ်ဆွဲပြီးတော့မှ လျှာကိုချွန်ချွန်လေးလုပ်ပြီး အထဲကိုထိုးသွင်းလိုက်တယ်။ “အဟင့်ဟင့်….မောင်ရယ်ဘယ်လိုတွေလုပ်နေတာလဲကွယ်…” အဲသလိုအသံမျိုးကျွန်မဆီကထွက်မလာပါဘူး။ဘယ်ထွက်မလဲ။ မျက်လုံးစုံမှိတ် နှုတ်ခမ်းကိုကိုက်ပြီးအပီအပြင် ခံစားနေတာ။ မျက်စိဖွင့်လိုက်ရင်လည်း မြင်နေရတဲ့ကောင်းကင်မှာ လေဟုန်စီးနေရသလိုပဲ ဝဲကနဲဝဲကနဲ လွင့်လွင့် တက်သွားတယ်။

မောင်ကသူ့လျှာကို ကျွန်မကိုယ်အတွင်းသားတွေထဲကို အစွမ်းကုန်ထိုးသွင်းနေရုံတင်မကဘူး ထိပ်ကအစေ့လေးကိုပါ လက်မနဲ့လှမ်းကလိလိုက်တော့ အီးးးးးးးး ကျွန်မပေါင်တွေတောင်တဆတ်ဆတ်တုန်တယ်။ အဲလိုမျိုး သုံးလေးခါလောက် လုပ်နေရင်းက လျှာကိုပြန်ထုတ်ပြီး အထက်ကနေအောက်အစုန်အဆန်ပင့်ပြီး လျက်လိုက်တော့ ကျွန်မရင်ထဲ ရိုလာကိုစတာစီးရသလို ဒိုင်းကနဲဆောင့်တက်ပြီးမှ ဟာကနဲနိမ့်ဆင်းသွားတာ ဘေစင်ပေါ်ကပြုတ်ကျတော့မယ်မှတ်ပြီး အစွန်းတစ်ဖက်ဆီကိုလက်နဲ့ လှမ်းကိုင်ထားလိုက်ရတယ်။ ကျွန်မ ခံစားမှု အထွတ်အထိပ်ကို ရောက်သွားပြီးတဲ့အချိန်အထိ ထွက်လာတဲ့အရည်ကြည်တချို့ကို မောင်ကလျက်ပေးနေတုန်းပဲ။

ခဏကြာတော့မှ အားနာလာတာနဲ့ သူ့ခေါင်းကို ဆွဲထူပြီး မတ်တပ်ပြန်ရပ်ခိုင်းလိုက်တယ်။ ပေါင်လေးကိုစိပြီး ဘေစင်ပေါ်မှာထိုင်နေတဲ့ ကျွန်မက အဖျားတက်သလို တုန်တုန်ယင်ယင်ကြီးဖြစ်နေတုန်းပဲ။ မောင့်ကို ကြည့်လိုက်တော့ သူကလည်း နွမ်းလျတဲ့ရုပ်နဲ့ ခြေမခိုင်သလိုဖြစ်နေတယ်။ “ဟင်..မောင်ဘာဖြစ်တာလဲ” “မောင်..မောင်လည်းပြီးသွားပြီ” “ဘာ” အမှန်တော့ကျွန်မက ကိုယ့်အရှိန်နဲ့ကိုယ်တက်နေလို့ သူပြီးသွားတာတောင်သတိမထားမိလိုက်တာ။ သူကတော့ ဘာအ၀တ်အစားမှတောင်မချွတ်လိုက်ရပဲ ပြီးသွားလေရဲ့။ ကျွန်မ တခွိခွိရီမိတယ်။ ခုချိန်ထိ သူ့ပစ္စည်းကို ကိုင်လည်း မကြည့်ရသေးဘူး မြင်တောင်မမြင်ဖူးသေးဘူးလေ။

“ချွတ်လိုက်..ဘောင်းဘီကို” ကျွန်မခိုင်းတဲ့အတိုင်းမောင်ဆွဲချွတ်လိုက်တယ်။ ပျော့ကျနေတဲ့ မောင့်ဖွားဖက်တော်လေးက ဘွားကနဲပေါ်လာတယ်။ ကျွန်မရီချင်စိတ်ကိုထိန်းလိုက်ပေမဲ့ ပြုံးသွားတဲ့နှုတ်ခမ်းတွေကို မောင်ကမြင်ဖြစ်အောင် မြင်လိုက်ပြီး “ဘာရီတာတုန်းကွ” လို့ မလုံမလဲပုံစံနဲ့လှမ်းမေးလိုက်တယ်။ “ခိခိ..သေးသေးလေး” ပြောမိပြီးမှ သူစိတ်များဆိုးသွားမလား ကြည့်လိုက်တော့ သူကစနေတယ်မှတ်လားမသိပါဘူး။ “အံမာ…ညည်းကဘယ်လောက်ကြီးတာမြင်ဖူးလို့တုန်း” “မောင့်ထက်ကြီးတာတော့ မြင်ဖူးတာပေါ့ ဟီးဟီး “ သူ့မျက်နှာမဆိုစလောက်လေးကွက်ခနဲပျက်သွားပြီးမှ အပြုံးယဲ့ယဲ့နဲ့ကျွန်မကိုကြည့်နေတယ်။ ကျွန်မစိတ်မကောင်း ဖြစ်သွားတယ်။

မူးနေလို့သာ ပါးစပ်ကထွက်သွားတာပါ။ ပြီးတော့ မောင့်ပစ္စည်းကအရမ်းအသေးကြီးတော့မဟုတ်ပါဘူး။ အဲ့ထက် သေးတဲ့ပိစိကွေးနဲ့တောင်ကျွန်မကြုံဖူးတယ်လေ။ ခုက ပျော့နေတဲ့အချိန်မို့လည်းနေမှာပေါ့။ ကျွန်မမောင့်ကို ကြည့်ရင်း အလေးအနက်ပြောလိုက်တယ်။ “ဒါပေမဲ့ ကြီးတာသေးတာ အရေးမကြီးပါဘူးမောင်ရယ်…….ကျွန်မမောင့်ကိုချစ်တယ်” ကျွန်မပြောလိုက်တဲ့စကားကြောင့်မောင်ကျေနပ်သွားပုံတော့ရပါတယ်။ ကျွန်မကိုလက်ဆွဲပြီး ရေချိုးခန်းထဲခေါ် သန့်ရှင်းရေးလုပ်ပေးတယ်။ သူ့ကိုယ်သူလည်းဆေးကျောရင်းပေါ့။ အ၀တ်အစားတွေပြန်၀တ်ပြီး မောင့်အခန်းထဲမှာ ခွေခွေလေးသွားလှဲနေလိုက်တယ်။ လူကအိပ်ချင်နေပြီ..စားထားသောက်ထားတဲ့အရှိန်နဲ့။

မောင်ကခဏနေတော့မှ ၀င်လာပြီး ကျွန်မဘေးမှာလှဲချရင်း ကျွန်မကိုဖက်ထားလိုက်တယ်။ ပြီးတော့ သူ့ဘာသာသူရေရွတ်သလိုနဲ့ ကျွန်မကို ပြောတယ်။ “မောင်..မိန်းမတွေနဲ့မဆက်ဆံတာကြာပီ..အဲတာကြောင့်မြန်သွားတာပါ” တဲ့။ အသံမထွက်ပေမဲ့ လှုပ်နေတဲ့ ကျွန်မကိုယ်လုံးကိုကြည့်ရင်းသူသိတယ်။ ကျွန်မကြိတ်ရီနေတာကို။ ကျွန်မမျက်နှာကိုဆွဲမော့လိုက်ရင်း မောင်က ညင်ညင်သာသာလေးမေးလိုက်တယ်။ “မောင့် အရင်ဘယ်နှယောက်တောင်ရှိခဲ့တာလဲဟင်”… တဲ့။ ရုတ်တရက်တည်သွားတဲ့ကျွန်မမျက်နှာကိုကြည့်ပြီး သူမှားသွားမှန်းသိပုံရတယ်။ ကျွန်မမျက်နှာအနှံ့ကို သူ့နှာခေါင်းနဲ့ ဖိပွတ်ရင်းနမ်းနေတယ်။

ကျွန်မမောင့်မျက်နှာကိုကြည့်ပြီးဖြေလိုက်ပါတယ်။ “သိပ်မများပါဘူးမောင်ရာ… သုံးလေးငါးယောက်ပေါ့…ဘာလို့တုန်း” မောင်ကကျွန်မမေးတာပြန်မဖြေဘူး။ သူ့ဘာသာခွီးခနဲထရီရင်း “သုံးရာလေးဆယ့်ငါးယောက်တောင် ဟုတ်လား” လို့ ကျွန်မကိုနောက်တယ်။ ကျွန်မက နှုတ်ခမ်းကိုက်ပြီး သူ့ကိုတစ်ဘုန်းဘုန်းလိုက်ထုတယ်။ သူကတစ်ဟီးဟီးရီရင်း ကျွန်မလက်တွေကို ဆွဲပြီး “ထုချင်ရင် ဒီကိုထု” ဆိုပြီး သူ့ဘောင်းဘီပေါ်တင်ပေးလိုက်တယ်။ အယ်..ကျွန်မစမ်းကြည့်တော့ ခုနလိုပျော့မနေတော့ဘူး။ မာမာလေးပြန်ဖြစ်နေပြီ။ မောင်ကသူ့ဘောင်းဘီကို ချွတ်ပေးလိုက်တယ်။

အဲဒီ့တော့မှ သူ့ပစ္စည်းကိုသေချာစူးစမ်းကြည့်မိတော့တယ်။ ထိပ်လေးကိုဖွဖွလေးပွတ်ကြည့်တယ်။ ပြီးတော့လက်နဲ့အသာညှစ်ကိုင်ပြီး အထက်အောက်ဆွဲချပေးလိုက်တယ်။ မောင့်ပစ္စည်းမှာ သူများတွေလို အရေပြားအုပ်နေတာမျိုးမရှိဘူး။ “မောင်..အရေပြားဖြတ်ထားတာလား” ဆိုတော့ “ဟုတ်ဖူး နဂိုထဲကအဲတိုင်းပဲ” တဲ့။ မိနစ်ပိုင်းအတွင်းမှာပဲ မောင့်ပစ္စည်းက မာကြောလာတယ်။ ခုနထက်ပိုရှည်လာသလို လုံးပတ်လည်းပိုကြီးလာသလိုပဲ။ ထိပ်ဖျားမှာလည်း  အရည်လေးတွေစိမ့်ထွက်လာတယ်။ “ကလေး..စုပ်ပေးမလားဟင်” တဲ့.. တုန်တုန်ရင်ရင်အသံကြီးနဲ့ မေးလာတယ်။

မောင်ကကျွန်မကိုကောင်းအောင်လုပ်ပေးခဲ့ပြီးပီပဲ ..ဒီတစ်ခါကျွန်မအလှည့်ပေါ့။ အိပ်နေရာကထ..မောင့်ကိုကျောပေးလိုက်ပြီး သူ့ပစ္စည်းကို လက်နဲ့ကိုင်ပြီးတော့မှ လျှာဖျားလေးနဲ့ထိပ်ကိုအရင်လျက်လိုက်တယ်။ ပြီးတော့မှ တစ်ချောင်းလုံးကိုပါးစပ်နဲ့ငုံစုပ်လိုက်ပြီးတော့ ပါးစပ်ထဲမှာ လျှာနဲ့ပတ်ကစားပေးလိုက်တယ်။ အင်းးးး…ခနဲညည်းသံနဲ့အတူ မောင့်လက်ကသူ့ခါးနားရောက်နေတဲ့ကျွန်မတင်ပါးကို လှမ်းကိုင်လိုက်တယ်။ တင်ပါးကိုလက်နဲ့ဆွဲဆွဲပြီးညှစ်တော့ ကျွန်မလည်းပိုစိတ်ကြွလာပြီး သူ့ဟာကိုစိတ်ပါလက်ပါ စုပ်ပေးနေမိတယ်။ မောင့်ပစ္စည်းက ကျွန်မပါးစပ်ထဲအဆုံးထိမ၀င်ဘူး…အရင်းမှာ လက်တစ်လုံးစာလောက် လွတ်နေသေးတယ်။

“ဟားးး ကောင်းလိုက်တာ ကလေးရာ………အအားးး” ကျယ်လောင်လာတဲ့မောင့်အသံတွေနဲ့အတူကျွန်မလည်းမောင့်ပေါင်ခြားထဲတစ်ကိုယ်လုံး၀င်ပြီးအားရပါးရစုပ်ပေးနေပြီ။ သူ့ပစ္စည်းကိုငုံ..ပါးစပ်ကိုစိနေအောင်ပိတ်ပြီးအားနဲ့ လေးငါးခါလောက်စုပ်လိုက်တယ်။ မောင်က တအင်းအင်းနဲ့ ကော့ထိုးနေတာ။ သိပ်မကြာပါဘူး ကျွန်မခေါင်းကိုကမန်းကတမ်းလာကိုင်တယ်။ ကျွန်မလည်းစုပ်နေတာရပ်ပြီး ပါးစပ်ထဲက သူ့ပစ္စည်းကိုထုတ်ပြီး လက်နဲ့ပဲအထက်အောက်ပြန်ပွတ်ပေးလိုက်တော့ အဆုံးထိပြီးသွားတဲ့ အချစ်ရည်တွေက ပန်းထွက်လာတော့တယ်။ နှစ်ယောက်သားသန့်ရှင်းရေးထပ်လုပ်ပြီး ဗိုက်ဆာလာတာနဲ့ ထမင်းစားကြတယ်။

သူငယ်ချင်းတွေ ချက်ပြီး ထားခဲ့လို့ကျန်သေးတဲ့ ကုလားပဲနဲ့ကြက်သားအရည်သောက်ရယ် ၀က်အူချောင်းကြော်ရယ် ဆိတ်သားမွမွကြော်လေး ရယ် နဲနဲစီပန်းကန်ထဲထည့်ပြီး မောင်ကကျွန်မကိုကလေးလေးလိုထမင်းခွံ့ကျွေးတာ… အရမ်းစားလို့ကောင်းတာပဲ။နင်သွားရင် ရေလေးပြေးခတ်ပြီး တိုက်သေးတာ။ “မောင်ဒီဟင်းတွေချက်တတ်လား” ဆိုတော့ ချက်တတ်ဖူးတဲ့။ အာ့ဆို ကျင့်ထားဆိုတော့ ဟုတ်..တဲ့။ မင်းချက်ရမှာပေါ့ ဘာညာ ပြန်မပြောဘူး။ ချစ်စရာလေး။ နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးကြည်နူးနေကြတာ။ အေးအေးဆေးဆေးပဲ ပန်းကန်ခွက်ယောက်တွေ သိမ်းဆည်း ဆေးကျောပြီး တီဗီထိုင်ကြည့်နေကြသေးတယ်။

ခုမှ ကျွန်မတို့ တကယ့်လင်မယားတွေလို ဖြစ်နေတာ။ မောင်ကလည်းပြောတယ် ဒီလိုလေးအမြဲနေရရင်ကောင်းမှာတဲ့။ တီဗီကြည့်ရင်းပျင်းလာတာနဲ့ ကျန်သေးတဲ့ Dunfife ပုလင်းတစ်၀က်နီးပါးကိုထပ်ဖြိုလိုက်ကြတယ်။အရက်တွေသောက် စကားတွေပြောနေကြရင်း မောင်က ကျွန်မကိုဖက်ပြီးနမ်းနေပြန်ပြီ။ တစ်ကိုယ်လုံးကို အတင်းညှစ်ပြီး ဖက်ထားတယ်။ ခနနေတော့ မောင့်အခန်းထဲဆွဲခေါ်သွားပြန်တယ်။ အခန်းထဲမှာ နမ်းနေကြရင်းမှ သတိရတယ်။ခုထိကျွန်မတို့ညီလေးနဲ့ညီမလေး မိတ်မဆက်ပေးရသေးတာကိုလေ။ (မောင်ကအဲလိုခေါ်တာ ညီလေး နဲ့ ညီမလေးတဲ့)။ မီးတွေဖွင့်လိုက်မှမောင့်အခန်းကိုသေချာကြည့်မိတယ်။ မောင်အိပ်တဲ့မထူမပါးမွေ့ယာတစ်ခုရယ် အ၀တ်လှမ်းတဲ့တန်းတစ်ခုရယ် အခန်းထောင့်က ဗီရိုအသေးတစ်လုံးရယ် ဒါပဲ..။

မောင်ကမွေ့ယာပေါ်ကျွန်မကိုတွန်းလှဲလိုက်တယ်။ ကျွန်မအ၀တ် အစားတွေအကုန်ချွတ်ပြီးမှ သူ့ကိုယ်ပေါ်က တစ်ထည်တည်းသော အ၀တ်ဖြစ်တဲ့ ပုဆိုးကို ချွတ်ချလိုက်တယ်။ ကျွန်မပေါင်ခြားထဲမှာ ဒူးထောက်နေရာယူထားရင်းက မောင်ကျွန်မကိုလှမ်းကြည့်လိုက်တော့ သူ့မျက်လုံးတွေက အရောင်တလက်လက်တောက်နေတယ်။ ကိုယ်ကိုကိုင်းပြီး ကျွန်မနှုတ်ခမ်းတွေကို နမ်းတယ် ခဏလေးပဲ.. မောင့်အနမ်းတွေက ကျွန်မရင်သားတွေပေါ်ရောက်လာတယ်။ ရင်အုံတစ်ခုလုံးကို နှုတ်ခမ်းနဲ့ဆွဲဆွဲပြီးစုပ်တာ အရာတွေတောင်ထင်ကုန်သလားမသိပါဘူး။ကျွန်မစိတ်ထဲမှာကလိကလိနဲ့ အောက်ကလည်း စိုတိုတိုဖြစ်လာသလိုပဲ။

မောင်က ကျွန်မပေါင်ခြားထဲကို လက်ဖဝါးနဲ့အသာလေးအုပ်ပြီးပွတ်ပေးတော့ လက်အပူရှိန်ကြောင့် နွေးကခနဲဖြစ်ဖြစ်သွားတယ်။ ကျွန်မစိတ်တွေမရတော့ဘူးး….မောင့်ပစ္စည်းကိုလှမ်းကိုင်ပြီး အဝလေးနဲ့တေ့ပေးလိုက်တယ်။ မောင်ကလည်း အသာဖိသွင်းလိုက်တယ်။ မောင့်ပစ္စည်းနွေးနွေးကြီးက အထဲကို တိုး၀င်လာတယ်။ အဆုံးထိ၀င်သွားတော့ နှစ်ယောက်သား အီးးး…ကနဲပြိုင်တူအော်လိုက်မိတယ်။ သူ့ပစ္စည်းကြောင့် ကျွန်မအတွင်းထဲနွေးသွားသလို သူကလည်း ညီမလေးက နွေးလိုက်တာတဲ့။ ပြီးတာနဲ့ ဖြေးဖြေးချင်းအသွင်းအထုတ်လုပ် ရင်း နှစ်ယောက်သား ပြောမပြနိုင်တဲ့အရသာကိုပြိုင်တူခံစားနေကြတယ်။

မောင့်ရဲ့ဆောင့်ချက်တွေကဖြေးဖြေးချင်းကနေ မြန်မြန်ဆန်ဆန်ကြီး ဖြစ်လာပြီ။ ကျွန်မလည်း မောင့်လက်မောင်းတွေကိုဆုပ်ကိုင်ပြီး တင်တွေကိုကော့ကော့ပေးမိတယ်။ “အစ်..အစ်..မောင်..မောင်…” အရမ်းမြန်မြန်ကြီးလှုပ်ရှားနေရတာကြောင့် အသံတောင်ကောင်းကောင်း မထွက်နိုင်တော့ဘူး။ အဲ့အတိုင်းအရှိန်မကျဘဲငါးမိနစ်လောက်ဆောင့်ပြီးတော့ မောင်လည်း တော်တော်မောနေပုံရတယ်။ ကျွန်မလည်းအတော်မောနေပြီ။ ပြီးတော့မလားလို့မေးတော့ မပြီးသေးဘူးတဲ့။ ဒီတစ်ခေါက်ကျတော့လည်းကြာတာ။ ကျွန်မခြေထောက်တွေကိုပုခုံးပေါ်ထမ်းပြီးမောင်ကအားသွန်ခွန်စိုက်ကြိုးစားနေပြန်ပြီ။

အဲ့ပုံစံက အတွင်းသားတွေထဲအထိ ထိတာမို့ ကြာကြာမခံနိုင်ဘူး။ ကျွန်မတစ်ချီပီးသွားတယ်။ မောင်ကတော့ကြိုးစားတုန်းပဲ။ အဲကွန်းဖွင့်ထားပေမဲ့ နှစ်ယောက်သား ချွေးတွေလည်းရွှဲနေပြီ။ နောက်ဆယ်မိနစ်လောက်ကြာတော ခနလေးရပ်ပီး ပုံစံပြောင်းမယ်တဲ့ ကုန်းပေးတဲ့။ လေးဘက်ထောက်ပြီး ခါးကိုနှိမ့် တင်ကိုနောက်ပစ်ထားပေးတဲ့ကျွန်မ အဝလေးကို မောင်ကလက်နဲ့ကလိနေသေးတယ်။ ပြီးတော့မှ တဖန်းဖန်းနေအောင် ဆောင့်တာ။ မောင်လက်တွေက ရင်သားနှစ်မြွှာကို အတင်းဆုပ်ကိုင်ပြီး အသားကုန်ဆောင့်တာ ကျွန်မခေါင်းတောင် မထောင်နိုင်တော့ဘူး။

ခေါင်းနဲ့မွေ့ယာထိပြီးဖင်ပူးထောင်းပုံစံဖြစ်သွားတယ်။ မောင်အနောက်ကနေချစ်ပေးတာ တော်တော်ကြာတော့ ကျွန်မလည်းမောလာပြီး အထဲကနာချင်သလိုလိုတောင်ဖြစ်လာတယ်။ မောင်ရာ….မပြီးသေးဘူးလားဆိုတော့ ပြီးသေးဘူးတဲ့။ အဲလိုတုန်း မီးကလည်းပျက်သွားတော့ လေသိပ်မ၀င်တဲ့အခန်းထဲမှာ အသက်ရှူတောင် မ၀သလိုဖြစ်လာတယ်။ အခန်းထဲမှာအရမ်းပူအိုက်လာတာမို့မောင်က ကျွန်မကိုအခန်းအပြင်ကို ပွေ့ခေါ်ပြီး ဆိုဖာပေါ်နေရာချလိုက်တယ်။ ကျွန်မအောက်ပိုင်းကို ဆိုဖာအစွန်းမှာထားလိုက်ပြီး မောင်က ဒူးခေါင်းနဲနဲကွေးပြီးဖိသွင်းတယ်။ ကျွန်မရင်သားတွေကို လည်းလက်နဲ့အတင်းဖိထားတယ်။

အပြင်မှာ ပြတင်းပေါက်က လေလေးတဖြူး ဖြူးနဲ့မို့တော်သေးတယ်။ လူကဖတ်ဖတ်မောနေပြီ ။သူ့သေးတယ်ပြောထားလို့တမင်ပညာပြနေသလားပဲလို့ တွေးလိုက်မိသေးတယ်။ မောင်ရာ စံပယ်မခံနိုင်တော့ဘူး မြန်မြန်ပြီးပါတော့လို့ ငိုမဲ့မဲ့နဲ့ပြောမှ အင်းအင်း ဆိုပြီး မော်တာတပ်ထားသလို တစ်ဖုန်းဖုန်းနဲ့ဆောင့်တယ်။ ကျွန်မလည်း အတင်းအံကျိတ်ပြီးအော်ရင်းနဲ့ နှစ်ယောက်သား သံပြိုင်ညည်းရင်း ပန်းတိုင်ရောက်သွားကြတယ်။ မောင်ကမထသေးဘဲကျွန်မကိုအပေါ်ကမိုးပြီး ပြုံးပြုံးကြီးကြည့်နေသေးတယ်။ မှတ်ပလား ဆိုတဲ့ရုပ်နဲ့။ ကျွန်မမျက်စောင်းထိုးပြီး သူ့ကိုအတင်းတွန်းလွှတ်ပလိုက်တယ်။

နှစ်ယောက်လုံးချွေးတွေလည်းစိုရွှဲလို့။ ခဏနေမှ ထပြီး ရေချိုးခန်းထဲသွားဖို့ပြင်တယ်။ “မောင်..အရမ်းအိုက်တာပဲ..ရေချိုးပီးခေါင်းပါလျှော်ပလိုက်တော့မယ်” လို့ပြောတော့ မောင်လည်း ၀င်လိုက်လာပြီး ကျွန်မကိုရေချိုးပေးတယ်။ ကျွန်မက ရေချိုးခန်းထဲငုပ်တုတ်ထိုင်လို့…မောင်က ရေတစ်ခွက်ချင်းလောင်းပြီးချိုးပေးတာ။ ဆပ်ပြာကိုလည်း လည်ပင်းကနေ ခြေချောင်းလေးတွေအထဲထိ သေချာနှံ့အောင် တိုက်ပေးတာ(မျက်နှာက facial form နဲ့သက်သက်ဆေးပေးတာ)…ငယ်ငယ်တုန်းက လူကြီးတွေရေချိုးပေးတာခံရသလိုပဲတော်တော်ဇိမ်ရှိပါတယ်။ ခေါင်းကိုလည်းဖွဖွလေးဖိကုတ်ပြီး လျှော်ပေးတာ အကျောတွေပြေပြီးအိပ်တောင်အိပ်ချင်လာတယ်။

နောက်တော့ တဘက်ကြီးကြီးနဲ့ကိုယ်လုံးကိုပတ်ပြီး ရေသုတ်ပေး အ၀တ်စားတွေလဲပေးပြီးမှ ကျွန်မခေါင်းကဆံပင်တွေကို သေချာထိုင်သုတ်ပေးတယ်။ သားအဖနှစ်ယောက်ပဲနေတာ ဆိုတော့ သူတို့ဆီမှာ hair dryer မရှိဖူး။ ကျွန်မဆံပင်ကလည်းဂုတ်ထောက်လောက်ပဲဆိုတော့ hair coat လေး လိမ်းပေးပြီးခနနေတော့ခပ်ခြောက်ခြောက်လေးဖြစ်သွားပီ။ နာရီကိုကြည့်လိုက်တော့ ညကိုးနာရီတောင်ထိုးနေပြီပဲ။ မောင်က “မိုးချုပ်နေပီကလေး..မပြန်တော့နဲ့..ဒီမှာပဲအိပ်လိုက်တော့” တဲ့။ မဖြစ်ဖူးမောင်ရယ် မနက်အလုပ်သွားရမှာ အိမ်ပြန်မှဖြစ်မှာဆိုတော့ မနက်စောစောပြန်လိုက်ပို့ပေးမယ်တဲ့….ကျွန်မက မနက်ဆို ရုံးသွားခါနီးလေးမှ ကပ်ထပြီး တက်သုတ်ရိုက်လုပ်တတ်တာရယ်။

အခုပဲပြန်ရအောင်ပါဆိုပြီး ထွက်လာကြတယ်။ အိမ်ချင်းလည်းသိပ်မဝေးဖူးလေ။ ငှားလာတဲ့တက်စီကို လမ်းထိပ်မှာတင်ရပ်ခိုင်းပြီးကျွန်မတို့လမ်းထဲကိုခြေကျင်လျှောက်၀င်လာကြတယ်။ လမ်းထဲမှာ လူသွားလူလာပါးနေပြီ။ လမ်းလျှောက်နေရင်းမောင်က ကျွန်မလက်ကိုတင်းတင်းဆုပ်ကိုင်ပြီး “ ကလေး..အခုချိန်က စပြီး မင်းက မောင့်မိန်းမဖြစ်သွားပီနော်….မောင့်ကလေးလေးကို မောင်အရမ်းချစ်နေမိပီ” လို့ လှိုက်လှဲတဲ့အသံနဲ့ခပ်တိုးတိုးပြောတယ်။ ဝိုင်တစ်ခွက်သောက်လိုက်ရသလို ကျွန်မရင်ထဲနွေးကနဲ ဖြစ်သွားတယ်။ တစ်ဆက်တည်းစဉ်းစားမိတာက ကျွန်မမောင့်ကို တကယ်ကြီးချစ်မိနေပြီလား မသိဘူးလို့။ အမှန်တိုင်းပြောရရင်တော့………… ဒီလိုခပ်ဆင်ဆင်တူတဲ့ စကားမျိုးတွေ ယောက်ျားတော်တော်များများဆီက ကျွန်မကြားဖူးပါတယ်။

ဒါပေမဲ့…မတူဘူး..မတူဘူး။ ဘယ်လိုမတူတာလဲ ဆိုတော့လည်း ကျွန်မသေချာမပြောပြတတ်ဖူး။ မောင့်ဆီကထွက်လာတဲ့စကားမို့..လို့ပဲ ကျွန်မဖြေနိုင်မယ်။ ကျွန်မ မောင့်ကို ယုံနေမိပြီ။ နှစ်နှစ်လောက်အတွင်းထားဖူးခဲ့သမျှရည်းစားတွေထဲမှာ ရှားရှားပါးပါးပဲလို့ပြောလို့ရတယ်။ မောင် ရိုးသားတတ်တာကိုသိနေလို့လည်း အဲဒီ့စကားက နှလုံးသားထဲစိမ့်၀င်သွားသလားလို့ တွေးမိတယ်။ အမှန်တော့ ရိုးသားတိုင်းလည်းကောင်းတာမဟုတ်ဘူးရယ်။ ဥပမာဆိုပါတော့……..ခုကျွန်မကို မောင် ရိုးရိုးသားသားကြီး ချစ်နေပြီ နောက် တစ်နှစ်နှစ်နှစ် ဒါမှမဟုတ် မကြာခင်မှာပဲ နောက်တစ်ယောက်ကို ရိုးရိုးသားသားအဖြစ်အပျက်တစ်ခုနဲ့ပဲ စတွေ့မယ်. ပြီးတော့ရိုးရိုးသားသားကြီးချစ်သွားမိပြန်ပြီ…ကျွန်မကို။

“ကလေးရေ…မောင်တော့ အသစ်တစ်ယောက်တွေ့ နေပြီ…မောင်ရိုးရိုးသားသား၀န်ခံတာပါကွယ်..” ဆိုရင် ဘယ့်နယ့်လုပ်ကြမတုန်း။ ဒါကြောင့်လည်း ကျွန်မလူတွေ ကိုမယုံရဲတာ………။ကဲ…လူ့စိတ်ဆိုတာဘယ်လောက်ဆန်းလဲ..ခုလေးတင် ကျွန်မမောင့်ကိုချစ်တယ်..ယုံတယ်လို့စဉ်းစားမိပြီး… အတွေးဆက်သွားတာ…မောင့်ရဲ့ရိုးသားတဲ့စိတ်ကိုမယုံသင်္ကာဖြစ်တဲ့ဆီကိုရောက်သွားပြန်ပြီလေ။ ဒါလည်း ကျွန်မအပြစ်တော့မဟုတ်ဖူးရယ်။အရင်တစ်ယောက်တုန်းကလည်း………….။ “ဟိတ်……….ပြောနေတာကြားလားကွ” မောင့်အသံကြားမှ အတွေးကမ္ဘာထဲကကျွန်မပြန်ရောက်လာတယ်။

နှုတ်ခမ်းပေါ်ကမဲ့ပြုံးဆန်ဆန်အပြုံးလေးကိုလည်း ပြန်မသိမ်းမိခင် မောင်မြင်သွားပီ။ “ဒီမယ်…မင်းကမောင့်ကိုမယုံဘူးလား………..မယုံရင်လည်းထားလိုက်ကွာ..နောက်တော့မောင်အလုပ်နဲ့သက်သေပြမယ် ဟုတ်ပီလား…..ခုတော့ဘာမှခေါင်းရှုပ်ခံပြီးမတွေးနေနဲ့” ဒါမျိုးကျ မောင်ကအကင်းပါးသား။ တစ်ချို့နေရာတွေမှာ ဝိသလောက် ကျွန်မစိတ်ကိုမှန်းတဲ့နေရာမှာတော့ မောင် တဖြေးဖြေးတိုးတက်လာတယ် ပြောရမယ်။ ကျွန်မအကြောင်းအားလုံးနီးပါးလည်း မောင်သိထားတာကိုး………။ မနက် အိပ်ရာထတော့မှ မနေ့က ဘယ်လောက်တောင်အပင်ပန်းခံထားမိလဲသိသာတယ်။

တစ်ကိုယ်လုံးကို ကိုက်ခဲနေ တာပဲ။ ညဘက်ခေါင်းလျှော်လိုက်မိလို့လားမသိဖူး။ ခေါင်းကလည်းအုံပြီးကိုက်နေတယ်။ ရုံးမသွားလို့လည်း မဖြစ်ပါဘူး။ ဒီနေ့ တနင်္လာလေ။ ရုံးပျက်ရင် နှစ်ရက်စာဖြတ်ခံထိမှာ။ ကျွန်မတို့ရုံးက ခွင့်မတိုင်ဘဲ ရုံးပျက်ရင် နှစ်ဆဖြတ်တယ်။ ခွင့်တိုင်လည်းဘဲ တစ်ရက်စာတော့ဖြတ်တယ်။ တနင်္လာနဲ့ သောကြာနေ့တွေပျက်ရင် နှစ်ရက်စာဖြတ်တယ်။ တတ်နိုင်သမျှတော့ မှန်အောင်ရုံးတက်တာပဲ။ ရုံးမှာလည်း ကျွန်မအလုပ်က အလုပ်ရာသီချိန်မဟုတ်ရင်သိပ်မပင်ပန်းဘူး။ နေမကောင်းလည်း နားနားနေနေ နေလို့ရတယ်ဆိုတော့ ဆေးလေးဘာလေး သောက်ပြီး အားတင်းပြီးပဲ သွားဖို့ပြင်လိုက်တယ်။

မောင်ကလမ်းထိပ်မှာစောင့်နေပြီ။ လမ်းထိပ်က ထမင်းဆိုင်မှာ ဟင်း၀င်ယူပြီး ထမင်းချိုင့်ကို ဖြည့်တယ်။ ကျွန်မတို့တိုက်ခန်းမှာ ထမင်းပေါင်းအိုးနဲ့ထမင်းပဲချက်တယ်..ဟင်းမချက်ကြဘူး။ ထမင်းဆိုင်ကပဲလပေးနဲ့ ဟင်း၀ယ်စားတယ်။ ပြီးတော့မောင်နဲ့မနက်စာအတူစားပြီး တစ်မှတ်တိုင်စာလောက်ဝေးတဲ့ ရုံးအထိလမ်းလျှောက်ကြတယ်။ ကျွန်မနေမကောင်းမှန်းသိတော့ မောင်ကရုံးတောင်မလွှတ်ချင်ဘူးရယ်။ ကျွန်မက ဘာမှမဖြစ်ကြောင်း အတင်းပြောတော့မှ ရုံးရောက်မှ ပိုဆိုးလာရင် ဖုန်းဆက်လိုက် လာကြိုမယ်လို့ပြောပြီး ပြန်သွားလေရဲ့။ ကျွန်မရုံးရောက်တော့ အခန်းထဲမယ် ဘုရားပန်းလဲပြီး တံမြက်စည်းလေးဘာလေးလှဲနေတုန်း တစ်ခြားဌာနက ကျွန်မနဲ့ခင်တဲ့ ကောင်လေး မိုးဇော်ရောက်လာတယ်။

ခါတိုင်းဆို အဲကွန်းခန်းထဲလည်း အကျီလက်တိုနဲ့ကျန်းမာရေးကောင်းနေတဲ့ ကျွန်မကို ဆွယ်တာလက်ရှည်လေးနဲ့ ခပ်နွမ်းနွမ်းမြင်တော့ အမ နေမကောင်းဘူးလားတဲ့။ စိုးရိမ်သံနဲ့မေးရှာတယ်။ အေးဟယ် ကိုယ်တွေလက်တွေကိုက်နေလို့….. လို့ခပ်လွယ်လွယ်ပြန်ဖြေလိုက်ရင်း လမ်းလျှောက်လာရလို့ အိုက်စပ်စပ်ကြီးဖြစ်လာတာနဲ့ ဆွယ်တာအကျီအပေါ်ကြယ်သီး နှစ်လုံးလောက်ကိုဖြုတ်လိုက်တယ်။ကျွန်မက မိုးဇော်လေးကို ကျွန်မထက်ငယ်တဲ့ကလေးပဲဆိုပြီး ဂရုမစိုက်ပဲ လုပ်မိတာပေမဲ့ သူ့အကြည့်ကကျွန်မရင်ဘတ်ပေါ်ရောက်နေတာ သတိထားမိလိုက်တယ်။

ကိုယ့်ဘာကိုယ်မသိမသာပြန်ငုံ့ကြည့်တော့ လည်ပင်းနဲနဲဟိုက်တဲ့ရုံး၀တ်စုံကြောင့် ကျွန်မ လည်ပင်းအောက် ရင်သားအထက်ပိုင်းကျကျမှာ နီနီအရာလေး…။ မနေ့ကမောင် သွားနဲ့စုပ်ပီး နမ်းထားတဲ့ အရာဖြစ်မယ်။ ကျွန်မမျက်နှာထူပူသွားတယ် ဒီကောင်လေး ရိပ်များရိပ်မိသွားမလားလို့။ အဲကောင်လေးကလည်း အလိုက်ကိုမသိဘူး။ “အမလည်ပင်းကဘာဖြစ်တာလဲ” ဆိုပြီး လက်ညှိုးထိုးပြီးလာမေးနေသေးတယ်။ ငါဘယ်သိမတုန်း ယားလို့ကုတ်မိတာနေမှာပေါ့…..လို့ပြောပြီး သူ့ကိုနောက်ကျောပေးထားတဲ့ကွန်ပြူတာခုံမှာ၀င်ထိုင်လိုက်တယ်။ မိုးဇော်က ကျွန်မနားမှာ ကပ်ထိုင်ပြီး ဟိုယောင်ယောင်ဒီယောင်ယောင်လုပ်နေတယ်။

ကျွန်မတို့ ရုံးခန်းတွေက လုံး၀အပိတ်တွေမဟုတ်ဖူး။ အကန့်လေးတွေပဲကန့်ထားတာ။ ကျွန်မတို့အခန်းက နဲနဲချောင်ကျတယ်။ ပြီးတော့လူကလည်း ကျွန်မရယ် အမကြီးတစ်ယောက်ရယ် နှစ်ယောက်ပဲရှိတာ။ မိုးဇော်တို့က အပြင်အမြဲထွက်နေရတဲ့ သူတွေဆိုတော့ သူတို့အတွက်ရုံးခန်းသက်သက်မရှိတော့ အပြင်မသွားရရင် လူနည်းတဲ့ကျွန်မတို့အခန်းမှာပဲလာလာထိုင်နေကျပါ။ ဒီနေ့ အခန်းထဲဘယ်သူတွေမှမရောက်ကြသေးတော့ သူနဲ့ ကျွန်မနှစ်ယောက်တည်းရယ်။ သူက ခုံကိုကျွန်မနားရွှေ့ထိုင်လိုက်ပြီး “အမ ကျွန်တော့်ဖုန်း မြန်မာဖောင့်ပေါ်ချင်လို့ လုပ်ပေးပါလား” ဆိုပြီးဖုန်းလေးလာပြတယ်။

ကျွန်မလည်းသူ့ဖုန်းကိုယူပြီး ဟိုကလိဒီကလိလုပ်နေတုန်း သူကလည်းကိုယ်ကိုကိုင်းပြီးကြည့်နေတော့ကျွန်မတို့နှစ်ယောက်ကိုယ်ချင်းတော်တော်လေးပူးကပ်နေတာပေါ့။ “သနပ်ခါးနံ့လေး မွှေးနေတာပဲ” သူအသံတိုးတိုးလေးနဲ့ကျွန်မမျက်နှာနားကပ်ပြီးတော့ပြောလိုက်တော့ကျွန်မရင်ထဲထိတ်ကနဲဖြစ်သွား တယ်။ ကျွန်မနဲ့နီးနီးလေးဖြစ်နေတဲ့သူ့မျက်နှာကိုကြည့်လိုက်တော့ မျက်လုံးညိုညိုလေးတွေမှာ အရိပ်အယောင် တစ်မျိုးဖြစ်နေသလိုပဲ။ ဘာအဖုအပိန့်မှမရှိတဲ့သူ့မျက်နှာပြောင်ချောလေးက ကလေးလေးတစ်ယောက်လိုပဲ။ ကျွန်မက တစ်ဦးတည်းသောသမီးမို့ တစ်နှစ်လောက်ပဲငယ်မယ့် သူ့ကို မောင်လေးတစ်ယောက်လိုသဘောထားတာရယ်။

သူကတော့ဘာစိတ်ညာစိတ်တွေများရှိနေမလားလို့ ကျွန်မထိတ်ကနဲဖြစ်သွားတာ။ သူကတစ်ခုခုထပ်ပြောတော့မဲ့ပုံနဲ့ ပါးစပ်ကိုဟလိုက်ပေမဲ့……… “ဒုန်း” ကျွန်မတို့နှစ်ယောက်လုံးလန့်ဖြန့်ပြီး လူချင်းခွာလိုက်တယ်။ဘယ်အချိန်ကအခန်းထဲရောက်နေမှန်းမသိတဲ့ ကျွန်မ ဘော့စ်က သူ့ပိုက်ဆံထုပ်ကြီးကို ကျွန်မတို့ဘေးကစားပွဲပေါ်ချလိုက်တာ။ အမလေး..ရှက်လိုက်တာ။ ကျွန်မထူပူ သွားတယ်။ ဘာမှမလုပ်ပေမဲ့ ကျွန်မတို့နှစ်ယောက်က နီးနီးကပ်ကပ်ကြီး အကြည်ဆိုက် နေသလိုအနေအထား မဟုတ်လား..။မိုးဇော်လည်း ယောင်တောင်ပေါင်တောင်နဲ့ ထပြီး အခန်းထဲကထွက်သွားတယ်။

ဘော့စ်က မျက်နှာ တင်းတင်းနဲ့ အဲ့ကောင်လေးက ဘယ်ကလဲ လို့မေးတယ်။ ကျွန်မလည်း တစ်ခြားဌာနက လို့ပြောလိုက်တယ်။ ဘာမှတော့ ဆက်မပြောပါဘူး။ အလုပ်ကိစ္စနဲနဲပါးပါးပြောပြီး ပြန်သွားရော။ ကျွန်မတို့ဘော့စ်က ဒီရုံးမှာမထိုင်ဘူး။ တစ်ခြားရုံးခွဲမှာ သွားထိုင်တာ။ ဘော့စ်ပြန်သွားတာနဲ့ ကျွန်မလည်းကွန်ပြူတာလေးဘာလေးဖွင့်ပြီး ဂျီတော့လေးဘာလေး တက်ကြည့်လိုက်တယ်။ ကျွန်မစကားပြောနေကျ သူငယ်ချင်းတစ်ယောက်နဲ့ ထုံးစံအတိုင်း စကားစမြည်ပြောတာပေါ့။ အဲ့ကောင်က မောင်နဲ့လည်းသိတယ်။ ကျွန်မလည်း ခုနက ရုံးကကောင်လေးတစ်ယောက်နဲ့ အကြည်ဆိုက်နေတုန်း ဘော့စ် မိသွားတဲ့အကြောင်း ရင်သိမ့်တုန်ဇာတ်လမ်းကိုပြန်ဖောက်သည်ချမိတယ်။

မောင်လည်း အွန်လိုင်းတက်လာရော အဲ့မသာလေးက ကျွန်မသူနဲ့ပြောထားတာတွေသွားပြတယ်လေ။ ပြီးတော့ သူသွားပြလိုက်တဲ့ အကြောင်း ကျွန်မကိုလည်း စပ်ဖြီးဖြီးနဲ့လာပြောတယ်။ အချွန်နဲ့မတာပေါ့လေ။ မောင်ကအွန်လိုင်းမှာရှိနေတယ်။ ဒါပေမဲ့ကျွန်မကိုစကားလာမပြောဘူးရယ်။ ကျွန်မပဲစခေါ်လိုက်တယ်။ “မောင်” “ကလေး..ပြော” “ဟိုအကောင် မောင့်ကိုချွန်ထားတာလေ…စိတ်ဆိုးသွားလားဟင်” Typing ဆိုပြီးပြနေပေမဲ့ ခဏလေးကြာမှစာကတက်လာတယ်။ “ကလေးက ကိုယ်စိတ်ဆိုးနေမယ်ထင်လို့လား……မဆိုးပါဘူး…မောင့်ကလေးလေးကိုမောင်ယုံတယ်……” ခုချိန်မှာတစ်ယောက်ယောက်ကကျွန်မမျက်နှာကိုကြည့်နေရင် ကြည်ကြည်နူးနူးနဲ့ ပိတိဖြာသွားတဲ့အပြုံးကို သေချာပေါက်မြင်မိ မှာပဲ။

မောင်နဲ့ချစ်ရတာအဲလိုလေးတွေကြည်နူးဖို့ကောင်းတာ…… နောက်ပိုင်းလည်းအဲဒီလိုပါပဲ။ သမီးရည်းစားချင်းသ၀န်တိုတာလေးတွေတော့ရှိတတ်တာပေါ့။ ဒါပေမဲ့မောင်ကဘယ်တော့မှ ကျွန်မကို ပြသနာမရှာ တတ်ဘူး။ သူ့စိတ်ထဲမှာတစ်ခါတလေ သ၀န်တိုမိတာတော့ရှိတယ်တဲ့။ ကျွန်မကတော့ အဲလိုမဟုတ်ဘူး။ သ၀န်တို စရာအကြောင်းရှိလာရင်ပေါ်တင်ပဲပြောတယ်။ စိတ်ကောက်တယ် ရန်ဖြစ်တယ်။ ရန်ဖြစ်တယ်ဆိုတာ ကျွန်မဘက်က တစ်ဖက်သတ်ဖြစ်တာကိုပြောတာပါ။ မောင်ကဘယ်တော့မှကျွန်မနဲ့ပြန်ရန်မဖြစ်ဘူး။ သူ့ဘက်ကမှန်နေရင်တောင် လေသံအေးအေးနဲ့ပဲဖြေရှင်းတယ်။

တစ်ခါတလေ မောင်ဒေါသမထွက်တတ်ဖူးလားလို့တောင် တအံ့တသြမေးယူ ရတယ်။ မောင်နဲ့ကျွန်မကဆန့်ကျင်ဘက်လေ ဒီနေရာမှာတော့.။ ကျွန်မကအရမ်းစိတ်ကြီးတယ်။ စိတ်ဆိုးပြီဆိုရင် ကိုယ်စိတ်ဆိုးတဲ့သူကိုမလုပ်ရရင်ကိုယ့်ကိုကိုယ်ပြန်လုပ်တာ။ ဒါမှမဟုတ် နီးစပ်ရာပစ္စည်းတွေအကုန်ပေါက်ခွဲ ဝုန်းဒိုင်း ကြဲပြီး ဗြောင်းဆန်အောင်လုပ်တတ်တာ။ အိမ်မှာ နေတုန်းက ကျွန်မနဲ့အမေနဲ့ ခဏခဏပြသနာတက်တယ်။တက်တိုင်းလည်း ကျွန်မအခန်းထဲကပစ္စည်းတွေ ကျွန်မလက်ချက်နဲ့မွစာကျဲကုန်တာပဲ။ အခုတော့ အတူတူမနေရတဲ့ အချိန်တွေများလာလို့ ပဲခူးပြန်ရင်မိသားစုနဲ့အလွမ်းပဲသယ်နေတော့တာ။

မောင်ကျွန်မကိုခွင့်လွှတ်သလောက်ကျွန်မမောင့်ကိုစိတ်ဆိုးမှာကျတော့ မောင်ကအရမ်းကြောက်တယ်။ ကြောက်တယ်ဆိုတာ ကျွန်မကိုယ့်ကိုကိုယ်တစ်ခုခုလုပ်တာ တို့ သူ့ကိုမုန်းသွားမှာတို့ကို ကြောက်တာပါ။ မောင်နဲ့ရည်းစားဖြစ်ပြီး မကြာသေးတဲ့အချိန်တွေတုန်းက ကျွန်မ မောင့်ကို စိတ်ဆိုးပြီးစကားမပြောဘဲနေတော့ (အဲလိုမျိုးစကားမပြောဘဲအံကြိတ်ပြီးနေတာ သုံးနာရီလောက်ကြာတယ်) မောင်က မောင့်ကိုထုပါရိုက်ပါ ကြိုက်သလောက်လုပ်ဆိုပြီး ခေါင်းထိုးခံပြီးပြောတာ။ ကျွန်မလည်း စိတ်ရှိလက်ရှိ တွယ်ပလိုက်တယ်။ လက်နဲ့တင်ပါ…အုတ်ခဲတွေဘာတွေတော့မပါဘူးပေါ့။

နောက်ပိုင်းစိတ်ဆိုးတဲ့အခေါက်တိုင်းလည်း အဲ့လိုမျိုးပဲ။ ကြာတော့ ကျွန်မ အဲ့လောက်ကြီးဒေါသမကြီးတော့ဘူး။ မောင့်ကိုလည်းမလုပ်ရက်တော့ဘူး။ လူတစ်ယောက်ကိုတကယ်ချစ်မိလာပြီဆိုရင် သိသာပါတယ်။အစစအရာရာမှာပေါ့။ ကျွန်မမကြိုက်တာတွေ မောင် မလုပ်သလို မောင်စိတ်ဆင်းရဲရမဲ့ကိစ္စတွေလည်း ကျွန်မရှောင်ဖြစ်လာတယ်။ မိုးဇော်လေးကိုတောင် ကျွန်မမှာ ရည်းစား ရှိကြောင်းအရိပ်အမြွက် ပြောလိုက်တယ်။ သူညနေပိုင်းထိ ရုံးမှာရှိနေတဲ့နေ့တွေဆို မောင်ကျွန်မကိုလာကြိုတာကို မြင်တယ်လေ။ နောက်ပိုင်းတော့ သူလည်း လက်လျှော့လိုက်ပုံရပါတယ်။

သူရည်းစားရသွားပီဆိုပြီး သူ့ရည်းစားပုံတွေတောင် ကျွန်မကိုလာပြသေးတယ်။ မောင်က ကျွန်မအတွက် ချစ်သူတစ်ယောက်ဖြစ်သလို တိုင်ပင်ဖော်တိုင်ပင်ဖက်တစ်ယောက်လည်းဖြစ်လာတယ်။ ဘယ်ကိစ္စမဆို မောင်ပါမှ ကျွန်မလုပ်တတ်တော့တယ်။ နေ့တိုင်းရုံးလိုက်ပို့ လာကြိုတာအပြင် တစ်ခါတလေ ကျွန်မချိုင့်ကိုယူသွားပြီး မောင်ချက်တတ်တဲ့ဟင်းလေးတွေနဲ့ထမင်းချိုင့်ထည့်ပေးတတ်သေးတယ်။ရုံးပိတ်ရက်ဆိုရင်တော့ သောကြာနေ့ညတည်းက အပေါင်းအသင်းတွေနဲ့သောက်စားပျော်ပါးကြတယ်။ မောင်နဲ့ကျွန်မက သောက်တဲ့နေရာမှာလည်းအတွဲညီတယ်။

မောင်ကကျွန်မကို အရက်ခွက်ငှဲ့ပေး ကျွန်မကမောင့်ကို စီးကရက်မီးညှိပေး… အဲလိုမျိုး..။ ပြီးရင် အိမ်မပြန်တော့ဘဲ ဟိုတယ်မှာနှပ်ကြတယ်။ အဲတာကြောင့် မောင်နဲ့ကျွန်မက လိင်ကိစ္စမှာလည်း ပိုပြီး အပေးအယူမျှလာတယ်။ မောင်နဲ့ကျွန်မဟိုတယ်ပထမဆုံးရောက်ဖြစ်တဲ့အကြောင်းကိုသတိရမိသေးတယ်။ မောင့်အိမ်မှာတွေ့ခဲ့ကြတဲ့နေ့နဲ့ တစ်လလောက်ကွာမယ်ထင်တယ်။ ဒီကြားထဲမှာ ကျွန်မက weekends တွေအကြောင်းအမျိုးမျိုးနဲ့ မအားတာရယ်…မောင့်အဖေကြီးလည်း ဘုရားဖူးကပြန်ရောက်လာတာရယ်နဲ့ ဆိုတော့ မောင်လည်းမလှုပ်သာဘူးလေ။

ရောက်ဖြစ်တဲ့အကြောင်းပြောရရင် ကျွန်မကိုမောင်ခြေသည်းနီဆိုးပေးချင်တာနဲ့ စရမယ်ထင်တယ်။ မောင်ကကျွန်မကိုလက်သည်းနီဆိုးပေးနေကျလေ ရည်းစားစဖြစ်ကတည်းက။ နောက်တော့ ခြေသည်းနီလည်းဆိုးပေးချင်သေးတယ်တဲ့။ လက်သည်းနီဆိုတာက လူရှင်းတဲ့ဆိုင်လေးမှာဖြစ်ဖြစ် သွားနေကျ ကန်ဘောင်မှာဖြစ်ဖြစ် လူမြင်သူမြင်ဆိုးပေးလို့ရသေးတယ်….။ ခြေသည်းနီကျတော့ လူမြင်လို့မှမကောင်းတာ။ အဲဒါနဲ့ ဟိုတယ်မှာသွားဆိုးကြမယ်ဆိုပြီး သွားဖြစ်သွားတာ။ ရီချင်စရာကြီးနော်။ ဒါပေမဲ့ မောင်ကတော့ တစ်ကယ်ဆိုးပေး ပါတယ်။ ဆိုးပေးရုံတင်ဘယ်ကမလဲ………..။

“မောင်…ခြေသည်းနီဆိုးပေးမယ်ဆို……” “အင်း..ပြန်ခါနီးမှဆိုးပေးမယ်လေ” “ဟင်..အခုဆိုးတော့ဘာဖြစ်လို့လဲ” “ဟိဟိ…အခုဆိုးတော့ ကလေးကအိပ်ယာပေါ် လူးလိုက်လှိမ့်လိုက်ရင် ခြေသည်းနီတွေကမခြောက်ဘဲ ပေကုန်မှာပေါ့ကွ” မောင်ကပြောပြောဆိုဆိုနဲ့ကျွန်မကိုဖက်ထားရင်းက နှုတ်ခမ်းတွေကို စုတ်နမ်းလိုက်တယ်။ ပြီးတော့ လည်ပင်းတွေ …..၀တ်ထားတဲ့အကျီကွာကျသွားတော့.. ရင်သားတွေ….ရင်သားတွေအလှည့်မှာ တော်တော်ကြာသွားတယ်။ ကျွန်မရင်သားတွေက ရမက်စိတ်ကြောင့် ပြည့်တင်းပြီး နို့သီးခေါင်းလေးတွေကထောင်နေပြီ။ မောင်က ရင်သားနှစ်ဖက်လုံးကို လက်နဲ့စုံကိုင်ပြီး ဖိညှစ်နေတယ်။

“အာ…အားး” ကျွန်မအသံထွက်ပြီးညည်းမိတဲ့အထိမောင့်လက်တွေက အတင်းညှစ်နေတုန်းပဲ။ ပြီးတော့မှ လက်နဲ့ဆုပ်ကိုင်ထားလို့ ပိုပြီးဆူထွက်နေတဲ့ရင်သားကို ရေငတ်နေသလို တပြွတ်ပြွတ်စို့တော့တယ်။ လက်တစ်ဖက်ကလည်း ကျန်တဲ့ ရင်သားတစ်ဖက်ကို ဖြစ်ညှစ်ရင်း နို့သီးခေါင်းလေးတွေကို ဆွဲပေးနေတယ်။ကျွန်မအောက်မှာလူးလှိမ့်နေပြီ။ ၀တ်ထားတဲ့ပန်တီအောက်မှာ မောင့်ကိုချစ်တဲ့အချစ်ရည်တွေက တစိမ့်စိမ့်ထွက်နေပီ။ မောင့်လက်တစ်ဖက်က ရင်သားတွေဆီကနေ နိမ့်ဆင်းပြီး ချက်ကလေးကိုလှမ်းကလိလိုက်သေးတယ်။ ပြီးမှ ကျွန်မစကပ်တိုတိုအောက်က ပန်တီလေးပေါ်ကနေပဲလက်ခလယ်နဲ့ အကွဲကြောင်းလေးကို ပွတ်ပွတ်ဆွဲနေတယ်။

“ညီမလေး အရည်တွေထွက်နေပီ ကလေး” “အင်းလေ..ရှင့်ကြောင့်ပေါ့” ပြုံးစိစိနဲ့မောင်က ကျွန်မရဲ့စကပ်နဲ့ပန်တီကို ဆွဲချွတ်လိုက်တယ်။ မောင့်ခေါင်းက အရင်တစ်ခါလိုပဲ ညီမလေးဆီရောက်သွားတယ်။ လျှာလေးနဲ့ကလိလိုက် လက်ချောင်းနဲ့ထိုးသွင်းလိုက်လုပ်တော့ ကျွန်မလည်း အရမ်းကို ကော့ပျံတက်နေပီ။ မောင့်ခေါင်းကို ဆွဲထူရင်း သူ့ဘောင်းဘီကို ကျွန်မထပြီးချွတ်ပေးလိုက်တယ်။ မာတင်းတင်းဖြစ်နေတဲ့မောင့်ညီလေးကို တစ်ချက်နှစ်ချက် ကစ်စင်ပေးလိုက်တော့ အစွမ်းကုန်ထောင်မတ်လာပြီလေ။ အိပ်ယာပေါ်တံတောင်ဆစ်နဲ့ထောက်ထားရင်း မောင့်ညီလေး ကျွန်မညီမလေးထဲသွင်းတာကိုကြည့်နေမိတယ်။

အဲလိုမျက်စိနဲ့ကိုယ်တိုင်ကြည့်ရင်ပိုပြီးဖီလ်း ဖြစ်တယ်လို့ အောစာအုပ်တွေထဲမှာပါလို့ ကြည့်ကြည့်တာ။ ယောကျာ်းလေးတွေနဲ့ တခြားမိန်းကလေးတွေအတွက်တော့ မပြောတတ်ဘူး။ ကျွန်မအတွက်တော့ သိပ်မကွာပါဘူး ခံစားရတာချင်းက…..။ မောင်ကခပ်ဖြေးဖြေးပဲအသွင်းအထုတ် စလုပ်တယ်။ ကျွန်မလည်းအိပ်ယာပေါ်ပြန်အိပ်ချပြီး မျက်လုံးတွေမှိတ်ထားလိုက်တယ်။ “ဘာလို့မျက်လုံးတွေပိတ်ထားတာတုန်း” ပိတ်နေကျမို့လို့ လို့ကျွန်မပြန်ဖြေရင်သင့်တော်ပါ့မလား ကျွန်မစဉ်းစားနေတုန်း “မျက်လုံးတွေဖွင့်ထားရင် ပိုကောင်းတယ် မောင့်ကိုကြည့်” အဲ့ဒီအချိန်တည်းက နောက်ပိုင်းမျက်လုံးဖွင့်ထားတာ အကျင့်ရသွားတယ်။

အရင်ကဆို ဘယ်သူနဲ့ဖြစ်ဖြစ် ကျွန်မ မျက်လုံးကြာကြာဖွင့်မထားတတ်ဘူး။ မောင်ပြောတာလည်း ဟုတ်ပါတယ်။ တစ်ယောက်ကို တစ်ယောက် ချစ်ရမက်တွေနဲ့စိုက်ကြည့်ရင်း ချစ်ရတာ ပိုကောင်းသလိုပဲ။ အဲ့လိုနဲ့ မောင်က ကျွန်မကိုကြည့်ရင်း ကော့တက်နေတဲ့ရင်းသားတွေကိုဆုပ်နယ်ရင်း တဖုန်းဖုန်းနဲ့ဆောင့်နေပြီ။ လူကပိန်ပေမဲ့ ဒါမျိုးကတော့ အားအတော်ရှိတယ်ဆိုရမယ်။ တအားကိုဆောင့်တာ။ တစ်ခန်းလုံးလည်းကျွန်မအော်သံတွေနဲ့ချည်းပဲ။ ဆယ်မိနစ်လောက်ဆောင့်ပြီးတော့ မောင်လည်းမောကျွန်မလည်းမောနေပြီ။ မောင်က ပက်လက်လှန်လိုက်ပြီး ကျွန်မကို ဆွဲခေါ်လိုက်တယ်။

ကျွန်မလည်းမောင့်အပေါ်တက်ခွပြီး မောင့်ညီလေးပေါ်ချိန်ပြီးထိုင်ချလိုက်တယ်။ အီးးး….. ကနဲ နှစ်ယောက်လုံးဆီကအသံထွက်လာတယ်။ ကျွန်မမောင့်ရင်ဘတ်ပေါ်လက်ထောက်ပြီး ရှေ့တိုး နောက်ဆုတ် လှုပ်ရှားလိုက်တယ်။ မောင့်လက်တွေကအငြိမ်မနေ…ကျွန်မရင်သားတွေကိုဆွဲဆွဲပြီးကိုင်နေတယ်။ နောက် အားမရတော့သလို လက်နောက်ပြန်ထောက်ပြီး စို့တော့ ကျွန်မကလက်တစ်ဖက်ကလည်း မောင့်ခေါင်းကို ကိုင်ပြီး ထိန်းထားပေးလိုက်တယ်။ ကျွန်မတစ်ကိုယ်လုံး ထူပူတက်လာတယ်။ အရမ်းကောင်းနေပြီ။ မောင့်ကို ပြန်လှဲချခိုင်းရင်း ခါးကိုမတ် ရင်ကိုကော့ရင်းအားရပါးရဆောင့်လိုက်တယ်။

ပီးသွားပြီ…ကျွန်မပီးသွားပြီ။ တကယ်ပါ မောင်နဲ့မတိုင်ခင်က ကျွန်မအချစ်ဆုံးဖြစ်ခဲ့ဖူးသူရဲ့ အယုအယအောက်မှာတောင် ကျွန်မ မပီးခဲ့ဖူးဘူးရယ်။ ဘာလို့ မပီးတာလဲဆိုတာလည်း ကျွန်မတကယ်မသိ နားမလည်ပါဘူး။ သူတို့က ပီးပြီလားမေးရင် လွယ်လွယ်ကူကူ အင်းပဲဖြေလိုက်တယ်။ ပြီးတော့ မဆက်ဆံခင်နဲ့ ဆက်ဆံနေတုန်း ထွက်လာတဲ့ အရည်တွေကို ကျွန်မက ပီးလို့ထွက်တယ်ပဲ ထင်တာ။ မောင်နဲ့ တွေ့မှ တကယ်ပီးတယ်ဆိုတာ ဒါမျိုးပါလား ဆိုပြီး မတူမှန်းသိရတော့တာ…………။ ကျွန်မရဲ့ချစ်သူမောင်ဟာ ရုပ်မချောပါဘူး……သူများတွေလိုပညာတွေလည်း မိုးပျံအောင်တတ်မနေပါဘူး………. ငွေကြေးလည်းမချမ်းသာဘူးရယ်။

ဒါပေမဲ့ ဘာလို့မှန်းကိုမသိ ကျွန်မမောင့်ကို ပိုပိုပြီးချစ်လာမိတယ်။ မောင်နဲ့ ချစ်သူ ဖြစ်ပီးမှ ကျွန်မ တဖြေးဖြေး ဒေါသတွေလျော့လာတယ်။ စိတ်လည်းကြည်လာလို့ ရုပ်လည်းပိုပြီး ကြည်ကြည်လင်လင် လေးဖြစ်လာတယ်။ မောင်ကတော့ သူနဲ့တည့်လို့လို့ ပြောတာပဲ။ တကယ်ပြောတာ……အသက်ပိုကြီးလာတာလည်း ဆိုင်ချင်ဆိုင်လိမ့်မယ်……ဒါပေမဲ့မောင့်ကြောင့် ကျွန်မဒေါသထွက်ရင်ဖြစ်တတ်တဲ့စိတ်တွေ..အကျင့်ဆိုးတွေ တော်တော် လျော့ပါးသွားတယ်။ နောက်ပိုင်းကျွန်မမောင့်ကိုစိတ်ဆိုးရင်တောင် လူရှေ့သူရှေ့မှာမအော်ဘူး… ကျိတ်ပြီးပြောတယ်။

ကိုယ်ဘာလို့စိတ်ဆိုးလဲ…နောက်ကို ဘယ်လိုလုပ်မလဲဆိုတာအဖြေရှာပြီးမောင့်ကိုပြောပြတယ် ရှင်းပြတယ်။ အဲ့ဒါကြောင့်မို့လို့ ကျွန်မတို့နှစ်ယောက်ကြားပြသနာတောင် သိပ်မဖြစ်တာကြာပြီ။ ပျင်းတောင်ပျင်းယူရတယ်။မောင်နဲ့ကျွန်မဖက်ထားရင်း မောင်က ကျွန်မကျောပြင်ကိုလက်နဲ့အသာလေးပွတ်သပ်ပေးနေတယ်။ “ကလေး……ပင်ပန်းနေပြီလားဟင်…အရမ်းမောနေလား” “ဘာဖစ်လို့လဲမောင်” “အသက်ရှူသံတွေ အရမ်းပြင်းနေလို့..” တကယ်တော့ ကျွန်မရင်တွေအရမ်းခုန်နေတာ။ မောင့်ကို ဒီအချိန်မှာ ဖွင့်ပြောလိုက်ရင်ကောင်းမလား စဉ်းစားလိုက်တာနဲ့ နှလုံးခုန်သံတွေမြန်လာတယ်။

ကျွန်မပြောမှာပါ……ဒါပေမဲ့အခုတော့မဟုတ်သေးဘူး။ မောင်က မနေ့ကမှပြန်ရောက်လို့ ကျွန်မတို့အလွမ်းသယ်နေတုန်းလေ ။ မောင်နဲ့ချစ်ဖို့ ဟိုတယ်ကိုလာဖို့ ဒီနေ့ရုံးတောင်ဖျက်ထားရတာ။ ဒီအချိန်ကြီးပြောလို့ဖြစ်မလား…။ နောက်မှ အေးအေး ဆေးဆေးမောင့်ကို ပြောပြမယ်……….။မောင်မသိအောင်သက်ပြင်းခိုးချရင်း အိပ်ယာပေါ်ကထပြီး ဘီယာတစ်ဘူး ဖောက်သောက် လိုက်တယ်။ မောင်က ဘာစိတ်ကူးပေါက်တယ်မသိ..သူမသောက်တော့ဘူးတဲ့။ ကျွန်မကိုပဲ ခေါင်းအုံးပေါ်လက်တင်ထားရင်းက ပြုံးကြည့်နေတယ်။ နွေးထွေးကျယ်ပြန့်တဲ့ မောင့်ရင်ခွင်ထဲကို၀င်မှီလိုက်ရင်း ကျွန်မမျက်လုံးတွေမှေးစင်းလာတယ်။ မောင်သိသွားရင် ကျွန်မကို ခွင့်လွှတ်နိုင်ပါ့မလား။

ခွင့်လွှတ်မှာပါ…မောင်က ကျွန်မကို အရမ်းချစ်တာလေ။ အဲ့ဒီအတွေးတွေက ကျွန်မအိပ်မပျော်ခင်နောက်ဆုံးအတွေးတွေဖြစ်ပြီး မောင့်ရင်ခွင်ထဲမှာ ပူပင်သောကတွေနဲ့ကျွန်မမှေးကနဲ အိပ်ပျော်သွားပါတော့တယ်။ စပယ်….စပယ်ပွင့်ဝါ………..ထစမ်းပါအုံး…” ပုခုံးကိုကိုင်ပြီး ခပ်ကြမ်းကြမ်းလှုပ်နိုးခံလိုက်ရတာကြောင့် ကျွန်မလန့်ဖြန့်ပြီးထထိုင်လိုက်တယ်။ ငေးကြောင်ကြောင် ဖြစ်နေတုန်း မောင်က သူ့လက်ထဲက ကျွန်မဖုန်းကိုပြပြီး………… “ဒါဘာလဲ…ဒါဘာတွေလဲ….မင်းတို့ဘာအကြောင်းပြောထားကြတာလဲ……….ပြောစမ်းငါ့ကို” မောင့်အသံက ဒေါသနဲ့တုန်ရင်နေတယ်။ ကျွန်မဖုန်းကို အထိန်တလန့်နဲ့ကြည့်မိတော့ message box ကပွင့်လျက်သား…….။

screen ပေါ်မှာ…….ကျွန်မနဲ့ကိုလင်း အပြန်အလှန်ပို့ခဲ့တဲ့ message တွေ………..။ Quote “စပယ် အဆင်ပြေရဲ့လား….မနေ့ကတို့တော်တော်မူးသွားကြတယ်နော်” “မပြေဘူး….ရှင်ကျွန်မကို ဘာတွေလုပ်လိုက်လဲ ဒီမှာသွေးတွေထွက်နေပြီ” “ဟင်….ဘာမှမလုပ်မိပါလား..ဘယ်ကထွက်တာလဲ” “ဘယ်ကထွက်ရမလဲ ရှင်လုပ်သွားတဲ့ အပေါက် ကပေါ့” “ဟာ..ဘယ်လိုဖြစ်တာလည်းမသိဘူး ဆေးခန်းပြမလား ကိုယ်အခုလာခဲ့မယ်” အဲ့ဒီအောက်ဆုံးမှာမှ အခုလေးတင်လာထားတဲ့ မက်ဆေ့ခ်ျ…………………. “စပယ်….နေကောင်းရဲ့လား…အဆင်ပြေရဲ့လား….မက်ဆေ့ခ်ျရရင်အကြောင်းပြန်ပါအုံး…” ကျွန်မခေါင်းတွေအဆတစ်ရာလောက်ကြီးသွားသလိုပဲ…တစ်ကိုယ်လုံးအဖျားတက်သလို ထူပူလာတယ်…။

စိတ်အရမ်း လှုပ်ရှားနေတဲ့ကြားက တစ်ခါမှ မက်ဆေ့ခ်ျတွေဘာတွေ မကြည့်တတ်တဲ့ မောင်ဘာလို့ကျွန်မဖုန်းကိုယူကြည့်တာလဲ တွေးနေမိတယ်။ မောင်နဲ့ကျွန်မက တစ်ယောက်ဖုန်းတစ်ယောက်ယူပြီး ဂိမ်းဆော့တာကလွဲရင် ဖုန်းအ၀င်အထွက်တွေ မက်ဆေ့ခ်ျတွေ ယူကြည့်လေ့မရှိကြဘူး။ အခု ကိုလင်းဆီက မက်ချေ့်၀င်လာလို့ မောင်ဖွင့်ကြည့်လိုက်တာဖြစ်မယ်။ ရုတ်တရက်မို့အစီအစဉ်တကျမရှိတဲ့စကားသံတွေက ကျွန်မနှုတ်က အထစ်ထစ်အငေါ့ငေါ့နဲ့ထွက်သွားတယ်။ “မဟုတ်ဘူး….ကျွန်မရှင်းပြမယ်…….မဟုတ်ဘူးမောင်….အဲဒါ…” “ဘာကိုရှင်းပြမှာလဲ” အထစ်ထစ်အငေါ့ငေါ့နဲ့ထွက်လာတဲ့ ကျွန်မအသံကို မိုးခြုန်းသလိုကျယ်လောင်တဲ့မောင့်အသံကဖုံးလွှမ်းသွားတယ်။

“မင်းငါ့ကိုဘာတွေလိမ်ချင်သေးတာလဲ..မင်း..မင်းအရမ်းလွန်လွန်းတယ်…….. ငါ့ကိုစောက်ဖတ်မလုပ်ဘဲ ငါ့သူငယ်ချင်းနဲ့တောင် မင်းသစ္စာဖောက်တယ်ပေါ့..ဟုတ်လား………မင်းတို့ကွာ….. ပြောစမ်းပါအုံး စပယ်ပွင့်ဝါရဲ့.. မင်းငါ့ကို ချစ်သူအဖြစ်တောင် သဘောထားသေးရဲ့လား……မင်းခိုင်းသမျှလုပ်ပေးပြီး…မင်းလုပ်သမျှသည်းခံပေးနေတော့ မင်းရဲ့ အစေခံလို ငါ့ကိုသဘောထားနေတာမှတ်လား………..ငါသိတယ် … အကုန်လုံးငါသိတယ်…….ငါမင်းကိုချစ်လွန်းလို့ ဘာမှမပြောရက်ခဲ့တာ……….” မောင့်ကိုရှင်းပြဖို့ပြင်ထားတဲ့ ကျွန်မပါးစပ်ထဲကစကားတွေအကုန်လုံးပျောက်ဆုံးကုန်ပြီ။ မောင်တစ်ခါမှ ဒီလိုစိတ်ဆိုးတာ မမြင်ဖူးလို့ ကျွန်မအရမ်းကြောက်ပြီး ထိတ်လန့်နေမိတယ်။

ပါးစပ်က ဘာစကားသံမှထွက်မလာဘဲ ခေါင်းကိုပဲပြုတ်ထွက်မတတ် တွင်တွင်ရမ်းနေမိတယ်။ ကျွန်မတကိုယ်လုံးကို ပုခုံးကနေဆွဲရမ်းလှုပ်ခါပြီး မောင်က ဆက်ပြောနေတယ်။ “ငါဘာတွေသိထားလဲဆိုတာ မင်းကိုပြောပြရအုံးမလား..မင်းနဲ့ချစ်သူဖြစ်ပြီး သိပ်မကြာခင်ဘဲ မင်းရဲ့အရင်ကောင် ဇော်မင်းအောင် ငါ့ကိုလာရှာပြီး မင်းတို့ဘာလို့ပြတ်သွားတယ်ဆိုတာ ငါ့ကိုအကုန်ပြောပြတယ်…… မင်း သူနဲ့ကြိုက်နေတုန်း ကောင်လေး တစ်ယောက်နဲ့သူ့နောက်ကွယ်မှာဖောက်ပြန်တဲ့အကြောင်းတွေလေ… ငါကမယုံတော့ မင်းနဲ့အဲဒီ့ကောင်လေး ဟိုတယ်တစ်ခုကထွက်လာပြီး ကားပေါ်တက်တဲ့ပုံ သူချောင်းရိုက်ထားတာ တောင်ငါ့ကိုပြသေးတယ်………။

အဲကောင်က ငါ့ကိုလည်းမင်းအဲလိုပဲသစ္စာဖောက်လိမ့်မယ်တဲ့……..နွားအဖြစ်မခံနဲ့ တဲ့ မင်းရဲ့မကောင်းကြောင်းအကုန်ပြောပြပြီးငါ့ကိုတားခဲ့တယ်………. အဲ့ဒီတုန်းက ငါဘာပြန်ပြောခဲ့လဲသိလား……. မိန်းကလေးတစ်ယောက်ကို ချစ်လို့ခွင့်လွှတ်တာ နွားအဖြစ်ခံတာမဟုတ်ဘူး………ကိုယ့်ရည်းစားဖြစ်ခဲ့ဖူးတဲ့ မိန်းကလေးရဲ့ မကောင်းကြောင်း လိုက်ပြောနေတဲ့ကောင်ကမှ နွားအစစ်..လို့ ငါသူ့ကိုပြောခဲ့တယ်…….အဟားး ခုတော့ကွာ” မောင်က ကျွန်မကိုအရမ်းနာကျည်းမုန်းတီးတဲ့ပုံနဲ့ လှောင်ရယ် ရယ်လိုက်တယ်။ မဟုတ်ဘူး…..မဟုတ်ဘူးမောင်ရဲ့… ကျွန်မသူ့ကိုသစ္စာဖောက်ခဲ့တာမဟုတ်ဘူး…..။

သူနဲ့ပြတ်သွားပြီးမှ အဲ့ကိစ္စဖြစ်တာလေ..။ သူ…သူတမင်ယုတ်မာတာ…….သူယုတ်မာပြီးလုပ်ကြံပြောတာ မယုံပါနဲ့ မောင်ရယ်……..။ ထူးဆန်းတယ်…….ကျွန်မရင်ထဲကစကားသံတွေဟာ ပါးစပ်ကနေအပြင်ကိုရောက်မလာဘဲ မျက်လုံးကနေတဆင့် မျက်ရည်တွေအဖြစ်ပဲ အသွင်ပြောင်းပြီး စီးဆင်းနေတယ်။ မောင့်ဒေါသတွေကိုကြောက်လွန်းလို့ ကျွန်မတုန်နေပြီ။ မောင်ထပ်ပြောမဲ့စကားတွေကိုကျွန်မနားမထောင်နိုင်တော့ဘူး။ မောင်ကျွန်မကိုသတ်လိုက်တာပဲဖြစ်ဖြစ် တစ်ခုခုသာ လုပ်လိုက်ပါတော့။ ဆက်မပြောပါနဲ့တော့မောင်ရယ်…..ကျွန်မနားမထောင်ချင်တော့လို့ပါ……..။

စိတ်ထဲကနေ တောင်းပန်တိုးလျှိုးနေပေမဲ့လည်း….ကံမကောင်းစွာဘဲ မောင်က ဆက်ပြီးပြောနေခဲ့တယ်။ “ငါမင်းကို အရမ်းကိုချစ်လွန်းလို့ သူပြောတာတွေကိုတောင် လက်မခံခဲ့ဘဲ မင်းကို…..မင်းမျက်နှာလေးညှိုးမှာစိုးလို့… ဒီကိစ္စတွေမသိချင်ယောင်ဆောင်ပြီး ငါ့ရင်ထဲပဲထားခဲ့တာ………လုပ်ရက်တယ် စပယ်ရယ်…….. မင်းအရမ်းလုပ်ရက်တယ်………. ရည်းစားဦးကိုအချစ်ကြီးလွန်းပြီး အသဲဟက်တက်ကွဲနေခဲ့တဲ့ကောင်မလေးကို.. ငါ့အချစ်တွေနဲ့ပျောက်အောင်ကုစားပေးမယ်လို့……….ငါစိတ်ကူးယဉ်ခဲ့တာ…….ဟားးးးးး ငါက အရူးပဲ……. တကယ့်အရူးကောင်ပဲ………..မင်းပြောသမျှယုံ မင်းလုပ်သမျှအကောင်းထင်ခဲ့တာ………နောက်ဆုံးတော့ ငါနွားလုံးလုံး ဖြစ်တာပဲ စပယ်ပွင့်ဝါရယ်………………..မင်းတကယ်ကြောက်ဖို့ကောင်းတယ်…”။

တော်ပါတော့မောင်ရယ်….ကျေးဇူးပြုပြီးတော်ပါတော့။ မျက်ရည်တွေစီးကျနေပေမဲ့ ငိုရှိုက်ဖို့မေ့နေတဲ့ ကျွန်မ မျက်နှာကို မောင်လှမ်းကြည့်လိုက်ပြီး ခက်ထန်နေတဲ့မောင့်အမူအယာက နဲနဲပျော့ပြောင်းသွားတယ်။ မောင့်မျက်၀န်း မှာလည်း မျက်ရည်စတွေနဲ့………..။ မောင်မျက်နှာလွှဲလိုက်ပြီး ကျွန်မကိုကျောခိုင်းထိုင်လိုက်တယ်။ အိပ်ယာခင်းစကို အားကိုးရာတစ်ခုလို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း ကျွန်မ မလှုပ်နိုင်သေးဘူး။ ခုနက အသံတွေ ကျယ်ကျယ်လောင်လောင် ပေါက်ကွဲနေတဲ့ အခန်းက ရုတ်တရက် တိတ်ဆိတ်သွားတယ်။ အခုနေကျွန်မအဖြစ်ချင်ဆုံး ဆန္ဒကိုသာမေးရင် မောင့်ရှေ့က ချက်ချင်းအငွေ့ပျံ ပျောက်ဆုံးသွားဖို့ပါပဲ။

ဒါမှမဟုတ်လည်း မောင်ပေးတဲ့အပြစ်ဒဏ်တစ်ခုခုကိုခံယူလိုက်ချင်တယ်။ ကျောပေးထားပေမဲ့ မောင့်ရဲ့ သက်ပြင်းချလိုက်သံကို ကျွန်မ ကြားလိုက်တယ်။ မောင်က ကျွန်မဘက်လှည့်လာပြီး အရင်လို တည်ငြိမ်တဲ့ပုံမှန်လေသံနဲ့…… “အ၀တ်အစားတွေ၀တ်တော့……ပြန်ကြမယ်” မောင်ပြောလိုက်မှ ကျွန်မဆတ်ကနဲအသက်ပြန်၀င်လာတယ်။ ပြန်ရမယ်…….ဟုတ်တာပေါ့။ ကျွန်မလိုလူမျိုးနဲ့ မောင် တစ်ခန်းထဲဘယ်ဆက်နေချင်ပါ့မလဲနော်။ ကျွန်မကို မောင်မုန်းသွားပြီ…….ရွံသွားပြီ…။ ခုနကလေးတင် ဒီမွေ့ယာပေါ်မှာပဲကျွန်မနဲ့ချစ်ရည်လူးခဲ့တဲ့မောင်ဟာ ခုတော့ ကျွန်မနဲ့ ဘာမှမဆိုင်တော့တဲ့ တစိမ်းတစ်ယောက်လိုဖြစ်သွားပြီ။ ကျွန်မအပြစ်တွေပါပဲမောင်ရယ်……..။

မျက်ရည်တွေစီးကျလျက်က အသက်မဲ့စွာနဲ့ စက်ရုပ်တစ်ရုပ်လိုမျိုး ကျွန်မအ၀တ်အစားတွေကောက်၀တ်လိုက်တယ်။ အားလုံးပြီးတော့ မောင်က ကျွန်မအရင်ထွက်နိုင်အောင် အခန်းတံခါးကို ဖွင့်ပေးလိုက်ပြီး နောက်ကသူပါလိုက်ထွက်လိုက်တယ်။ ဟိုတယ်ရဲ့လှေကားထစ်တွေကို တစ်လှမ်းချင်းဆင်းရင်း ချိနဲ့နေတဲ့ ကျွန်မ ခြေထောက်တွေက ယိုင်လဲမလိုတစ်ချက်ဖြစ်သွားသေးတယ်။ “သတိထား” စိုးရိမ်မကင်းတဲ့လေသံနဲ့ မောင်ကကျွန်မလက်မောင်းတွေကိုဆုပ်ကိုင်လိုက်တယ်။ မောင်ရယ်……. ဒီအကြင်နာ အယုအယတွေနဲ့ ဒီတစ်သက်ကျွန်မဝေးရတော့မယ်ဆိုတဲ့ အသိနဲ့ ကျွန်မမျက်ရည်တွေဝဲလာပြန်တယ်။

မျက်နှာချင်းဆိုင်က လျှောက်လာတဲ့ မျက်နှာသိဟိုတယ်၀န်ထမ်းလေးရဲ့ ပြန်ပီလား..ဆိုတဲ့ စကားကို ၀တ်ကျေတန်းကျေနှုတ်ဆက်လိုက်ရင်း မောင်က ကျွန်မကိုထိန်းကိုင်ပြီး ဟိုတယ်ထဲက ထွက်လာခဲ့ကြတယ်။ ဒီအခြေအနေရောက်တာတောင် စိတ်လိုက်မာန်ပါ တစ်ယောက်ထဲ ထွက်မသွားဘဲ…ကျွန်မကို ဖေးမခေါ်ပြီး အိမ်ပြန်ရောက်တဲ့အထိ လိုက်ပို့ပေးတဲ မောင့်ရဲ့ စေတနာ…ဒါမှ မဟုတ် .. တာ၀န်ယူတတ်တဲ့ စိတ်ကို ကျွန်မစိတ်တွေ ကယောက်ကယက်ဖြစ်နေတဲ့ကြားက မောင့်ကို ကျေးဇူးတင်မိသေးတယ်။ တက်စီပေါ်ကနေ ကျွန်မနေတဲ့တိုက်ခန်းရှေ့အထိ စကားတစ်ခွန်းမှ မပြောဖြစ်ကြပဲ ရောက်သွားတယ်။

တိုက်ခန်းအောက်မှာ မောင်က ခနရပ်ရင်း… “ကိုယ်မင်းကို တခါတည်းနှုတ်ဆက်လိုက်ပြီနော်……. လင်းမင်းထက်နဲ့မင်း ပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ်” လို့ လေသံတိုးတိုးနဲ့ပြောတယ်။ ဘုရားရေ………..မောင်ဘာတွေထင်နေတာလဲ… မောင့်ဆီကလွတ်တာနဲ့ မောင်နဲ့ ပြတ်တာနဲ့ပဲ…ကိုလင်းဆီ ကျွန်မအပြေးသွားမယ်ထင်နေတာလား…….. မောင့်စကားက ကျွန်မအသည်းကိုအပ်နဲ့ဆွလိုက်သလို…မဟုတ်ဖူး… ဓါးနဲ့ထိုးချလိုက်သလိုပဲ…..။ ကျွန်မတစ်ခုခုတော့ပြောရမယ်။ မောင်ထင်တာတွေမဟုတ်တဲ့အကြောင်း ကျွန်မဖြေရှင်း ရမယ်လေ။

ကျွန်မမောင့်ကို ခေါင်းရမ်းပြပြီး စိတ်ကိုအားတင်းရင်း အရမ်းကိုတိုးညှင်းလွန်းတဲ့အသံကို ဖြစ်ညှစ်ထုတ်ပြီး ပြောလိုက်မိတယ်…။ “မဟုတ်ဖူး…ကျွန်မမောင့်ကိုအရမ်းချစ်တယ်…..မောင့်ကိုပဲ…………” မောင်အရင်က ကျွန်မဆီကနေခဏခဏကြားချင်ပါတယ်ဆိုတဲ့စကားကို အခုကြားလိုက်ရချိန်မှာ သူ့ကို ကြီးကြီးကျယ်ကျယ်စော်ကားခံလိုက်ရသလို မေးကြောတွေထောင်ပြီး မောင့်မျက်နှာတင်းမာသွားတယ်။ ကျွန်မစကားထပ်ပြောဖို့ အားယူလိုက်ချိန်မှာပဲ မောင်က မဲ့ပြုံး တစ်ချက်ပြုံးပြီး ချာကနဲလှည့်ထွက်သွားပါတော့တယ်……………..။ “ထမင်းလေးတော့ထစားပါအုံး စပယ်ရယ်……..အသဲကွဲတယ်ဆိုတာလည်းအားရှိမှ ခုသာခံသာရှိတာ” လွင်မာ့အပြောကို မိဖြူက ထောက်ခံပြီး…….. ။

“ဟုတ်ပါတယ်…စပယ်ရယ်…….နင်ဒီလိုလုပ်နေရင် အစာအိမ်ဖြစ်တာနဲ့ နေမကောင်းဖြစ်တာ ပေါင်းပြီး အသဲတောင် ကြာကြာမကွဲနိုင်ဘဲ ဖြစ်သွားလိမ့်မယ်” “အေးလေ..အမှန်က မိဖြူ အသဲကွဲသင့်တာ…….ဒါမှ စားချင်သောက်ချင်စိတ်တွေလျှော့ပါပြီး ၀က်ဖြစ်နေတဲ့ကိုယ်လုံး ဝိတ်တွေဘာတွေကျသွားမှာ” “ဘာပြောတယ်…မိလွင်နော်…….ငါတို့ကစိတ်ညစ်ရင်ပိုတောင်စား၀င်သေး…….အဲ့ကျမှနင့်ထမင်းအိုး မလောက်လို့ ဆိုပြီးငါ့လာအပြစ်မတင်နဲ့ ငါအသဲကွဲရင်နင်ကအစားအသောက်စပွန်ဆာပေးရမှာ” ကျွန်မကို ပျော်အောင် တမင်ပြောနေကြတဲ့ ချစ်သူငယ်ချင်းနှစ်ယောက်ကို ကြည့်ရင်း အားနာပါးနာနဲ့ တစ်ချက်ရီပြ လိုက်တယ်။

ကျွန်မနဲ့ မောင်တို့လမ်းခွဲလိုက်တဲ့ အကြောင်းသိသွားတော့ ကျွန်မကို နှစ်သိမ့်ပေးကြတယ်။ အလုပ်ကိုလည်းကြံဖန်ပြီး ဆေးခွင့်ရအောင် တင်ပေးကြတယ်။ ကျွန်မမှသွားဖို့အားမရှိပဲလေ။ ညဘက်ဆို တစ်ညလုံးလူးလူးလှိမ့်လှိမ့်နဲ့အိပ်မရတာ…… နေ့ခင်းဘက် ဘာအစားအသောက်မှဟုတ်တိပတ်တိ မ၀င်တာ တစ်ပတ်လောက်ရှိပြီ။ လွင်မာတို့မိဖြူတို့ကလည်း အစက တစ်ရက်နှစ်ရက်လောက်ပဲ ဖြစ်မယ်ထင်ထားပေမဲ့ ကြာလာတော့ ပြူးပြူးပြာပြာဖြစ်လာကြတယ်။ နှစ်ယောက်သား အနောက်ခန်းထဲမှာ တိုးတိုးတိတ်တိတ်တိုင်ပင်နေကြသံတွေလည်း ကြားမိသား။

ဘာဖြစ်ဖြစ်လေ…….ကျွန်မအိမ်ကို တော့ ဖုန်းမဆက်လောက်ပါဘူး။ အိမ်ကိုဖုန်းဆက်မပြောဖို့နဲ့ မောင့်ကိုလည်း ဘာမှလှမ်းမပြောဖို့ ကျွန်မတောင်းပန်ထားပြီးသားပဲ။ “ဟဲ့……..ငါပြောမယ်…ငါအခုမှသတိရတယ်…ညကျရင်ငါတို့ ဝိုင်လေးဘာလေးသောက်ရအောင်လေ… ညနေ ငါတို့ထွက်၀ယ်ထားလိုက်မယ် ဘယ်လိုလဲ နင်သောက်မယ်မလား” အင်း……ဝိုင်မဟုတ်ဖူး……….အရက်သောက်လိုက်ရင်တော့ ကျွန်မအိပ်ပျော်နိုင်မယ်ထင်တယ်။ “ဟင့်အင်း ငါဝိုင်မသောက်ချင်ဘူး…အရက်သောက်ချင်တာ….နင်တို့ဝိုင်သောက်ချင်သောက် ငါ့အတွက်အရက် ၀ယ်ခဲ့နော်” ကျွန်မလေသံပျော့ပျော့ကိုသူတို့ဘယ်လိုမှမငြင်းဆန်နိုင်ပါဘူး။

မိဖြူက ခေါင်းတွင်တွင်ငြိမ့်ပြပြီး… “အေးပါ…အရက်ဆိုလည်းအရက်ပေါ့…ဒါပေမဲ့နင်အရက်သောက်ချင်ရင် အခုဒီထမင်းကုန်အောင်စားရမယ်… မကုန်ရင်မတိုက်ဘူးဒါပဲ” မိဖြူရဲ့ခြိမ်းခြောက်စကားကြောင့် ကျွန်မသက်ပြင်းချပြီး ပါးစပ်ထဲဘယ်လိုမှအရသာမတွေ့တဲ့ ထမင်းနဲ့ဟင်းကို ကြိတ်မှိတ်ပြီး ကုန်အောင် စားလိုက်ရတော့တယ်။ ညဘက်ရောက်တော့ စားကြသောက်ကြရင်းနဲ့မှ ကျွန်မစိတ်ထဲကအကြောင်းတွေလွင်မာတို့ကိုရင်ဖွင့်ဖြစ်တယ်။ အရင်ရက်တွေက သူတို့ကို ကျွန်မနဲ့မောင်ပြတ်သွားပြီဆိုတာလောက်ပဲအသိပေးထားတာ။ တခြားဘာမှ သေချာ မရှင်းပြဖြစ်ဘူး။ ကိုယ့်အကြောင်းကိုယ်ပြန်ပြောပြရမှာ စိတ်ညစ်စရာကောင်းလွန်းလို့ပါ…။

သူတို့ကတော့ တကယ့်သူငယ်ချင်းကောင်းတွေပါ……။ ကျွန်မရဲ့ သစ္စာမဲ့မှုတွေကို ပြောပြလိုက်တော့ ကျွန်မကို လုံး၀အပြစ်မတင် ကြတဲ့အပြင် နှစ်သိမ့်ပေးကြတယ်။ ကောင်းမယ်ထင်တဲ့အကြံဥာဏ်တွေစဉ်းစားပေးကြတယ်။ လွင်မာက ကျွန်မကို အကြံပေးတယ်..။ “အေးဟာ…အဲဒါဆိုရင်တော့ နင်ထပ်ကြိုးစားကြည့်ပေါ့……အဲ့တုန်းက သူကချည်းပဲစွတ်စွဲသွားတာ… မဟုတ်တာတွေလည်းပါတယ်မဟုတ်လား…နင်ပြန်ဖြေရှင်းသင့်တယ်…..” “မဟုတ်သေးဘူးဟာ…….ငါ့ရည်းစားဟောင်းကအရင်ကကိစ္စတွေကိုလုပ်ကြံပြောခဲ့တာဆိုပေမဲ့…. နောက်ဆုံးဖြစ်တဲ့ကိစ္စကတော့ ငါ့ဘက်က လုံး၀မှားတာ အသိသာကြီးပါ….. အဲ့ဒီ ကိစ္စအတွက် ငါဘာကိုမှဆင်ခြေပေးလို့မရဘူး…..။

ဘယ်လိုနည်းနဲ့မှမောင်ကလည်းခွင့်လွှတ်နားလည် ပေးနိုင်မှာ မဟုတ်ဘူး….” “အေးလေ…..ဒါပေမဲ့ နောက်ဆုံးအကြိမ်အဖြစ်တော့ နင်ကြိုးစားကြည့်သင့်တာပေါ့…… နင်ပြောပုံအရဆို သူက နင်နဲ့ လင်းမင်းထက် တစ်ကယ်ဇာတ်လမ်းဖြစ်နေကြပြီထင်လို့ နင့်ကိုလမ်းခွဲလိုက်တဲ့ပုံပဲ……. နင်သူ့ကို ချစ်နေတုန်းပဲဆိုတာ သူသိရင် တစ်မျိုးတစ်မည်စဉ်းစားမှာပေါ့ မဟုတ်ဘူးလား” “ဟုတ်တယ်..စပယ်…လွင်မာပြောတာ ငါထောက်ခံတယ်…သူသိကာစက အရမ်းဒေါသထွက်ပြီး သွေးပူနေမှာပေါ့.. အခု တစ်ပတ်လောက်ရှိပြီဆိုတော့ သွေးအေးလောက်ပါပြီ…..ကိုလင်ဇင်ကြီးက နင့်ကိုဒီလောက်ချစ်တာ ငါတို့လည်း အသိပဲလေ….နင်တောင် ဒီလောက်ခံစားနေရရင် သူလည်းနင့်ကိုလွမ်းနေမှာဟ….” ။

ကျွန်မ ဖွဖွလေးရီမိတယ်။လွမ်းနေမှာတဲ့လား….။ ကျွန်မတော့မထင်ပါဘူး။ မောင်ဟာ သူရိုးသားသလောက် သူများတွေကလည်း သူ့အပေါ် ရိုးရိုးသားသားသားဆက်ဆံတာကို ကြိုက်တဲ့သူမျိုး….။ သူ့အပေါ်လှည့်စားသလို ဖြစ်ခဲ့တဲ့ ကျွန်မကို ဘယ်လောက်ပဲချစ်ချစ် အဲ့ဒီ့အချစ်စိတ်က သူ့သိက္ခာနဲ့မာနကို အနိုင်ယူနိုင်ပါ့မလား…။ ဘာပဲဖြစ်ဖြစ် သူအထင်မှားနေတာလေးတွေတော့ ကျွန်မရှင်းပြသင့်တယ်လို့ထင်တယ်။ မောင်ကျွန်မအပေါ်ဒီ့ထက်ပိုမုန်းတီးစရာ အကြာင်းလည်းမရှိတော့ပါဘူး။ အခုလောက်နဲ့တင်လုံလောက်နေပြီဆိုတော့ ထိခိုက်စရာမရှိလောက်တော့ဘူးလို့ ယူဆပြီး မောင့်ကိုတစ်ရက်တော့ ထပ်တွေ့ပြီး အားလုံးရှင်းပြဖို့ကျွန်မဆုံးဖြတ်လိုက်တယ်။

စနေနေ့ မနက်ခင်း…….. အလွန်တရာ စိတ်ဆင်းရဲဖို့ကောင်းတဲ့ ရက်သတ္တပတ်ကို ကျော်ဖြတ်ခဲ့ရပြီး စနေနေ့မနက်ခင်းမှာတော့ ကျွန်မနိုးနိုးချင်း အမြန်ဆုံးပြင်ဆင်ပြီးတာနဲ့ မောင်ရှိရာ တိုက်ခန်းလေးဆီအပြေးလာခဲ့တယ်။ မောင်က အိပ်ယာနိုးတာနဲ့ လက်ဖက်ရည်ဆိုင်ထွက်ထိုင်မှာလေ။ မောင်နေတဲ့ အပေါ်ဆုံးထပ်ကို မတက်တော့ဘဲ အောက်ကပဲစောင့်နေလိုက်တယ်။ ၉နာရီထိုးခါနီးအထိ မောင်ဆင်းမလာဘူး။ မောင်..ကျွန်မမရောက်ခင်ဘဲ ထွက်သွားတာလား…ဒါမှမဟုတ် အိမ်ပြန်မအိပ်တာလား….အပြင်မထွက်ဘဲနေတာ ဖြစ်ချင်ဖြစ်မယ်လို့ မဝံ့မရဲတွေးရင်း ကျွန်မ လှေကားထစ်တွေကနေတစ်ဆင့် အပေါ်ကိုတက်လာမိပြီ။ ကျွန်မခြေလှမ်းတွေက နှေးကွေးလေးလံနေတယ်။

မောင့်ကိုကျွန်မဘယ်လိုမျက်နှာမျိုးနဲ့ရင်ဆိုင်ရမလဲ……မောင့်အဖေရှိနေရင်တော့ အပြင်ကိုမရရအောင်ခေါ်ထုတ်ပြီးမှ ပြောရမှာပဲ။ အခန်းရှေ့ရောက်တော့ လူခေါ်ဘဲလ်နှိပ်ဖို့ ကျွန်မ လက်အရွယ်လိုက်မှာ သစ်သားတံခါးက သူ့အလိုလိုပွင့်လာတယ်။ တံခါးရဲ့ တစ်ဖက်မှာ..မောင်……။ အခုမှာအောက်ဆင်းမလို့ ထင်တယ်..။ “မောင်” မောင်ကျွန်မကို ဒီအတိုင်းကြည့်နေတယ်။ ဒီအတိုင်း….ဘာခံစားချက်မှမရှိတဲ့ မျက်နှာနဲ့…….။ပြီးတော့ ကျွန်မကို သူနဲ့လုံး၀မသိတဲ့ လူတစ်ယောက်ကို မေးတဲ့လေသံမျိုးနဲ့…….. “ဘာကိစ္စလဲ” အခုဆို ကျွန်မရဲ့တနေ့တာအချိန်တွေဟာ ကုန်တာနှေးလွန်းသလိုခံစားနေရတယ်။

မနက် ထချင်တဲ့အချိန်မှ ထ… ပြီးရင် ရင်တွေပူပီး ရေအရမ်းငတ်လွန်းလို့ တစ်ဗူးလောက်ကုန်အောင်သောက်ပြီ်း… ပြန်အိပ်တာပဲ..။ နေ့ခင်းဘက် ကျရင် အလုပ်ထဲရောက်နေတဲ့မိဖြူတို့လွင်မာတို့က ဖုန်းဆက်ပြီးအစားအတင်းစားခိုင်းလို့ သူတို့ချက်ထားတာလေး နဲနဲပါးပါးစား……တနေကုန်ဟိုဟိုဒီဒီတွေးလိုက်ငေးလိုက်နဲ့ ညရောက်ရင် အရက်မူးအောင်သောက်ပြီး အိပ်ပစ်လိုက်ရေဲာ။ ဟိုနှစ်ယောက်လည်းတော်တော်စိုးရိမ်နေပြီ။ နင်အရက်စွဲလိမ့်မယ်တဲ့…။ မတတ်နိုင်ဘူး…အိပ်လို့မှ မပျော်ဘဲ။ အလုပ်ကလည်းထွက်ပစ်လိုက်ပြီ။တစ်လလောက်နားပြီးမှ အရင်ကကမ်းလှမ်းခဲ့ဖူးတဲ့အလုပ်ကို ဆက်သွယ် ကြည့်မယ် စိတ်ကူးထားတယ်။ အသဲကွဲလို့အလုပ်ပါထွက်ရတယ်တော့ မဟုတ်ပါဘူး။

နဂိုတည်းကလည်း သိပ်မှအဆင်မပြေတော့တာ။ ဘော့စ်နဲ့ပြသနာတက်တာတွေနဲနဲများလာတော့ ကိုယ်တိုင်ကလည်း မလုပ်ချင်တော့ဘူး။ မောင်နဲ့ နောက်ဆုံးတစ်ခေါက်တွေ့ပြီးတဲ့ အချိန်ကစပြီး ကျွန်မအခြေအနေကအရင်ကထက်ပိုဆိုးသွားတယ်။ မောင်က ကျွန်မ၀င်ဖို့ တံခါးတောင်မဖွင့်ပေးခဲ့ဘူး။ ကြားမှာ သံဇကာ ခြားနေတဲ့အခြေအနေနဲ့ ကျွန်မရှင်းပြတာတွေကို တည်တည်ငြိမ်ငြိမ်ဘဲနားထောင်နေခဲ့တယ်။ပြီးတော့….ပြောစရာကုန်ရင် ပြန်တော့….လို့ တစ်ခွန်းပဲပြောပြီး တံခါး ပြန်ပိတ်သွားတယ်။ ကျွန်မမောင့်ကိုအပြစ်မတင်နိုင်ခဲ့ဘူး…။ မောင်ဘယ်လောက်နာကျင်ခံစားနေရလဲ ကျွန်မသိတာကိုး။

မောင်ဟာ ခံစားချက်ကိုဖုံးကွယ်တဲ့နေရာမှာ ညံ့မှန်း ကျွန်မသိခဲ့တာ ဟိုးအရင်တည်းကပဲ။ အခုလည်း ဘယ်လောက် တင်းမာနဲ့မျက်နှာနဲ့ စကားပြောနေနေ….မောင့်မျက်၀န်းထဲက ၀မ်းနည်းကျေကွဲမှုတွေကို ကျွန်မတွေ့နေရတယ်။ ကျွန်မကိုယ်တိုင်လည်း ထပ်တူထပ်မျှပါပဲ မောင်ရယ်….။ ကျွန်မ ပဲခူးအိမ်ပဲပြန်နေရင်ကောင်းမလားစဉ်းစားမိတယ်။ မောင်နဲ့ဝေးရာကို ပြေးတော့မယ်ပေါ့….။ လောကမှာ ကိုယ်ချစ်တဲ့သူ…ကိုယ့်ကိုချစ်တဲ့သူကို အပြင်းအထန်နာကျင်စေမိတာလောက်ဆိုးတဲ့အပြစ် ရှိပါ့မလား…….။ ချစ်သူ သက်တမ်းတစ်လျှောက် မောင်ကျွန်မစိတ်ခုရမဲ့အလုပ်မျိုးမလုပ်ခဲ့ဖူးဘူး…။

သစ္စာလည်းမဖောက်ခဲ့ဖူးဘူးဆိုတာ ကျွန်မ သေသေချာချာသိတယ်။ ကျွန်မရဲ့ တစ်ညတာ စိတ်ရူးသွပ်ပျော်ရွှင်မှုက မောင်နဲ့ကျွန်မတို့ရဲ့ အိပ်မက်တွေကို ဖျက်ဆီးပစ်လိုက်တာပဲ။ ကျွန်မကိုအရမ်းတန်ဖိုးထားပြီး ချစ်ခဲ့တဲ့ မောင့်ကို အရမ်းနာကျင်စေခဲ့မိပြီဆိုတဲ့ အတွေးက ကျွန်မရင်ထဲ အပြည့်နေရာယူထားတယ်။ အဲ့ဒီအတွက်ဘာမှလည်းပြန်မလုပ်ပေးနိုင်တော့ဘူး….ဆိုတဲ့အတွေးကလည်း သာလို့တောင်ဆိုးပါသေးတယ်။ အဲ့ဒီအတွေးတွေနဲ့လွတ်ကင်းရာဟာ အရက်သောက်ပြီးအိပ်စက်ခြင်းပါပဲ…….။ ဒီလိုမျိုး နေ့ဘက်တွေမှာစိတ်ဆင်းရဲရသလောက်……အိပ်ပျော်သွားတဲ့အခါ အိပ်မက်တွေထဲမှာ ကျွန်မပျော်နေရလေ့ရှိတယ်။

မောင်နဲ့ကျွန်မ အလုပ်ချင်ခဲ့ဆုံးအရာတွေ…အဖြစ်ချင်ခဲ့ဆုံးဆန္ဒတွေဟာ…အိပ်မက်ထဲမှာ အကောင်အထည်ပေါ်နေတော့ တာပဲ။။ ကျွန်မတို့ စိတ်ကူးယဉ်ခဲ့ဖူးတဲ့အိမ်ကလေး……အကြီးကြီးမဟုတ်ပေမဲ့…ဥယာဉ်လေးနဲ့…မြက်ခင်းစိမ်းစိမ်းလေး တွေနဲ့ …….သားသားမီးမီးတွေရဲ့ဆည်းလည်းသံလေးတွေနဲ့….အရာရာပြီးပြည့်စုံနေတဲ့အိမ်ကလေးအကြောင်းကို ကျွန်မ အိပ်မက်မက်တယ်…ဒါမှမဟုတ်ရင်လည်း မောင်နဲ့ကျွန်မ လက်ထပ်ပြီးရင်သွားချင်တဲ့နေရာတွေ……. ပင်လယ် ပြာပြာကြီးတွေ……..တောတန်းတောင်တန်းတွေ…………မြစ်တွေချောင်းတွေနဲ့….အလှဆုံးပန်းတွေပွင့်တဲ့နေရာ….. အဲ့ဒီနေရာတွေကို ကျွန်မတို့နှစ်ယောက်ပျော်ပျော်ရွှင်ရွှင်သွားရတယ်လို့လည်း မက်လေ့ရှိတယ်။

အိပ်မက်ထဲမှာ ပျော်နေရသလောက်………..အိပ်မက်ကနိုးရင် စိတ်ဆင်းရဲရတော့တာပါပဲ။ မောင့်ကိုကျွန်မ အရမ်းချစ်ရဲ့သားနဲ့ ဘာလို့များသစ္စာဖောက်မိပါလိမ့်လို့ တွေးမိတယ်။ တစ်ချို့သူငယ်ချင်းတွေကတော့ ကျွန်မ ကို အရမ်းအံ့သြနေကြတယ်။ စပယ်ပွင့်ဝါဆိုတဲ့ မိန်းမက ယောက်ျားတစ်ယောက်အတွက် ဒီလောက် ခံစားနေရတယ် လို့ ပြောရင် ဘယ်သူယုံကြမှာလဲ။ ဒါပေမဲ့…..ကျွန်မမောင့်ကို တကယ်ချစ်ခဲ့တယ်ဆိုတာ သူတို့မသိကြဘူး…….. ကျွန်မ ဖြစ်နေတာတွေဟာ ကိုယ့်ရဲ့အပြစ်စိတ်နဲ့ကိုယ်လောင်ကျွမ်းနေတာမှန်း သူတို့မသိကြဘူး…..ခုချိန်မှာ မောင်က ခွင့်လွှတ်မယ် ဆိုရင်တောင်……ကျွန်မကိုယ့်ကိုကိုယ်ခွင့်မလွှတ်နိုင်မှန်း သူတို့မသိကြဘူး……..။

အဲ့ဒီ အပြစ်တွေကို ကျွန်မက ဘာကိုမှမငြင်းဆန်ဘဲခံယူနေရအုံးမှာပါ….။ အဖြစ်ချင်ခဲ့ဆုံးအရာတွေပေမဲ့…လက်တွေ့မှာလုံး၀မဖြစ်နိုင်ခဲ့ရင်……ဘယ်လောက်ကောင်းတဲ့အိပ်မက်ဖြစ်ဖြစ်.. အဲဒါ အိပ်မက်ဆိုးပါပဲ…။ အိပ်မက်ထဲမှာ ဘယ်လောက်ပျော်ရပျော်ရ နိုးထလာတော့ ကျွန်မငိုရတာပဲလေ။ ဒီအိပ်မက်တွေ ကျွန်မ ဆက်မမက်ချင်တော့ဘူး။ လက်တွေ့ဘ၀နဲ့ဘယ်လိုမှမနီးစပ်တဲ့အခါ ကျွန်မ ရူးသွားလိမ့်မယ်။ ကိုယ့်ကိုကိုယ်သတိ၀င်လာပြီး အရက်ကိုမသောက်တော့ဖို့စိတ်ကူးတယ်။ အလုပ်ကလည်း ထွက်လိုက်ပြီဆိုပေမဲ့ လူသစ်ကို အလုပ်တွေသွားလွှဲဖို့ကိစ္စလည်းရှိသေးတယ်။

ကျွန်မရဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပုံကို လုပ်ဖော်ကိုင်ဖက်တွေကိုမမြင်စေချင်ပါဘူး။ ပြီးတော့..မောင့်ကို…မောင့်ကိုလည်းမမြင်စေချင်ဘူး. တကယ်လို့များ ပြန်တွေ့ဖို့အခွင့်အရေးရှိသေးရင်ပေါ့……။ ညဘက်အိပ်မရတဲ့အတူတူ ကျွန်မ online တက်ကြည့်လိုက်တယ်။ အို…….မောင်…မောင့်အကောင့်လေး အွန်လိုင်း ရှိနေတာပဲ။ ကျွန်မကို block သွားလောက်ပြီထင်နေတာ။ G talk ကစိမ်းနေတဲ့ မောင့်အကောင့်လေးကို မောင့်မျက်နှာ ကိုကြည့်ရသလို ကျွန်မတစိမ့်စိမ့်ကြည့်နေမိတယ်။ သွားမခေါ်ရဲပါဘူး….။ သူ့ဘာသူ block ဖို့မေ့နေတာ ကျွန်မ သွားခေါ်လိုက်ခါမှ သတိရပြီး block လိုက်ရင်ဘယ်လိုလုပ်မလဲ။

အဲ့လိုကြည့်နေတုန်း မောင်ကျွန်မကို စကားလှမ်းပြော လိုက်တာကို မယုံကြည်နိုင်စရာတွေ့လိုက်ရတယ်။ “စပယ်………….” ကျွန်မ…ကျွန်မဘာပြန်ပြောရမလဲ…….။ ရင်ထဲမှာဆို့တက်လာတဲ့စကားလုံးတွေအများကြီး……….။ သက်ပြင်းတစ်ရှိုက်နဲ့ အတူ အဲ့ဒီစကားလုံးတွေအားလုံး ပြန်ပါသွားတယ်။ ဘာမှပြန်မပြောဖြစ်ဘဲ screen ကို ခပ်တွေတွေလေးစိုက်ကြည့်နေမိတယ်။ နောက်ဆုံးတော့ ကျွန်မလက်ချောင်းတွေ keyboard ပေါ်ရောက်သွားပါပြီ…။ “မောင်……မောင်အဆင်ပြေရဲ့လားဟင်…” မောင်ရဲ့ chat box လေးဟာ typing ဆိုပြီး အတော်ကြာငြိမ်သွားတယ်။ မောင့်ဆီက တက်လာမဲ့စာကြောင်းလေးကို စောင့်ရတာ စာမေးပွဲအောင်စာရင်းကြည့်ရတာထက်ကို ပိုရင်ခုန်နေရသေးတယ်။

တစ်မိနစ်….ငါးမိနစ်……ဆယ်မိနစ်…..သွားပြီ………….. မောင်….ကျွန်မကို block လိုက်ပြီလား…။ အားငယ် ၀မ်းနည်းတဲ့စိတ်တွေက အလိုလိုနေရင်း၀င်လာပြန်တယ်။ တကယ်တော့ အင်တာနက်လိုင်းကြောင့် စာအရောက်နောက်ကျတာပါ။ မောင်ရိုက်လိုက်တဲ့စာကြောင်းလေးတွေ ပေါ်လာတော့မှ ကျွန်မမျှော်လင့်တကြီး ဖတ်လိုက်တယ်။ “ဟင့်အင်း…မပြေဘူး……ဒါပေမဲ့ ကိုယ်အရက်သောက်ပြီးအသဲမကွဲဘူး…ဘာလို့လဲသိလား….ဒါနည်းလမ်း အမှန်မဟုတ်ဘူး……ကိုယ့်ရင်ထဲက ဒဏ်ရာက ဒီနည်းနဲ့မပျောက်နိုင်ဘူးဆိုတာ ကိုယ်သိလို့ပဲ… မင်းကတော့.. မင်းသတ္တိမရှိဘူးလား….အရက်သောက်တဲ့နည်းနဲ့ ဒါတွေအကုန်မေ့သွားနိုင်မယ်လို့ မင်းထင်နေလား….. မင်းမှာ လက်ခံရဲတဲ့ သတ္တိမရှိဘူးလားး”။

မောင်ရယ်……….ကျွန်မ တိုးတိုးဖွဖွလေးခေါ်မိတယ်။ မျက်၀န်းထဲပြည့်တက်လာတဲ့မျက်ရည်တွေကို လက်နဲ့အတင်းသုပ်နေမိတယ်။ မာကျောကျောစကားသံတွေအောက်မှာ… မောင့်ရဲ့သံယောဇဉ်ကို ကျွန်မလှမ်းမြင်နေရတယ်။ ကျွန်မတို့ချင်းဘယ်လောက်ရင်းနှီးခဲ့တဲ့ ချစ်သူတွေလဲ…။ မိဖြူတို့ လွင်မာတို့သွားပြောကြတာပဲဖြစ်မယ်။ကျွန်မကိုအရက်မသောက် စေချင်လို့ပြောနေတာမှန်း ကျွန်မသိတာပေါ့။ မောင်နဲ့အတူတူသောက်တယ်ဆိုတာက နည်းနည်းပါးပါး။ အခုက နေ့တိုင်းသောက်သလိုဖြစ်နေပြီ။ ဒါတွေမောင့်ကိုမသိစေချင်ပါဘူး။ ကျွန်မကစိတ်ဓာတ်ပျော့ညံ့ညံ့ မိန်းကလေးတစ်ယောက်လို့မောင်မယူဆသွားစေချင်ဘူး။ ဒါပေမဲ့ မောင်ကျွန်မကို နည်းနည်းဂရုစိုက်တုန်း ဆိုတာသိရလို့ စိတ်ထဲကျေနပ်မိသလိုပဲ…။

“ဟုတ်ကဲ့…….မောင်မသောက်စေချင်ရင်…ကျွန်မမသောက်တော့ဘူး… ကျွန်မအပြစ်ကိုကျွန်မတစက္ကန့်လေးမှ မမေ့ဘဲ အမြဲသတိရနေပါ့မယ်…မောင်ကျေနပ်ပီလား” “မင်းပြောခဲ့ဖူးတာ မှတ်မိလား……မင်းက အသဲကွဲတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ဘယ်တော့မှ အရက်မသောက်ဘူး ဆို..” “မှတ်မိပါတယ်………အခုလည်းအသဲကွဲလို့သောက်တာမှမဟုတ်တာ…… မောင့်အပေါ်ကျွန်မ မလုပ်သင့်တာတွေ လုပ်ခဲ့မိလို့…နာကျင်တဲ့စိတ်နဲ့…အဲ့ဒီစိတ်တွေနဲ့အိပ်မရလို့သောက်တာပါ………..ကျွန်မမှာကွဲစရာအသဲ ဘယ်မှာ ရှိတော့လို့လည်း….မောင်လည်းသိရဲ့သားနဲ့…” “ဟုတ်ပါတယ်……..မင်းက အသဲမာတဲ့မိန်းမပဲ…….ကိုယ်နဲ့လည်းလမ်းခွဲချင်ခဲ့တယ်မဟုတ်လား…ကိုယ်နဲ့တွဲရတာ ရိုးနေခဲ့တယ် မဟုတ်လား…။

အဲ့ဒါကြောင့်မင်းသစ္စာဖောက်တာပေါ့… “မောင့်ကိုကျွန်မ ဘယ်တုန်းကမှ လမ်းမခွဲချင်ခဲ့ဘူး …တစ်ကယ်လို့ကျွန်မဖက်ကသာစပြီး လမ်းခွဲခဲ့မယ်ဆိုလည်း တစ်ခုတည်းသောအကြောင်းအရင်းက မောင်နဲ့ ကျွန်မလိုမကောင်းတဲ့မိန်းကလေးနဲ့ မတန်လို့ပဲ…….” “ကိုယ်ဘယ်တုန်းကမှ မင်းကိုအဲ့လို သဘောမထားခဲ့ဘူး…..” မောင့်ဆီကဒီလိုစကားကြားရတာကျွန်မအရမ်းပဲ…ပျော်မိတယ်။ အပျော်လွန်ပြီးကျွန်မရင်ထဲကစကားတွေအကုန် ပြောပြမိတော့ မလိုဖြစ်သွားတယ်။ ဒါပေမဲ့ကျွန်မပြန်ထိန်းလိုက်တယ်။ မောင့်ကိုပြန်မမျှော်လင့်မိစေဖို့ ကျွန်မစိတ်ကို ဆုံးဖြတ်ထားခဲ့တဲ့အတိုင်း ပြောပြလိုက်တယ်။ ကျွန်မအတွက်ကြောင့်မောင်ထပ်ပြီးထိခိုက်ရမှာ ကျွန်မမလိုလားဘူး။

“အမှန်တိုင်းပြောရရင်…မောင်နဲ့ပြသနာဖြစ်ဖြစ်ပြီးချင်းတုန်းကတော့…..ကျွန်မမောင်နဲ့မခွဲနိုင်ဘူး…မောင့်ကိုလိုအပ်တယ် မောင်ကသာဒုတိယအကြိမ်အခွင့်အရေးပေးရင် ကျွန်မမောင့်အတွက်အကောင်းဆုံးနေပြမယ်လို့….. စဉ်းစားခဲ့မိတယ်… အခုသွေးအေးလာတော့…အဲလိုမစဉ်းစားတော့ဘူး……. မောင့်လိုလူမျိုးနဲ့ကျွန်မမတန်ပါဘူး…….ကျွန်မက ကိုယ့်အကျင့်ကိုယ်တောင်အာမမခံနိုင်တဲ့လူမျိုး……… မောင့်ကို ထပ်ပြီး နာကျင် စေခဲ့ရင် ကျွန်မလည်းကိုယ့်ကိုကိုယ်ထပ်ခွင့်လွှတ်နိုင်တော့မှာမဟုတ်ဘူး” မောင်ငြိမ်သွားတယ်။ ခဏကြာတော့ စာကြောင်းလေးတစ်ကြောင်းပဲ တက်လာပြီး ….ထွက်သွားပြီထင်ရဲ့။ offline ဖြစ်သွားပြီ……..။

“Giving second chance is like giving someone a second bullet to shoot you with because they missed you the first time…..” (လူတစ်ယောက်ကို ဒုတိယအကြိမ်အခွင့်အရေးပေးတယ်ဆိုတာ..သူမင်းကိုပစ်လိုက်တဲ့ပထမကျည်ဆန်လွဲချော် သွားခဲ့လို့ ဒုတိယကျည်ဆံကိုမင်းကိုယ်တိုင်သူ့ကိုထပ်ပေးလိုက်သလိုပဲ) ကျွန်မရင်ထဲ နင့်ကနဲဖြစ်သွားတယ်။ မောင်က ကျွန်မကို ဒီလိုမျိုးတောင် သဘောထားနေပြီကိုး။ ကျွန်မ…ကျွန်မ ဆုံးဖြတ်ပီးသားပါမောင်ရယ်…………မောင်ကျွန်မကို ဒီလိုစကားမျိုးနဲ့ငြင်းစရာမလိုပါဘူး။ ကျွန်မ မောင့်ကို အမှန်အတိုင်းပြောတာကို…မောင်က ကျွန်မတမင် သူသနားအောင် ပြောနေတယ်များထင်သွားလား…။

ကျွန်မစိတ်ထဲ တင်းကနဲဖြစ်သွားတယ်။ ကျွန်မလုပ်ထားမိတာတွေကိုစိတ်ကပြန်သတိပေးနေတော့ တင်းကနဲဖြစ်သွားတဲ့ စိတ်က ခဏပါပဲ…။ ထက်နာစေမဲ့ စကားမျိုးမောင်ပြောလည်း ကျွန်မခံရုံအပြင် တခြားမရှိတော့ဘူး။ ကျွန်မရဲ့မောင်ကခုမှ စကားတွေတတ်နေလိုက်တာ….ကျွန်မနာနာကျင်ကျင်ပြုံးမိတယ်။ မောင်မရှိတော့ပေမဲ့လည်း မောင့် chat box လေးမှာ ကျွန်မစာထပ်ရိုက်ပြီးပြောလိုက်မိတယ်..။ “ဟုတ်ပါတယ်……….မောင်ဒီလိုမျိုးသိထားတော့ နောက်တစ်ခါအလိမ်မခံရတော့ဘူးပေါ့……” ကျွန်မပြောပြီးပြီးချင်း ကွန်ပြူတာကိုပိတ်လိုက်တယ်။ကျွန်မဆုံးဖြတ်လိုက်တယ်။ မောင်နဲ့ ဘယ်တော့မှ နောက်ထပ် စကားမပြောတော့ဘူး…..မပြောနိုင်တော့တာ…။

မောင်နဲ့ပြောရလို့ ပျော်မိပေမဲ့ ကိုယ့်ကိုကိုယ် တဖြည်းဖြည်း ညှဉ်းသတ်နေမိသလိုပဲ… တမြေ့မြေ့နာကျင်နေရတယ်။ တုန်ရီနေတဲ့ နှုတ်ခမ်းတွေက တစ်ခုခုကို အကျယ်ကြီး အော်ဟစ်ပစ်လိုက်ချင်ပေမဲ့ အသံတိတ်မျက်ရည်တွေပဲ တလိမ့်လိမ့် ကျဆင်းလာတယ်။ အော်…ဒီညလည်းအရက်သောက်ပြီးအိပ်ရအုံးမယ်ထင်ပါရဲ့…။ လရောင်ခပ်မှိန်မှိန်ပဲရှိပေမဲ့ ကောင်းကင်တစ်ပြင်လုံးလင်းလင်းရှင်းရှင်းမြင်နေရတယ်။ ကျွန်မရှေ့မှာ အစအဆုံးမသိနိုင်တဲ့ ကျယ်ပြောတဲ့ပင်လယ်ပြင်ကြီး……လေတွေလှိုင်းတွေနဲ့တဝုန်းဝုန်းအသံပေးနေတယ်။ မိုးများရွာတော့မလားတွေးမိပေမဲ့ ကျွန်မမိုးစိုမှာစိတ်မပူမိပါဘူး။ ကျွန်မနဲ့ပင်လယ်ကြီးကြားမှာ မှန်တစ်ချပ်အပြည့်ကာထားတဲ့ နံရံနဲ့အခန်းတစ်ခုထဲ ကျွန်မရောက်နေတာလေ။

ဒေါသတကြီးနဲ့လှိုင်းလုံးတွေကိုမာန်ဖီထုတ်နေတဲ့ပင်လယ်ပြင်ကို ကြည့်ရင်း ချမ်းစိမ့်စိမ့်ဖြစ်လာလို့ ကျွန်မလက်မောင်းတွေကိုလက်နဲ့ပြန်ပိုက်လိုက်မိတယ်။ စမ်းမိတာက ကျွန်မရဲ့လက်မောင်း မဟုတ်ဘဲ နွေးထွေးတဲ့လက်တစ်စုံဖြစ်နေတယ်။ ခေါင်းငဲ့ကြည့်မိတော့ အသက်ရှူသံမှန်မှန်နဲ့ရင်ခွင် တစ်စုံက ကျွန်မလက်မောင်းတွေကို ဖိကိုင်ပြီး ကျွန်မနောက်မှာကပ်ကပ်လေးရပ်နေတယ်။ “ကလေးလေး…မောင့်ချစ်ဆုံးလေး..တစ်ရေးနိုးတာလား” အသံမထွက်ဘဲတိတ်တဆိတ်ခေါင်းငြိမ့်ပြလိုက်တယ်။ ကျွန်မကိုထွေးပိုက်ထားတဲ့လက်တစ်စုံက မျက်နှာချင်းဆိုင်ဖြစ်သွားအောင် ကျွန်မကိုယ်လုံးကို အသာလှည့်လိုက်တယ်။

အလိုက်သင့်လေးပါလာတဲ့ကျွန်မကို အဓိပါယ်ဖေါ်ရခက်တဲ့ မျက်၀န်းတွေနဲ့စူးစူးစိုက်စိုက်ကြည့်နေတာက…မောင်…….။ သူများတွေအတွက် အဓိပါယ်ဖော်ဖို့ ခက်ခဲပေမဲ့ မောင့်ရဲ့အကြည့်တွေကိုကျွန်မနားလည်နေတယ်။ မောင့်ရဲ့အရင်းနီးဆုံးသူပဲလေ ကျွန်မမှ နားမလည်ရင်တခြားဘယ်သူရှိမှာလဲ။ မောင့်ကို ခပ်လှောင်လှောင်အပြုံးနဲ့ကြည့်ပြီး ကျွန်မစကားစလိုက်တယ်။ “ဘယ်လိုဖြစ်တာလဲ မအိပ်ခင်ကလည်း၂ခါတောင်နော်” ကျွန်မရဲ့လှောင်ပြုံးနဲ့အပြောကိုမောင်ကသဘောကျတဲ့ပုံစံနဲ့နှုတ်ခမ်းကိုက်ပြီး ရီပြလိုက်တယ်။ ကျွန်မကိုလည်းပြန်မငြင်းနိုင် သူအပြောခံရတာကိုလည်း မခံနိုင်တဲ့အခါ မောင်လုပ်ပြလေ့ရှိတဲ့ပုံစံပါပဲ။ ကျွန်မနားတိုးကပ်ပြီး မောင့်နှုတ်ခမ်းပါးပါးတွေက ကျွန်မနှုတ်ခမ်းတွေကို ဆွဲကပ်စုတ်နမ်းလိုက်တယ်။

menthol ပါတဲ့သွားတိုက်ဆေးအနံ့လေးက ကျွန်မနှုတ်ခမ်းတွေထဲထိပါတိုး၀င်လာတယ်။ မောင့်ရဲ့လက်တွေက ကျွန်မခန္ဓာကိုယ် အနှံ့ကိုပွတ်သပ်ပေးနေပြီး ကျွန်မကိုဘေးက စားပွဲပေါ်ချီမပြီး တင်လိုက်တယ်။ မောင့်လက်ချောင်း ကြမ်းကြမ်းတွေအောက်မှာ ကျွန်မရင်သားနုနုတွေ ကျေမွတော့မဲ့အတိုင်း ဖိချေပွတ်သပ်ခံနေရတယ်။ ကျွန်မကိုယ်ပေါ်မှာ အကျီကအစတည်းကမရှိတာလား မောင်ချွတ်လိုက်တာလား သတိမထားမိဘူး။ အောက်မှာဘောင်းဘီအတိုလေး တစ်ထည်ပါနေသေးတာတော့ သိလိုက်တယ်။ “အား..မောင် တော်တော့ တော်ပါတော့….” ကြမ်းသထက်ကြမ်းလာတဲ့မောင့်လက်တွေကြောင့်ကျွန်မညည်းညူရင်းတောင်းပန်မိတယ်။

ရမက်စိတ်နဲ့အတူ ရင်တွေခုန်နေပေမဲ့ မောင့်လက်အောက်ကအသားတွေက သွေးထွက်မတက်နာကျင်လာတယ်။ မောင်က ကျွန်မတစ်ကိုယ်လုံးကို ဖိညှစ်ပြီး သတ်တော့မှာလားလို့ အတွေး၀င်လာရင်း အလန့်တကြားရုန်းကန်မိတယ်။ အားးးးးး…… တဒိန်းဒိန်းခုန်နေတဲ့နှလုံးခုန်သံနဲ့အတူ ကျွန်မထထိုင်လိုက်မိတယ်။ ခုနကအဖြစ်အပျက်တွေဟာ အိပ်မက်သက်သက်ပဲ ဆိုတာသိလိုက်ရလို့ စိတ်နဲနဲအေးသွားတယ်။ ဘေးကိုလှမ်းကြည့်လိုက်တော့ မိဖြူနဲ့လွင်မာကအိပ်ကောင်းတုန်းရှိ သေးတယ်။ ဒါဆိုကျွန်မအိပ်မက်ယောင်ပြီးအော်လိုက်တဲ့အသံက သိပ်ကျယ်ပုံမရဘူး။ တော်သေးတယ်။ သူတို့နိုးလာပြီး မေးရင် ဘယ်လိုရှင်းပြရမယ်မှန်းတောင်မသိဘူး။ ကျွန်မနှုတ်ခမ်းကိုဖိကိုက်ရင်းခေါင်းကို ခပ်ကြမ်းကြမ်းခါရမ်းပစ်မိတယ်။ ဘာလို့ဒီအိပ်မက်တွေဆက်မက်နေသေးတာလဲ။

မိစပယ်..နင်အရှက်မရှိဘူးလား…….ကိုယ့်ကိုကိုယ်ခပ်ကြမ်းကြမ်း သတိပေးရင်း နိုးလက်စနဲ့ဖုန်းကိုကြည့်လိုက်တော့ မနက် ၇ နာရီထိုးနေပြီ။ တစ်ခါတည်း Missed call ရှိနေလားပါစစ်ကြည့်လိုက်တယ်….။ မျှော်လင့်မိတဲ့ ဖုန်းနံပါတ်တစ်ခုတလေများ တွေ့ရမလားလို့ပေါ့။ ခါတိုင်းနေ့များလိုပါပဲ။ ခေါ်သူမရှိ sms ပို့သူမရှိတဲ့ ဖုန်းလေးက အိပ်ယာဘေး ငြိမ်ငြိမ်လေးပြန်လဲလျောင်းသွားတယ်။ ကျွန်မကတော့ ထပြီး ရုံးသွားဖို့ပြင်ရအုံးမယ်။ အလုပ် အသစ်က ခုမှ စ၀င်တာ တစ်ပတ်လောက်ပဲရှိသေးတော့..နောက်ကျလို့မကောင်းဘူး။ ဒီအလုပ်မှာ ကြိုးကြိုးစားစားမြဲအောင် လုပ်မှ ကျွန်မအိမ်မှာပြန်မနေရမှာလေ။ အမေတို့ကခုတလော အိမ်ပြန်လာဖို့ပဲအတင်းခေါ်နေတာ။

ကျွန်မကို သူတို့ မိတ်ဆွေ ရဲ့သားတစ်ယောက်နဲ့ နေရာချထားပေးချင်နေမှန်း ကျွန်မ၀မ်းကွဲအမဆီကသိပြီးပြီ။ ဒီခေတ်ကြီးမှာ ဘယ်လိုလုပ် ဒါမျိုး ဖြစ်နိုင်တော့မှာလဲ။ ကိုယ်မသိတဲ့သူစိမ်းတစ်ယောက်နဲ့……….ဟင့်အင်း…သိလည်းမသိချင်ဘူး..သိအောင်လည်း မလေ့လာချင်ဘူး။ ကျွန်မနှလုံးသားကို အခုမှအနားပေးထားခါစရှိသေးတယ်။ ခုချိန်ထိ ကိုယ့်ကိုကိုယ်ခွင့်မလွှတ်နိုင်တဲစိတ်နဲ့ ကျွန်မနေနေရတုန်းပဲ။ ဒါပေမဲ့ ဘ၀ကဒီတိုင်းဆက်သွားနေမှာပဲလေ။ သွားရင်းလာရင်း နေရင်းထိုင်ရင်းနဲ့ သတိရမိရင် တွေးရုံ…ငေးရုံ..ဆွေးရုံပေါ့…။ အရင်လိုမျိုး ရည်းစားနဲ့ပြတ်ပြီးတာနဲ့ တစ်ခြားတစ်ယောက်နဲ့ ဇာတ်လမ်းစဖို့လည်း မကြိုးစားမိဘူး။ ခုချိန်ထိ စိတ်ထဲမှာ တစ်စုံတရာကို စောင့်မျှော်နေမိသလိုမျိုး……။

အဲ့ဒီခံစားချက်ကြောင့်လည်း ကျွန်မတစ်ယောက်တည်း တောင့်ခံပြီး နေနေခဲ့တယ်။ ကျွန်မလိုချင်တာ အပျော်အပါးတွေနဲ့ တစ်ခုခုလိုချင်လို့ တစ်ခုခု ပေးဆပ်ရမဲ့ ဘ၀မျိုးတွေ မဟုတ်တော့ဘူး။ တည်ငြိမ်အေးဆေးတဲ့ ဘ၀တစ်ခုပဲ ကျွန်မလိုအပ်နေတာ။ ကျွန်မတကယ်ချစ်ခဲ့ဖူးတဲ့ ယောက်ျားတွေနဲ့ ဇာတ်သိမ်းမှမကောင်းခဲ့တာ။ ပထမတစ်ကြိမ်က သစ္စာဖောက်ခံလိုက်ရတယ်………..ဒုတိယတစ်ကြိမ်ကျတော့ ကိုယ်ကိုယ်တိုင်သစ္စာဖောက်မိတယ်။ နောက်တစ်ကြိမ်ကျရင်လည်း ချစ်မိတဲ့ကျွန်မကပဲ အလူးအလဲခံရအုံးမှာပါပဲ။ ဒီတော့ ကိုယ့်နှလုံးသားကိုယ် ထာ၀ရသော့ခတ်သိမ်းထားလိုက်တာအကောင်းဆုံးပါပဲ။ ပြောလို့တော့ မရပါဘူး။ ကိုယ်က မတွေ့ချင်ပေမဲ့လည်း နောက်တစ်ယောက်နဲ့တွေ့ချင်လည်းတွေ့အုံးမှာပေါ့။

အဲ့ဒီအခါကျရင်သာ ပိုချစ်ရတဲ့သူ ကိုယ်မဖြစ်ပါစေနဲ့လို့ ဆုတောင်းရမလိုဖြစ်နေပြီ။ မှန်ရှေ့မှာ ရုံးသွားဖို့ အ၀တ်အစားတွေ ၀တ်ရင်း အပေါ်ကဆွယ်တာထူထူလေးတစ်ထည်ပါထပ်၀တ်လိုက်တယ်။ ဒီဇင်ဘာလရဲ့ မနက်ခင်းတွေဟာ ချမ်းစိမ့်စိမ့်လေးအေးနေတတ်တယ်လေ။ ဘေးမှာ နွေးနွေးထွေးထွေး ဖက်ထားပေးမဲ့သူမရှိတဲ့ ဆောင်းဟာ အရင်ကထက် ပိုချမ်းသလိုလို….။ ကျွန်မရဲ့ ဆံပင်တွေကို ဖြန့်ချပြီး ခေါင်းဘီးနဲ့အသာအယာဖြီးရင်း မှန်ထဲကို ကြည့်မိတယ်။ တစ်ယောက်သောသူရဲ့တချိန်က ဆန္ဒကိုခုချိန်ထိ နာခံပြီး မဖြတ်ဘဲထားခဲ့လို့ ခါးလောက်ထိရောက်နေတဲ့ဆံပင်ရှည်တွေကို ဒီတိုင်းဖြန့်ချထားလိုက်ထားလိုက်တော့ နားရွက်တွေ ၊ ပုခုံးသားတွေကို ဖုံးနေတဲ့ ဆံပင်တွေဟာ သူ့ကိုယ်စား နွေးထွေးနေသလိုပါပဲ………..။

နမ်းသူမဲ့ခဲ့ပြီဖြစ်တဲ့ နှုတ်ခမ်းတွေကို ပန်းဆီရောင် နှုတ်ခမ်းနီလေးဆိုးနေရင်း ဒီနှုတ်ခမ်းနီဘူးလေး၀ယ်ပေးခဲ့တဲ့သူ့ကို သတိရသွားမိပြန်ပြီ။ နာကျင်စိတ်နဲ့ ကြည်နူးစိတ်ဆိုတာ တစ်ပြိုင်တည်းလည်းဖြစ်ပေါ်တတ်ပါလားဆိုတာ ဒီအမှတ်တရလေးတွေကို ပြန်တွေးမိရင်းကျွန်သဘောပေါက်ခဲ့ရတာ အကြိမ်ကြိမ်အခါခါပါ…။ အိပ်ယာပေါ်က လက်ဆွဲအိတ် ကိုယူပြီး ဖုန်းကိုထည့်မလို့လုပ်လိုက်တော့ silent လုပ်ထားတဲ့ဖုန်း screen ပေါ်မှာ အံ့သြစရာ…………. တစ်ယောက်သောသူရဲ့ ဖုန်းနံပါတ်လေးက calling ပြနေပါရောလား…….။ ကျွန်မလက်ဖျားတွေ အေးစက်သွားတယ်။ မျက်လုံးတွေလည်း ရုတ်တရက်ပြာဝေသွားသလိုလို……ဖုန်းကိုမကိုင်ဘဲ ခဏကြောင်ကြည့်နေမိတယ်။

ဖုန်းမှားခေါ်မိတာ ဖြစ်ချင်ဖြစ်နေမှာ…လို့တွေးရင်း မကိုင်ဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဖုန်းမြည်သံရပ်သွားလို့ဖုန်းကျသွားပြီး နောက်တစ်ခါထပ်ခေါ်တဲ့အခါမှာတော့ ကျွန်မကိုရည်ရွယ်ပြီးခေါ်တဲ့ဖုန်း ဖြစ်ကြောင်း သေချာသွားပါပြီ။ တုန်ယင်နေတဲ့လက်တွေနဲ့ ဖုန်းကိုလှမ်းကိုင်လိုက်တယ်။ “ဟယ်လို…….” “စပယ်……နိုးနေပြီလား…ကိုယ်အခုမင်းတို့တိုက်အောက်မှာ….ပေးစရာလေးရှိလို့ ခဏလောက် ဆင်းခဲ့ပေးပါလား” မကြားရတာအတော်ကြာပြီဖြစ်တဲ့ သူ့အသံကိုကြားလိုက်ရလို့ ကျွန်မရင်တွေဘာတွေတောင် ခုန်သလိုဖြစ်သွားတယ်။ ပေးစရာရှိလို့ဆိုပဲ……… အော်…….အရင်ကကျွန်မပေးဖူးတဲ့ လက်ဆောင်တွေပြန်ပေးမလို့ထင်ပါတယ်။ အဖြေကို ရုတ်တရက်စဉ်းစားမိလိုက်တော့ ကျွန်မရင်ခုန်နှုန်းတွေ ပုံမှန်ပြန်ဖြစ်သွားတယ်။ ကျွန်မလည်း သူ့ကိုပေးစရာရှိနေတာပဲလေ။

မဟုတ်တောင် လူကိုယ်တိုင်ပေးရမလား ပါဆယ်လှမ်းပို့ရမလား … လုံး၀မပေးတော့ရင် ကောင်းမလား ဝေခွဲမရဖြစ်နေတာ ကြာပြီ။ ပေးရမဲ့ရက်က လိုနေသေးပေမဲ့ ဒါသူနဲ့တွေ့ဖို့ နောက်ဆုံးအခွင့်အရေးလေ။ ခပ်မြန်မြန်အံဆွဲသော့ဖွင့်ပြီး မွှေနှောက်ရှာလိုက်တော့….ဘယ်တော့မှ ပိုင်ရှင်မရှိတော့မဲ့ ပုံစံမျိုးနဲ့ငြိမ်ငြိမ်လေးထိုင်နေတဲ့ အပြာရောင်စက္ကူဘူးလေးကိုရှာတွေ့ပါတယ်။ အထဲမှာတော့ ကျွန်မတစ်နှစ်ကျော်လောက် ကြိတ်ပြီးစုခဲ့တဲ့ပိုက်ဆံတွေနဲ့တိုက်ရိုက် အချိုးကျတဲ့ တန်ဖိုးကြီး လက်စွပ်လေးတစ်ကွင်း….။ လာမဲ့ ဇန်နဝါရီလမှာ ကျရောက်မဲ့ ကျွန်မအချစ်ဆုံးရဲ့ မွေးနေ့အတွက် ပြင်ဆင်ထားခဲ့တဲ့ ကျွန်မရဲ့လက်ဆောင်……….။ လက်ဆောင်ဘူးလေးကို ကိုင်ရင်း လေးထပ်တိုက်ပေါ်ကနေ ခပ်သွက်သွက်လေးဆင်းလာခဲ့တယ်။

သူ့ရှေ့ရောက်ရင် ပြုံးပြရမလား….ခပ်တည်တည်နေရမလား…. ဘယ်လိုအမူအယာလုပ်ပြရမလဲဆိုတဲ့ ခပ်ကြောင်ကြောင်အတွေးတွေနဲ့ အပျိုဖြန်းလေးလိုပဲ ကျွန်မခြေတွေလက်တွေတုန်နေတယ်။ မိစပယ်…စိတ်ထိန်းစမ်း…နင်ကလေးလည်းမဟုတ်တော့ဘူး…. တည်တည်ငြိမ်ငြိမ်ရင်ဆိုင်တတ်ရမဲ့ အရွယ်ရောက်နေပြီ…..။ ကိုယ့်ကိုကိုယ် ကြိမ်းဝါးရင်း ခြေလှမ်းမချော်အောင် လှေကားဘောင်တွေကို ကိုင်ရင်း အရှိန်လျှော့ပြီးဆင်းနေရတယ်။ နှစ်ထပ်ပဲဆင်းရသေးတယ်။ လှေကားထစ်တွေအတိုင်းအပေါ်ကိုတစ်လှမ်းချင်းတက်လာတဲ့ သူ့ကိုတွေ့လိုက်ရတော့ ကျွန်မခြေလှမ်းတွေရပ်သွားတယ်။ ကျွန်မခြေလှမ်းတွေရပ်တန့်သွားသလို သူကလည်းကျွန်မဆီရောက်ဖို့လှေကားထစ်နှစ်ထစ်သုံးထစ်အလိုမှာ ရပ်လိုက်ပါတယ်။ သူ့မျက်၀န်းတွေက ခါတိုင်းလို ရိုးသားနေတုန်း ….သူ့မျက်နှာက ခါတိုင်းလိုပဲ ကြည်လင်နေတုန်း….. နဲနဲတော့ပိန်သွားသလိုပဲ…။

သူ၀တ်ထားတဲ့ဆွယ်တာလေးက အရင်က သူနဲ့ ကိုယ်လုံးအတိလောက်ပဲ ရှိတာ ကျွန်မသိတယ်။ အခုတော့ နဲနဲပွနေသလိုဖြစ်နေတယ်လေ။ ဘာအကြောင်းကိုဘယ်ကစပြောရမှန်းမသိတဲ့ ကျွန်မသူ့ကို ငေးကြောင် ကြည့်နေမိတယ်။ သူကလည်း ကျွန်မကို ခဏငေးနေပြီး ပြုံးပြတော့မလိုဖြစ်သွားပြီးမှ ခပ်တည်တည်ပြန်နေလိုက်တာ ကျွန်မသတိထားမိလိုက်တယ်။ ကျွန်မဆီကအကြည့်ကိုလွှဲရင်း ကျွန်မလက်တစ်ဖက်ကို ဆွဲကိုင်ပြီး သူ့လက်ထဲကတစ်စုံတစ်ခုကိုထည့်ပေးလိုက်တယ်။ ဘာပါလိမ့်….ကျွန်လက်ထဲစိမ့်ကနဲဖြစ်သွားတယ်။ ဘာမှန်းမသိပေမဲ့ အေးစက်စက် အရာ၀တ္ထုသေးသေးလေးတစ်ခုရဲ့ အထိအတွေ့ကို လက်ထဲမှာခံစားမိလိုက်တယ်။ ကျွန်မလက်ကိုသူ့ဆီကပြန်ဆွဲယူပြီး ဆုပ်ထားတဲ့လက်သီးဆုပ်လေး ကို ဖွင့်ကြည့်လိုက်တော့… ” အို ” … ကျည်ဆံလေးတစ်တောင့်ပါလား…… ပြီး။